November 2023

စစ်ကိုင်းတိုင်းအတွင်းရှိ Non-CDMတွေကို အလင်း၀င်ရောက်ကြဖို့ NUGထုတ်ပြန်

စစ်ကိုင်း၊ နို၀င်ဘာ ၁၇ တော်လှန်ရေးအင်အားစုတွေ သိမ်းယူထားတဲ့ စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ကောင်စီ လက်‌အောက်ခံ Non-CDM ၀န်ထမ်း​တွေကို သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေမှာ အလင်း၀င်ရောက်ကြဖို့ အမျိူသားညီညွတ်ရေး အစိုးရက အမိန့်ကြေညာစာထုတ်ပြန်လိုက်ပါတယ်။ အဲဒီအမိန့်ကြေညာစာကို နိုဝင်ဘာလ ၁၆ရက်နေ့က ထုတ်ပြန်လိုက်တာလည်းဖြစ်ပါတယ်။ မြို့သိမ်းတိုက်ပွဲ တိုက်ပွဲ‌တွေ ဆင်နွှဲနေနေတဲ့ တော် လှန်ရေးအင်အားစုတွေက မြန်မာနိုင်ငံအနှံမှာ စစ်ရေးလှုပ်ရှားမှုတွေကို အရှိန်အဟုန်မြင့်မားစွာနဲ့ “လုထုတော်လှန် ရေးလှိုင်း”…

ပုလောမြို့မရဲစခန်းက ရဲတပ်သားတစ်ဦး ဖမ်းဆီးခံရ

ပုလော၊ နိုဝင်ဘာ ၁၇ တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ် ပုလောမြို့မရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်သားတစ်ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ပုလောစစ်ကြောင်း (၁) က နိုဝင်ဘာ ၁၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ရဲတပ်သား အောင်ကိုဖြိုးကို ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်နေ့က ပုလောမြို့နယ် ပေါင်းကျေးရွာ ဘုရားတောင်အရှေ့မှာ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ပုလောမြို့မရဲစခန်းက ရဲတပ်သား…

စစ်အာဏာသိမ်း (၁၀၁၉) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၁၈၇) ဦးအထိရှိလာ

မော်လမြိုင်၊ နိုဝင်ဘာ(၁၇) AAPP ရဲ့ နိုဝင်ဘာ(၁၆)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၀၁၉) ရက်အတွင်း ပြည်သူ (၄၁၈၇) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၅၄၁၆) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၇၂၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး…

ချောင်းနှစ်ခွတိုက်ပွဲ စစ်ရှောင်ပြည်သူတွေ အရေးပေါ်စားနပ်ရိက္ခာနဲ့ဆေးဝါးလိုအပ်နေ

ကျိုက်မရော၊ နိုဝင်ဘာ ၁၇ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေဟာ အရေးပေါ်စားနပ်ရိက္ခာနဲ့ဆေးဝါး အကူအညီတွေ လိုအပ်လျက်ရှိနေတယ်လို့ စစ်ရှောင်ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်နေ့ကစလို့ ချောင်းနှစ်ခွကျေးရွာရှိ ချောင်းနှစ်ခွနယ်မြေရဲစခန်းနဲ့ တံတားဂိတ်စခန်းတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တာပါ။ နိုဝင်ဘာ ၁၀…

မော်လမြိုင်တက္ကသိုလ်က Non CDM ဝန်ထမ်းတွေ နေရာပြောင်းရွှေ့ နေထိုင်တာတွေရှိလာ

မော်လမြိုင်၊ နိုဝင်ဘာ ၁၇ ကယားပြည်နယ်ရှိ လွိုင်ကော်တက္ကသိုလ်ကို တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ပြီးနောက် မော်လမြိုင်တက္ကသိုလ်က Non CDM ဆရာ၊ဆရာမနဲ့ဝန်ထမ်းတချို့ နေရာပြောင်းရွှေ့ နေထိုင်တာတွေ ရှိလာတယ်လို့ သံလွင်တိုင်းမ်က စုံစမ်းသိရှိရပါတယ်။ စစ်ကောင်စီခန့် မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ်ဟာ နိုဝင်ဘာ ၁၅ ရက်နေ့က အရေးပေါ်အ စည်းအဝေးတစ်ရပ်ခေါ်ယူကျင်းပခဲ့ပြီး တက္ကသိုလ်အတွင်း လုံခြုံရေးတင်းကျပ်ဖို့နဲ့ အပြင်လူတွေ မဝင်ရောက်နိုင်အောင် စစ်ဆေးဖို့ ညွှန်ကြားလာတာပါ။…

မြိတ်ခရိုင်ရှိ စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်မှုအရှိန်မြှင့်မယ်လို့ ဒေသ PDF တွေပြော

