မတူပီ – နိုဝင်ဘာ ၂၇
ချင်းပြည်နယ်၊မတူပီမြို့အခြေစိုက် စစ်ကောင်စီတပ်က တပ်သားနှစ်ဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာတဲ့အတွက် ဆုငွေချီးမြင့်ခဲ့တယ်လို့ CDF-Zotung က သတင်း ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၆ ရက်နေ့က အလင်းဝင်ရောက်လာတာဖြစ်ပြီးသူတို့ကို ဆုငွေ သိန်း ၁၀၀ ချီးမြှင့်ပေးခဲ့တယ်လို့ အသိပေးထားပါတယ်။
စစ်ကောင်စီတပ်သားနှစ်ဦးဟာ MA-1 သေနတ် ၁ လက်၊ကျည် ၃၈၀ တောင့်၊အီနာဂါဗုံးသီး ၅ လုံး၊ လက်ပစ်ဗုံး ၃ လုံး၊နင်းမိုင်း ၁ လုံး ကျည်ကာ ဦးထုပ် ၁ လုံးနဲ့ ကျည်ကာ အင်္ကျီ ၁ထည် ယူဆောင်လာတယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာတော့ လက်နက်ခဲယမ်းတွေနဲ့အတူ ပြည်သူတွေနဲ့ပူးပေါင်းခဲ့တဲ့ စစ်ကောင်စီတပ်သား နှစ်ဦးကို လုံခြုံတဲ့နေရာကို ပို့ဆောင်ပေးထားတယ်လို့ CDF-Zotung က အသိပေးထားပါတယ်။
မြန်မာနိုင်ငံကို စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူနဲ့ ပူးပေါင်းလာတဲ့ ရဲနဲ့စစ်သား နှစ်သောင်းနီးပါးအထိရှိလာပြီဖြစ်တယ်လို့ NUG ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
Photo: CDF-Zotung