Palestinians walk through destruction in Gaza City on November 24, as the temporary truce between Israel and Hamas took effect. Mohammed Hajjar/AP

ဂါဇာ၊ နိုဝင်ဘာ ၂၇

အစ္စရေးနဲ့ ပါလက်စတိုင်းအစ္စလာမ္မစ်အဖွဲ့ ဟားမတ်စ်တို့ရဲ့ ပြင်းထန်တဲ့ တိုက်ပွဲတွေကို ခေတ္တရပ်နားထားချိန် တတိယမြောက် ဓားစာခံ လဲလှယ်မှုတွေကို ပြုလုပ်ခဲ့ကြပြီး အပစ်ရပ်သက်တမ်းတိုးဖို့ ဟားမတ်စ်အဖွဲ့နဲ့ အစ္စရေးဓားစာခံတွေရဲ့ ဆွေမျိုးတွေက တောင်းဆိုနေကြပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၄ ရက်နေ့က စတင်ခဲ့ပြီး လေးရက်ကြာ အပစ်ရပ်ထားဖို့ အစ္စရေးနဲ့ ဟားမတ်စ်တို့က သဘောတူညီခဲ့ကြပြီး သဘောတူညီမှု တစိတ်တပိုင်းအဖြစ် ပါလက်စတိုင်းသား ၁၅၀ ကို အစ္စရေးဘက်က လွှတ်ပေးဖို့နဲ့ ဟားမတ်စ်ဖမ်းဆီးထားတဲ့ အစ္စရေးဓားစာခံ ၅၀ ကို လွှတ်ပေးဖို့ ကတိပြုထားကြတာပါ။

အစ္စရေးအစိုးရက ပါလက်စတိုင်း ၃၉ ဦးကို အကျဉ်းထောင်တွေကကနေ လွှတ်ပေးဖို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ ရက်နေ့မှာ ကြေညာခဲ့ပြီး အစ္စရေးနိုင်ငံသား ၁၄ ဦးနဲ့ ထိုင်းနိုင်ငံသား ၃ ဦးစုစုပေါင်း ၁၇ ဦးကို ဟားမတ်စ်ဘက်က ပြန်လွှတ်ပေးခဲ့ပါတယ်။

ပြန်လည်လွတ်မြောက်လာတဲ့ ဓားစာခံတွေထဲမှာ အစ္စရေး-ရုရှားနိုင်ငံသာ တစ်ဦးပါဝင်ပြီး အဲဒီ ဓားစာခံလွတ်မြောက်လာမှုဟာ ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ ကြိုးပမ်းအားထုတ်မှုအပေါ် တုံ့ပြန်မှုဖြစ်တယ်လို့ ဟားမတ်စ်အဖွဲ့ရဲ့ ပြောဆိုချက်ကို အစ္စရေးမီဒီယာတွေက ကိုးကားဖော်ပြ ထားပါတယ်။

လွှတ်ပေးတဲ့ ဓားစာခံတွေကို ဂါဇာကမ်းမြောင်မြောက်ပိုင်းရှိ ကြက်ခြေနီအဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး အရင်ပြောင်းရွှေ့မှုနှစ်ခုကိုတော့ ဂါဇာတောင်ပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီလွှဲပြောင်းမှုကို ဂါဇာမြောက်ပိုင်းမှာ ပြုလုပ်ခဲ့တာဟာ ဟားမတ်စ်တို့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို ချေမှုန်းနိုင်တော့မယ်ဆိုတဲ့ အစ္စရေးရဲ့ ပြောဆိုချက်ကို ငြင်းဆန်ဖို့ ကြိုးပမ်းမှုဖြစ်နိုင်တယ်လို့လည်း လေ့လာသူတွေက သုံးသပ်ထားပါတယ်။

ဟားမတ်စ်အဖွဲ့ဟာ ဒီတစ်ကြိမ်မှာ ဓားစာခံတွေကို အချိန်မှီနီးပါး လွှတ်ပေးခဲ့တာဖြစ်ပြီး အစ္စရေး နဲ့ သဘောတူညီချက်အရ ခွင့်ပြုထားတဲ့ ဂါဇာကမ်းမြောင်မြောက်ပိုင်းသို့ အကူအညီပေးရေး ထရပ်ကားတွေ အနည်းငယ်သာ ရောက်ရှိခဲ့တယ်လို့ဆိုကာ အဲဒီအဖွဲ့က နိုဝင်ဘာလ ၂၅ ရက်နေ့ မှာ ထုတ်ပြန်ချက်ကို ရွှေ့ဆိုင်းခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ဟားမတ်စ်အဖွဲ့ဟာ တိုက်ခိုက်မှုတွေရပ်တန့်ထားတဲ့ သဘောတူညီမှုကာလ သက်တမ်းမကုန်ဆုံးခင် တစ်ရက်အလိုမှာပဲ အပစ်ရပ်ထပ်မံတိုးမြှင့်ဖို့ ကြေညာချက်ကို ထုတ်ပြန်ခဲ့တာပါ။

ဟားမတ်စ်အဖွဲ့ဟာ သူတို့ရဲ့ လွှတ်လူအရေအတွက် တိုးမြှင့်လာစေဖို့ အစွမ်းကုန်အားထုတ်မှုအနေနဲ့ ခေတ္တရပ်နားတာကို သက်တမ်းတိုးဖို့ ကြိုးပမ်းနေတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ပြန်မလွှတ်ပေးရသေးတဲ့ အစ္စရေး ဓားစာခံတွေရဲ့ ဆွေမျိုးတွေကလည်း ရပ်နားမှုကို သက်တမ်းတိုးပေးဖို့ တောင်းဆိုနေကြတယ်လို့ သိရပါတယ်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ ရက်နေ့က ဂါဇာ ကမ်းမြောင်မှာရှိတဲ့ တပ်ဖွဲ့ဝင်တွေဆီ သွားရောက်လည်ပတ်ချိန်မှာ စစ်ရေးလုပ်ဆောင်ချက်တွေကို ဆက်လက်ဖော်ဆောင်သွားမယ်လို့ ထပ်မံအသိပေးထားပါတယ်။

Ref: NHK World

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.