ဆိုးလ်၊ နိုဝင်ဘာ ၂၈

မြောက်ကိုရီးယားက စစ်ထောက်လှမ်းရေးဂြိုလ်တုကို လွန်ခဲ့တဲ့ သီတင်းပတ်က ပစ်လွှတ်ခဲ့ပြီးနောက် ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားကင်းစင်ရေးကူညီဖို့ လိုလားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ဝမ်ဟာ သူ့ရဲ့ဆွေးနွေးဖက် တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ပက်ခ်ဂျင်နဲ့ နိုဝင်ဘာ ၂၇ ရက်နေ့က ဘူဆန်မြို့မှာ တွေ့ဆုံခဲ့ကြပါတယ်။

မြောက်ကိုရီးယားရဲ့ ဂြိုလ်တုပစ်လွှတ်မှုအပြီး နောက်ဆက်တွဲအနေနဲ့ နျူကင်းစင်ရေးလုပ်ဆောင်မှုတွေအတွက် အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ဖို့ တရုတ်နိုင်ငံကို တောင်းဆိုခဲ့တယ်လို့ တောင်ကိုရီးယား အစိုးရအရာရှိတွေက ဆိုပါတယ်။

မြောက်ကိုရီးယားရဲ့ ရန်စမှုတွေကို ရပ်တန့်ကာ နျူကလီးယားကင်းစင်ရေး လုပ်ဆောင်မှုဟာ တောင်ကိုရီးယားနဲ့ တရုတ်တို့ရဲ့ တူညီတဲ့ အကျိုးစီးပွားအတွက်ဖြစ်တယ်လို့လည်း အဲဒီအရာရှိတွေက ပြောဆိုခဲ့ပါတယ်။

ဘေဂျင်းအနေနဲ့ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍမှ အမြဲတစေပါဝင်ခဲ့ပြီး အရှေ့မြောက်အာရှရဲ့ တင်းမာမှုတွေကို လျော့ပါးစေဖို့ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဌာနက တုံ့ပြန်ခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ ကြီးမားတဲ့ အစီအစဉ်တွေလည်းရှိနေပြီး ပိုမိုမြင့်မားတဲ့အဆင့်တွေနဲ့ ချဉ်းကပ်သွားမယ်လို့လည်း ဝမ်က ထပ်လောင်းပြောခဲ့ပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ကျဆင်းနေတာကြောင့် သူ့ရဲ့စီးပွားရေး အလားအလာ အပေါ် မသေချာမရေရာမှုတွေ ကြီးထွားလာနေချိန်မှာ ဝမ်ရဲ့ အဲဒီမှတ်ချက်ဟာ တောင်ကိုရီးယားရဲ့ ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုအတွက် သူ့ရဲ မျှော်လင့်ချက်ကို ဖော်ပြနေတာလို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

Ref: NHK World

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.