November 2023

ရခိုင်မှာ လက်နက်ချ အညံ့ခံဖို့ ငြင်းဆန်တဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ ၅ ဦးသေဆုံး

မောင်တော – နိုဝင်ဘာ ၁၅ ရက္ခိုင့်တပ်တော် AA က လက်နက်ချအညံ့ခံဖို့ အသိပေးထားပေမယ့် လက်ခံမှုမရှိတဲ့ စစ်ကောင်စီ တပ်တွေကို လိုက်လံတိုက်ခိုက်ခဲ့တဲ့အတွက် စစ်တပ်ဘက်က ၅ ဦးသေဆုံးခဲ့ တယ်လို့ သတင်း ထုတ်ပြန်ထားပါတယ်။ ဒီနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့ မနက်အစောပိုင်းက ရခိုင်ပြည်နယ် မောင်တော ကံပြင်သာစည်ရွာ အရှေ့မြောက် ၃.၃ ကီလိုမီတာအကွာအဝေးမှာ…

လွိုင်ကော် တက္ကသိုလ်တိုက်ပွဲမှာ စစ်တပ်ဘက်က ၁၁၀ ကျော်သေဆုံး၊စစ်သုံ့ပန်း ၃၈ ဦးဖမ်းဆီးရမိ

လွိုင်ကော် – နိုဝင်ဘာ ၁၅ ကယားပြည်နယ်၊ လွိုင်ကော်တက္ကသိုလ်အတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ကရင်နီ တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်တပ်ဘက်က ၁၁၀ ကျော်သေဆုံးခဲ့တယ်လို့ KNDF က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလ ၁၁ ရက်နေ့က စတင်ခဲ့တဲ့ ၁၁၁၁ စစ်ဆင်ရေး တတိယနေ့နဲ့ စတုတ္ထနေ့မှာ လွိုင်ကော်တက္ကသိုလ်အတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်မ-၆၆ လက်အောက်ခံ…

ကျွန်းစုတိုက်ပွဲကြောင့် ဒေသခံထောင်ချီ စစ်ရှောင်နေရ

ကျွန်းစု၊ နိုဝင်ဘာ ၁၅ တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်တို့ကြား တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ရှောင်ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ နိုဝင်ဘာ ၁၃ ရက်နေ့ကစပြီး တပ်အင်အား ၆၀ ကျော်ပါတဲ့ စစ်ကောင်စီ၊ပျူစောထီးပူးပေါင်းအဖွဲ့က စစ်ကြောင်းထိုးလာတာကြောင့် မင်းဂုတ်ရွာနဲ့မောင်းလှော်ကျေးရွာတွေအနီးမှာ ဒေသကာကွယ်ရေးပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။ အဲဒီတိုက်ပွဲကြောင့် မင်းဂုတ်၊ မောင်းလှော်၊ ပြင်ဝန်း၊ ဝါရစ်ကျေးရွာတွေက…

စစ်အာဏာသိမ်း (၁၀၁၇) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၁၈၄) ဦးအထိရှိလာ

မော်လမြိုင်၊ နိုဝင်ဘာ(၁၅) AAPP ရဲ့ နိုဝင်ဘာ(၁၄)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၀၁၇) ရက်အတွင်း ပြည်သူ (၄၁၈၄) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၅၄၀၇) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၇၂၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး…

ပို့ကုန်ရငွေတွေ ဘဏ်စာရင်းမသွင်းရင် ထိရောက်စွာအရေးယူမယ်လို့ စစ်ကောင်စီဗဟိုဘဏ် ခြိမ်းခြောက်

နေပြည်တော်၊ နိုဝင်ဘာ ၁၅ ပြည်ပနိုင်ငံတွေထံ တင်ပို့တဲ့ကုန်ပစ္စည်းတွေမှ ရရှိလာတဲ့ ပို့ကုန်ရငွေတွေကို ဘဏ်စာရင်းထဲ ထည့်သွင်းဖို့ ပျက်ကွက်ပါက ထိရောက်စွာ အရေးယူဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်က ခြိမ်းခြောက်လာတာပါ။ ပို့ကုန်ရငွေတွေကို နိုင်ငံခြားဘဏ်ငွေစာရင်းထဲ မဖြစ်မနေထည့်သွင်းကြဖို့နဲ့ ထည့်သွင်းဖို့ ပျက်ကွက်ပါက နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေအရ အရေးယူသွားမယ်လို့ စစ်ကောင်စီဗဟိုဘဏ်က နိုဝင် ဘာ ၁၁ ရက်နေ့ မှာ…

