TLT Tv||- နိုဝင်ဘာလ (၁၃) ရက် ည ၈ နာရီသတင်း တိုက်ရိုက်ထုတ်လွှင့်မှု
https://youtu.be/2EF5vTVrkH4
https://youtu.be/2EF5vTVrkH4
စစ်တွေ- နိုဝင်ဘာ ၁၃ ဒီနေ့ နိုဝင်ဘာ ၁၃ ရက်မှာ စတင်လိုက်တဲ့ ရခိုင်စစ်ပွဲပထမဆုံးရက်မှာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့် တပ်တော် (ULA/AA)က ရသေ့တောင်နဲ့ မောင်တောနယ်ခြားစောင့်စခန်းအပါအဝင် စစ်ကောင်စီစခန်းတချို့ကို သိမ်းပိုက်နိုင်လိုက်ပြီး စစ်တပ်အရာရှိတချို့ကိုပါ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။ “ နိုဝင်ဘာ ၁၃ ရက် ဒီနေ့မှာ မောင်တောနယ်ခြားစောင့်တပ်ကို သိမ်းပိုက်ရမိတယ်လို့ ကျွန်တော်တို့ မြေပြင်အေ ခြအနေတွေအရ…
ကျောက်ထု – နိုဝင်ဘာ ၁၃ မကွေးတိုင်း၊ကျောက်ထုအမြောက်တပ်က စစ်တပ်အရာရှိတစ်ဦးဟာ Yaw Revolution Army ကို စစ်လက်နက်ပစ္စည်းတွေနဲ့အတူ အလင်းဝင်လာတဲ့အတွက် ဆုငွေသိန်း ၅၀ ချီးမြင့်လိုက်တယ်လို့ YRA က တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၅ ရက်နေ့က ကျောက်ထုအမြောက်တပ်မှ ဒုအရာခံဗိုလ် ကျော်စိုးလှိုင်ဟာ ဂန့်ဂေါခရိုင်တပ်ရင်း(၁၅၊၁၆၊၁၇)-YRA ထီးလင်းကို လက်နက်ခဲယမ်းတွေနဲ့…
စစ်တွေ – နိုဝင်ဘာ ၁၃ ရခိုင်ပြည်နယ်အတွင်းက စစ်ကောင်စီတပ်စခန်းတွေကို AA စတင်တိုက်ခိုက်ပြီးနောက် ကုန်စျေးနှုန်းတင်ရောင်းချသူတွေကို အရေးယူဆောင်ရွက်မယ်လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က သတိပေးထားပါတယ်။ ဒီနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့ မနက်ပိုင်းကစပြီး ရခိုင်ပြည်နယ်အတွင်းက ရသေ့တောင်မြို့နယ် အနောက်တောင်ပိုင်း မေယုကမ်း၊ဒုံးပိုက်နဲ့ ချိန်ခါလီနယ်ခြားစောင့် စခန်းတွေကို ရက္ခိုင့်တပ်တော် AA က စတင်ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က “ကုန်စျီးနှုန်းတင်ရောင်းချသူများအားယဥ်ကျေးလိမ္မာသင်တန်းသစ် စတင်ပို့ချမည်ဖြစ်သည်”…
မော်လမြိုင် – နိုဝင်ဘာ ၁၂ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်ရှစ်မြို့နယ်ကို စစ်အုပ်ချုပ်ရေး(Martial Law) နယ်မြေတွေအဖြစ် သတ်မှတ်လိုက်ပြီလို့ စစ်ကောင်စီကဒီနေ့ နိုဝင်ဘာ ( ၁၂)ရက်နေ့ မှာ ဝါဒဖြန့်ရုပ်သံသတင်းတွေကနေ ကြေညာလိုက်ပါတယ်။ အဲဒီသတင်းတွေမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ယနေ့(နိုဝင်ဘာ ၁၂ ရက်)မှာ ရှမ်းပြည်နယ် မြောက်ပိုင်းရှိ အဲဒီမြို့နယ်ရှစ်မြို့နယ်ကို စစ်အုပ်ချုပ်ရေး(Martial Law) နယ်မြေတွေအဖြစ် သတ်မှတ်လိုက်ကြောင်း အမိန့်ထုတ်ပြန်လိုက်တာပါ။…
https://youtu.be/0DtRHN8ybnU
တနင်္သာရီ၊ နိုဝင်ဘာ ၁၂ တနင်္သာရီတိုင်းမှာ အာဏာသိမ်းကာလအတွင်း လက်နက်ကိုင်ပဋိပက္ခတွေနဲ့အတူ နှစ်ဖက်တိုက်ပွဲတွေကြောင့် စစ်ရှောင်ဒုက္ခသည် ၅၅,၀၀၀ ကျော်အထိ ထပ်တိုးလာတယ်လို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ FE5 Tanintharyi က နိုဝင်ဘာ ၁၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ FE5 Tanintharyi ရဲ့ အစီရင်ခံစာအရ တနင်္သာရီတိုင်းမှာ စစ်ရှောင်ပြည်သူ ၄၅,၀၀၀ ကျော်ရှိနေပြီး အောက်တိုဘာလအတွင်း စစ်ရှောင်တစ်သောင်းကျော် ထပ်တိုးလာတဲ့အတွက်…
လွိုင်ကော်၊ နိုဝင်ဘာ ၁၂ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF နဲ့ မဟာမိတ်တပ်ဖွဲ့တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့တွေဟာ နိုဝင်ဘာ ၁၁ ရက်နေ့ကစပြီး ကယားပြည်နယ်(ကရင်နီ)မှာ စခန်းသိမ်း တိုက်ပွဲတွေ စတင်ဆင်နွှဲနေတာပါ။ တော်လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့တွေဟာ နိုဝင်ဘာ ၁၁ ရက်နေ့ မနက် ၆ နာရီခွဲလောက်မှာ ကယားပြည်နယ်ရှိ မြို့တော်လွိုင်ကော်အနီးဝန်းကျင်ရှိ စစ်ကောင်စီတပ်စခန်းတွေကို စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာပါ။…
မော်လမြိုင်၊ နိုဝင်ဘာ ၁၂ နိုင်ငံနေရာအနှံ့က တပ်စခန်းတွေ ဆက်တိုက်သိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီဟာ မွန်ပြည်နယ်ရဲ့ မြို့ နယ်အများစုမှာ လုံခြုံရေးတိုးမြှင့်ပြီး စစ်ဆေးမှုတွေ တင်းကျပ်ထားတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီဟာ တော်လှန်ရေးအင်အားစုတွေ လှုပ်ရှားမှုအားကောင်းတဲ့ မွန်ပြည်နယ်ရဲ့ ကျိုက်ထို၊ဘီးလင်း၊သထုံ၊ ကျိုက်မရောနဲ့ရေးမြို့နယ်တို့မှာ လုံခြုံရေးတိုးမြှင့်ထားသလို ခံစစ်အတွက် ကြိုတင်ပြင်ဆင်မှုတွေလည်း လုပ်ဆောင်နေတာပါ။…
သထုံ၊ နိုဝင်ဘာ ၁၂ မွန်ပြည်နယ်၊ သထုံမြို့နယ် ပိန္နဲတောကျေးရွာထဲကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦး သေဆုံးပြီး၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပိန္နဲတောကျေးရွာမှာ အခြေစိုက်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို နိုဝင်ဘာ ၁၀ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့က ဒရုန်းနဲ့ သွားရောက်တိုက်ခိုက်ခဲ့ပါတယ်။…