မွန်ပြည်နယ်မှာ စက်သုံးဆီပြတ်လပ်မှု ပိုမိုဆိုးဝါးလာ
မော်လမြိုင်၊ နိုဝင်ဘာ ၁၄ မွန်ပြည်နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်အများစုမှာ အခုရက်ပိုင်းအတွင်း စက်သုံးဆီပြတ်လပ်မှု ဆိုးဆိုးဝါးဝါးဖြစ်ပေါ်နေသလို လုံးဝဆီပြတ်လပ်သွားတဲ့ဆိုင်တွေလည်း ရှိနေတယ်လို့ စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စက်သုံးဆီပြတ်လပ်မှုကို မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့နိုဝင်ဘာ ၁၀ ရက်နေ့ကစပြီး ဖြစ်ပေါခဲ့ကာ ရန်ကုန်အပါအဝင် မြို့ကြီးတွေမှာလည်း စက်သုံးဆီပြတ်လပ်မှုနဲ့ ကြုံနေရတာပါ။ စက်သုံးဆီပြတ်လပ်မှုဟာ ခရီးသွားလာမှုများလာတာ၊ သယ်ယူပို့ဆောင်ရေးဖို့ ခက်ခဲလာတာ၊ လျှပ်စစ်မီးမမှန်တာကြောင့် စက်ရုံအလုပ်ရုံတွေမှာ…