November 2023

မြန်မာ့အရေး ရုန်းကန်နေရတဲ့ အာဆီယံက ဂါဇာတိုက်ခိုက်မှု အဆုံးသတ်ဖို့ တောင်းဆို

ဂျာကာတာ၊နိုဝင်ဘာ ၁၇ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်တွေ ချုပ်ငြိမ်းအောင်လုပ်ဆောင်ဖို့ ရုန်းကန်နေရတဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက အစ္စရေး-ဟားမတ်စ်စစ်ပွဲ အဆုံးသတ်ဖို့နဲ့ ဂါဇာမှာ လူသားချင်းစာနာ ထောက်ထားရေးအကူအညီရရှိဖို့ တောင်းဆိုလိုက်ပါတယ်။ ဒီသီတင်းပတ်ထဲမှာ အာဆီယံခေါင်းဆောင်တွေ ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို လိုက်နာဖို့ ပျက်ကွက်တဲ့ မြန်မာစစ်ကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီး တက်ရောက်ခွင့်မရတဲ့ အာဆီယံကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေးမှာ တောင်းဆိုခဲ့ပါတယ်။ “မြန်မာနိုင်ငံမှာ ဆိုးရွားနေတဲ့…

ကောလင်းမြို့အတွင်း ပြည်သူတွေဝင်ရောက်နေထိုင်နိုင်ပြီလို့ အုပ်ချုပ်ရေးအဖွဲ့အသိပေး

ကောလင်း – နိုဝင်ဘာ ၁၆ စစ်ကိုင်းတိုင်း၊ကောလင်းမြို့နယ်အတွင်းကို ပြည်သူတွေ ဝင်ရောက်နေထိုင်နိုင်ပြီဖြစ်တယ်လို့ အရေးပေါ် အုပ်ချုပ်ရေးဆိုင်ရာ ခရိုင်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့က နိုဝင်ဘာလ ၁၄ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။ ကောလင်းခရိုင် အရေးပေါ်အုပ်ချုပ်ရေးဆိုင်ရာ ခရိုင်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ကို ​NUG အစိုးရ ကြားကာလ ဒေသန္တရအုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အမိန့် အမှတ် ၁/၂၀၂၃ နဲ့ ဖွဲ့စည်းခဲ့တာပါ။ ပြီးခဲ့တဲ့…

တိုင်းမွေးနေ့ပွဲ ကျင်းပနေတဲ့ မော်လမြိုင်မြို့ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုက်ခိုက်ခံရ

မော်လမြိုင်၊နိုဝင်ဘာ ၁၆ မွန်ပြည်နယ်၊ မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဟာ ဒီနေ့ ညနေ ၆ နာရီအချိန်ခန့်က လက်နက်ကြီး ဒါမှမဟုတ် ဒရုန်းနဲ့တိုက်ခိုက်ခံခဲ့ရပြီး အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ အရှေ့တောင်တိုင်းစစ်ဌာနချုပ်(ရတခ)အတွင်း ၆၂ နှစ်ပြည့် တိုင်းမွေးနေ့ပွဲ ကျင်းပနေစဉ် လက်နက်ကြီး နှစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး နောက်တစ်လုံးဟာ တိုင်းအရှေ့ရခိုင်ကုန်ဈေးအနီး ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။…

လွိုင်ကော်တက္ကသိုလ် ဝန်ထမ်းတွေကို အဓမ္မဖမ်းဆီးတယ်ဆိုတဲ့ စစ်ကောင်စီစွပ်စွဲချက် တော်လှန်ရေးအင်အားစုတွေငြင်းဆို

လွိုင်ကော် – နိုဝင်ဘာ ၁၆ ကယားပြည်နယ်၊လွိုင်ကော်တက္ကသိုလ်ဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေကို ကရင်နီတော်လှန်ရေး ပူးပေါင်းအဖွဲ့က အဓမ္မဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ စစ်ကောင်စီဝါဒဖြန့် သတင်းစာတွေမှာ စွပ်စွဲတာဟာ မဟုတ်မှန်ဘူးလို့ ကရင်နီတော်လှန်ရေးအင်အားစုတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မြန်မာ့အလင်းသတင်းစာမှာ စစ်ကောင်စီနဲ့ အဖွဲ့အစည်း ၂၀ လောက်က အဲဒီလုပ်ရပ်ကို ရှုတ်ချတယ်လို့ ဖော်ပြလာတာဖြစ်ပြီး ဒီပြောဆိုချက်တွေဟာ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်သာဖြစ်သလို ကယ်ထုတ်ထားသူတွေကို ကောင်းမွန်စွာ စောင့်ရှောက်ထားတယ်လို့…