မွန်ပြည်နယ်မှာလည်း စခန်းသိမ်းတိုက်ပွဲတွေ ဖြစ်လာနိုင်တယ်လို့ အကဲခတ်တွေပြော

မော်လမြိုင်၊ နိုဝင်ဘာ ၁၅ တစ်နိုင်ငံလုံးနီးပါးရှိ စစ်ကောင်တပ်စခန်းတွေ မြို့တွေကို EAO တွေနဲ့ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တို့ ထိုးစစ်ဆင်တိုက်ခိုက်နေချိန်မှာ မွန်ပြည်နယ်မှာလည်း စခန်းသိမ်းတိုက်ပွဲတွေ ဖြစ်လာနိုင်တယ်လို့ စစ်ရေးအကဲခတ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်တပ်အာဏာသိမ်းယူမှု ၃ နှစ်နီးပါးမှာ စစ်ကောင်စီရဲ့အရှိုက်ကို ထိုးနှက်နိုင်ခဲ့တဲ့ ရှမ်းပြယ်နယ်မြောက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ကရင်နီ၊ ချင်း၊ စစ်ကိုင်း၊ မကွေးနဲ့ ရခိုင်မှာလည်း စစ်ကောင်စီတပ်စခန်းတွေ…

ကျိုက်မရော ချောင်းနှစ်ခွဒေသမှာ တိုက်ပွဲဆက်ဖြစ်နေ

ကျိုက်မရော၊ နိုဝင်ဘာ ၁၅ တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွဒေသမှာ နိုဝင်ဘာ ၁၄ ရက်နေ့မှာလည်း နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ဒေသခံတွေနဲ့ မြေပြင်သတင်းအရင်းအမြစ်တွေကနေ သိရပါတယ်။ ချောင်းနှစ်ခွကျေးရွာရှိ စစ်ကောင်စီ ချောင်းနှစ်ခွနယ်မြေရဲစခန်းနဲ့ တံတားဂိတ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA အပါအဝင် တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တွေက နိုဝင်ဘာ ၁၀ ရက်နေ့မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ အဲဒီနောက်…

KNU နယ်မြေထဲ လက်နက်ကြီးကျလို့ အရပ်သား ၁ ဦးသေဆုံး ၃ ဦး ဒဏ်ရာရ

ညောင်လေးပင်၊ နိုဝင်ဘာ ၁၅ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၃) ညောင်လေးပင်ခရိုင်အုပ်ချုပ်နယ်မြေထဲကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၁ ဦးသေဆုံးခဲ့ပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။ နိုဝင်ဘာ ၁၂ ရက်နေ့က KNU မုန်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် သင်နှီးကျောင်းရွာက ဒေသခံ ၂ ဦး ကျည်စထိမှန်ဒဏ်ရာရခဲ့ပြီး…

G7 ဟာ စစ်အေးခေတ်ရဲ့ အကြွင်းအကျန်အဖွဲ့ဖြစ်တယ်လို့ မြောက်ကိုရီးယား ဝေဖန်

ဆိုးလ်၊ နိုဝင်ဘာ ၁၅ G7 ဟာ သူတို့ကိုယ်ပိုင်အကျိုးစီးပွားကြောင့် ပဋိပက္ခတွေ ဖြစ်ပေါ်စေပြီး အခြားသောနိုင်ငံတွေရဲ့ အချုပ်အခြာအာဏာကို ထိပါးနေတဲ့ စစ်အေးခေတ် အကြွင်းအကျန်သာဖြစ်တယ်လို့ မြောက်ကိုရီးယားက ဝေဖန်လိုက်ကြောင်း KCNA သတင်းဌာနက ဖော်ပြပါတယ်။ လွန်ခဲ့တဲ့ ရက်သီတင်းပတ်အတွင်း G7 နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ထုတ်ပြန်ချက်ဟာ နိုင်ငံတွေရဲ့ ကိုယ်ပိုင်လုံခြုံ‌ရေးနဲ့ အချုပ်အခြာအာဏာကို ရှုတ်ချတဲ့ ထုတ်ပြန်ချက်ဖြစ်ကြောင်း ပြုံယမ်းရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန၊…