ရန်ကုန်၊ နို၀င်ဘာ ၂၂

ပြည်တွင်းဘဏ်တွေကနေ ငွေသားကျပ်သိန်း ၁၀၀၀ နဲ့အထက် ထုတ်ယူသူတွေ အားလုံးကို အနီးကပ် စောင့်ကြည့်ပြီး မသမာမှုမှာ ပါဝင်တယ်ဆိုရင် ချက်ချင်း အ ရေးယူသွားမယ်လို့ ဗဟိုဘဏ်က နို၀င်ဘာ ၂၀ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

ဘဏ်တွေက‌ ငွေသားအမောင့်များများ ထုတ်သူတွေကို ဗဟိုဘဏ်၊ စသုံးလုံးနဲ့ ငွေကြေးဆိုင်ရာ စုံစမ်း ထောက်လှမ်းရေးအဖွဲ့ (FIU) တို့က စောင့်ကြည့် အရေးယူသွားမယ်လို့ ပြောထားပါတယ်။

ပြည်သူတွေအနေနဲ့ ဘဏ်တွေကနေ ငွေသားကို လိုတာထက်ပိုပြီး ထုတ်ယူခြင်းဟာ သံသယဖြစ်ဖွယ် အခြေအနေတွေအတွက် တာဝန်ရှိသူတွေရဲ့ စောင့်ကြည့်ခြင်းကိုလည်း ခံရနိုင်တယ်လို့ ဆိုပါတယ်။

“ဘဏ်တွေနေက ငွေထုတ်များနေသည့် လူများအားလုံးကို ဗဟိုဘဏ်၊ စစစ၊ FIU တို့က အနီးကပ်ကြီးကြပ်စောင့်ကြည့်နေတာဖြစ်ပြီး ဈေးကစားမှုများ ပါဝင်ပတ်သက်နေပါက ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း” ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးလင်းအောင်က ပြောပါတယ်။

လက်ရှိမှာ ဘဏ်တွေကနေ ကျပ်သိန်း ၁၀၀၀ နဲ့အထက် ထုတ်ယူသူတွေရဲ့စာရင်းအချက်အလက်တွေကို ဗဟိုဘဏ်ရဲ့ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ (FIU) ထံကို ပေးပို့နေရတယ်လို့ ဆိုပါတယ်။

ဒါအပြင် စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်ရဲ့ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဦးလင်းအောင်က ငွေသားထုတ်ယူမှုကို ကန့်သတ်ထားတာမရှိသလို အပ်နှံငွေတွေကို အဆင်ပြေ‌အောင် ထုတ်ယူနိုင်ရေးအတွက် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

လက်တွေ့မှာ ငွေထုတ်ယူတဲ့အခါ လိုသလောက် ထုတ်ယူလို့ မရတာ၊အချိန်အကြာကြီး တန်းစီးစောင့်ရတာ၊ အကောင့်တစ်ခုကို သိန်းနှစ်ဆယ်ဘဲ ထုတ်ပေးတဲ့အပြင် လိုသလောက်မရဘူးလို့ ရန်ကုန်မြို့ခံတစ်ဦးကပြောပါတယ်။

ဒါအပြင် ဘဏ်တွေကနေ ပြည်သူတွေကို ငွေသားထုတ် ယူဖို့ လှုံ့ဆောင်ရေးသားကာ ဝါဒဖြန့်နေသူတွေကိုလည်း ဥပဒေပြဋ္ဌာန်းချက်တွေနဲ့အညီ ‌ပြစ်ဒဏ်များ ချမှတ်နိုင်ရန် တရား ဥပဒေစိုးမိုးရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်‌နေတယ်လို့ ဗဟိုဘဏ်က ပြောပါတယ်။

လက်ရှိမှာ ပြည်တွင်းက ပုဂ္ဂလိကဘဏ်တွေမှာ ပြည်သူတွေအနေနဲ့ ငွေသားထုတ်ယူမှုမှာ လိုအပ်တာထက်ပိုပြီး ငွေထုတ်ယူနေကြတယ်လို့ ဆိုပါတယ်။

\အခုလိုမျိုး ဘဏ်တွေက‌နေ မလိုအပ်ဘဲ ငွေသားထုတ်ယူမှုကြောင့် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က အတိုင်း ဘဏ်တွေကနေ ပြည်သူတွေအနေနဲ့ မိမိငွေ‌ေတွကို ရာခိုင်နှုန်း တစ်ရပ်ပေးပြီး လဲလှယ်ရယူခြင်းများကို ပြန်လည်ဖိတ်ခေါ်နေသလို ဖြစ်လာမယ်လို့ ဗဟိုဘဏ်က ပြောပါတယ်။

လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ပုဂ္ဂလိကဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်၊ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နဲ့ ခါမ်းပါတ်မြို့က ဘဏ်တွေမှာ လုပ်ငန်းလည်ပတ်နိုင်ခြင်းမရှိဘဲ ဆက်တိုက်ပိတ်သိမ်းနေတယ်လို့ သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ငွေကျပ်တန်ဖိုး ကျဆင်းတာ၊ ဘဏ်တွေကို ယုံကြည်မှု ကျဆင်းလာတာတွေကြောင့် ၂၀၂၁ ခုနှစ် မတ်လဝန်းကျင်မှာလည်း ဘဏ်တွေကနေ ငွေထုတ်ယူသူ အများအပြား ရှိခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.