မြိတ်၊ နိုဝင်ဘာ ၁၇ တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်းရှိ စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်မှုအရှိန်မြှင့်တင်သွားမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့ စစ်ရေးသတိရှိကြဖို့ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူတွေက တိုက်တွန်းလိုက်ပါတယ်။ တော်လှန်ရေးအင်အားစုတွေဟာ မြိတ်ခရိုင်အတွင်းရှိ မြိတ်၊တနင်္သာရီနဲ့ကျွန်းစုမြို့နယ်တို့က စစ်ကောင်စီတပ်စခန်းတွေကို စစ်ဆင်မှုမြှင့်တင်သွားဖို့ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေပြီး စစ်ကောင်စီဘက်ကကလည်း ခံစစ်အတွက် ပြင်ဆင်တာတွေ လုပ်ဆောင်နေတာပါ။ လတ်တလောမှာတော့ စစ်ကောင်စီတပ်စွဲထားတဲ့ နေရာတချို့ကို စတင်တိုက်ခိုက်နေပြီး နောက်ပိုင်းမှာ မြို့သိမ်းတိုက်ပွဲတွေအထိ…

အပစ်ရပ်အဖွဲ့တွေကို တိုက်ပွဲမှာပါဝင်ဖို့ မမျှော်လင့်ဘူးလို့ NUG ဒုကာဝန်ပြော

နေပြည်တော်၊ နိုဝင်ဘာ ၁၇ စစ်ကောင်စီနဲ့ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAO တွေကို နိုင်ငံတဝန်း ဖြစ်ပွားနေတဲ့ မြိုသိမ်းစခန်းသိမ်းတိုက်ပွဲတွေမှာ ပါဝင်လာဖို့ မမျှော်လင့်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေး ဒုဝန်ကြီး နိုင်ကောင်းရွက်က ပြောပါတယ်။ မွန်ပြည်နယ်အခြေစိုက် ရာမည FM ရဲ့ နိုဝင်ဘာ ၁၅ ရက်နေ့မှာ ထုတ်လွှင့်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့ ပတ်သက်ပြီး…

မကွေးပေါက် တိုက်ပွဲမှာ PDF ၂၁ ဦးကျဆုံးခဲ့ရ

ပေါက် – နိုဝင်ဘာ ၁၆ မကွေးတိုင်း၊ပေါက်မြို့နယ် ဇီးပြားရွာရဲစခန်းနဲ့ ပျူစောထီးတွေကို တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်ရဲ့ ပိတ်ဆို့တိုက်ခိုက်မှု ခံခဲ့ရတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ရဲဘော် ၂၁ ဦး ကျဆုံးခဲ့ရပြီး လက်နက်ငယ်တချို့ဆုံးရှုံးခဲ့တယ်လို့ မြိုင် ပ.က.ဖ က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၀ ရက်ကနေ ၁၅ ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း…

တရုတ်နဲ့ထိုင်ဝမ် ပြန်လည်ပေါင်းစည်းရေး အားပေးဖို့ ဘိုင်ဒန်ကို သမ္မတရှီ ပြော

ဘေဂျင်း နိုဝင်ဘာ ၁၇ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်အနေနဲ့ ထိုင်ဝမ်ကို လက်နက်ထောက်ပံ့နေတာ ရပ်တန့်ပြီး တရုတ်နဲ့ ပြန်လည်ပေါင်းစည်းရေး အားပေးဖို့ တရုတ်သမ္မတရှီကျင့်ဖျင်က တောင်းဆိုလိုက်ပါတယ်။ မနေ့ နိုဝင်ဘာ ၁၅ ရက်နေ့က ကမ္ဘာ့အင်အားကြီးနိုင်ငံ ခေါင်းဆောင်နှစ်ဦးရဲ့လေးနာရီအကြာ တွေ့ဆုံမှုပြီးနောက် သမ္မတရှီက တရုတ်-ထိုင်ဝမ်ပေါင်းစည်းရေး ရပ်တန့်လို့ရမှာ မဟုတ်ဘူးလို့ အမေရိကန်သမ္မတကို ပြောခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ အမေရိကန်ထိပ်တန်း အာဏာပိုင်တွေကလည်း…

ရုရှားတပ်တွေသိမ်းယူထားတဲ့ ခါဆွန်ဒေသမှာ ယူကရိန်းတပ်တွေ ဝင်ရောက်လှုပ်ရှားနေ

ကိဗ်၊ နိုဝင်ဘာ ၁၇ ယူကရိန်းတပ်ဖွဲ့တွေဟာ ကြီးမားတဲ့ဒီနီပရိုမြစ်ကို ဖြတ်ကျော်ကာ ခါဆွန်ဒေသရှိ ရုရှားသိမ်းပိုက်ထားတဲ့ နယ်မြေ တွေမှာ အဖွဲ့ငယ်တွေနဲ့ စစ်ဆင်ရေးလုပ်ဆောင်နေကြောင်း ရုရှားက နိုဝင်ဘာ ၁၅ ရက်နေ့က ဝန်ခံ ပြောဆိုခဲ့ ပါတယ်။ ယူကရိန်းအနေနဲ့ တိုက်ခိုက်ရေးလမ်းကြောင်းသစ်ဖွင့်ဖို့ ကြိုးစားနေတာဖြစ်ပြီး ရုရှားတပ်တွေ အဓိက အားနည်းနေတဲ့ ဒီနီပရိုမြစ်အရှေ့ဘက်ကမ်းကို ဝင်ရောက်ပြီးခြေကုပ်ယူလာတာလည်း ဖြစ်ပါတယ်။ ယူကရိန်းတပ်ဖွဲ့ဝင်တွေဟာ ရှုပ်ထွေးတဲ့ပထဝီဝင်အနေအထားရှိတဲ့…