ရခိုင်ပြည်နယ်ပေါက်တောမြို့ကို စစ်ကောင်စီက ရေကြောင်းရော၊ လေကြောင်းပါအသုံးပြုပြီးတိုက်ခိုက်လာလို့ မြို့လုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရ

ပေါက်တော၊ နိုဝင်ဘာ ၁၆ စစ်ကောင်စီတပ်တွေကို စခန်းသိမ်းတိုက်ပွဲတွေ စတင်နေပြီဖြစ်တဲ့ ရခိုင်ပြည်နယ် ပေါက်တောမြို့ကို ဒီနေ့ နိုဝင်ဘာ ( ၁၆ )ရက် နံနက်ပိုင်းမှာ ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ထိန်းချုပ်လိုက်ပြီး မကြာခင်မှာပဲ စစ်ကောင်စီတပ်ကနေ ရေကြောင်းရော၊ လေကြောင်းပါအသုံးပြုပြီး ပစ်ခတ်တိုက်ခတ်လို့ ပေါက်တော မြို့နေပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။ စစ်ကောင်စီဟာ စစ်ရေယာဉ်တွေ၊…

ချောင်းနှစ်ခွကျေးရွာ စစ်ရှောင်ဒေသခံတစ်ဦးနဲ့ ဆက်သွယ်မေးမြန်းချက်

“အိမ်ထဲမှာပိတ်မိနေတာ။ ထမင်းတွေလည်း ငတ်၊ ရေလည်း မချိုးရ၊ ကိုယ်အိမ်နားမှာပဲ လက်နက်ကြီးတွေကျ တယ်။ အသံကတော့ ဆူညံနေတာပဲ။ အိမ်ထဲ မှာဘာသံမှ မထွက်ရဲဘူး။ လုံခြုံတဲ့နေရာမှာပဲ ပုန်းနေရတာပေါ့” မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ချောင်းနှစ်ခွကျေးရွာရှိ ချောင်းနှစ်ခွနယ်မြေရဲစခန်းနဲ့ တံတားဂိတ်စခန်းကို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရာကနေ နိုဝင်ဘာ ၁၀ ရက်နေ့ ၁၄ ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။ အဲဒီတိုက်ပွဲကြောင့်…

ချောင်းနှစ်ခွဲတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း ၂၈ ဦး လက်နက်ချ အညံ့ခံ၊ ၂၂ ဦး သေဆုံး

ကျိုက်မရော၊ နိုဝင်ဘာ ၁၆ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွဒေသရဲ့ ၆ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၂၂ ဦးသေဆုံးပြီး ၂၈ ဦး လက်နက်ချအညံ့ခံတယ်လို့ စစ်ဆင်ရေးမှာ ပါဝင်တဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOF က သတင်းထုတ်ပြန်ပါတယ်။ နိုဝင်ဘာ ၁၀ ရက်ကစလို့ ချောင်းနှစ်ခွကျေးရွာရှိ ချောင်းနှစ်ခွနယ်မြေရဲစခန်းနဲ့ တံတားဂိတ်စခန်းကို KNLA၊ PDF ဒရုန်းတပ်ဖွဲ့ ပူးပေါင်းစစ်ကြောင်းတွေကတိုက်ခိုက်ခဲ့တာပါ။…

ထားဝယ်ပစ်ခတ်မှုအတွင်း လယ်ယာလုပ်သား ၄ ဦး ဖမ်းဆီးခံရ

ထားဝယ်၊ နိုဝင်ဘာ ၁၆ တနင်္သာရီတိုင်း၊ ထားဝယ်မြို့အဝင် အိမ်ရှေ့ပြင်စစ်ဆေးရေးဂိတ်အနီး ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုပြီးနောက် လယ်ယာလုပ်သား ၄ ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ နိုဝင်ဘာ ၁၀ ရက်နေ့ မနက် ၁၀ နာရီအချိန်ခန့်က ခရီးသွားပြည်သူတွေကို စစ်ဆေးနေတဲ့ ယာဉ်ထိန်းရဲအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးအင်အားစုအဖွဲ့က လာရောက်တိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန်…