November 22, 2023

ရုရှားကျူးကျော်စစ်ကြောင့် ယူကရိန်းအရပ်သားသေဆုံးသူ တစ်သောင်းကျော်အထိရှိလာ

ဂျီနီဗာ၊နိုဝင်ဘာ ၂၃ ရုရှားကျူးကျော်စစ်စတင်ချိန်ကစပြီး ယူကရိန်းနိုင်ငံမှာ အရပ်သား တစ်သောင်းကျော် သေဆုံးထားပြီး အဲဒီထဲက ထက်ဝက်လောက်ဟာ ရှေ့တန်းနဲ့ဝေးတဲ့နေရာတွေက ဖြစ်တယ်လို့ ကုလ လူ့အခွင့်အရေးရုံးက နိုဝင်ဘာ ၂၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ကုလသမဂ္ဂလူ့အခွင့်အရေးမစ်ရှင်က သေဆုံးသူတွေကို ထပ်မံအတည်ပြုနေပြီး အမှန်တကယ် သေဆုံးသူဦးရေဟာ ကောက်ယူရရှိထားတဲ့ စာရင်းထက်ပိုမိုများပြားနိုင်တယ်လို့လည်း ဆိုထားတာပါ။ အဲဒီအချက်အလက်တွေဟာ ကျူးကျော်ဝင်ရောက်ပြီးနောက် ပထမလတွေအတွင်း မြို့ခံတွေက အရပ်သားသေဆုံးမှု…

မလေးရှားက စာသင်ကျောင်းတွေကို ဗုံးဖောက်ခွဲမယ်လို့ ခြိမ်းခြောက်ခံရ

ကွာလာလမ်ပူ၊နိုဝင်ဘာ ၂၃ မလေးရှားနိုင်ငံမှာရှိတဲ့ စာသင်ကျောင်း ၁၉ ကျောင်းကို ဗုံးထောင်ဖောက်ခွဲမယ်လို့ အီးမေးလ်က တဆင့် ခြိမ်းခြောက်စာတွေ ပေးပို့ခံနေရပြီး ဒီဖြစ်စဉ်ဟာ လိမ်လည်လှည့်ဖြားမှုသာဖြစ်နိုင်တယ် လို့ ဒေသခံရဲတပ်ဖွဲ့က ပြောပါတယ်။ ကွာလာလမ်ပူ၊ဆီလန်ဂေါ၊ဂျိုဟာ၊ပီနန်၊ပီရက်နဲ့ နီဂရီ ဆမ်ဘီလန်မှာရှိတဲ့ စာသင်ကျောင်းတွေဟာ ခြိမ်းခြောက်စာပေးပို့တဲ့ အီးမေးလ်တွေကို လက်ခံရရှိခဲ့တယ်လို့ ရဲမှူးချုပ် တန်ဆရီ ရာဇာရူဒင် ဟူစိန်က ဆိုပါတယ်။ “Takstorer”လို့ အမည်ရတဲ့…

ထောက်လှမ်းရေးဂြိုလ်တုလွှတ်တင်ခဲ့တဲ့ မြောက်ကိုရီးယားနဲ့ စစ်ရေးသဘောတူညီချက်တချို့ ကိုရီးယား ဆိုင်းငံ့

ဆိုးလ်၊ နိုဝင်ဘာ ၂၃ မြောက်ကိုရီးယားရဲ့ ထောက်လှမ်းရေးဂြိုလ်တု လွှတ်တင်ပြီးနောက် ၂၀၁၈ ခုနှစ်က လက်မှတ် ရေးထိုးထားတဲ့ စစ်ရေးသဘောတူညီချက် တစ်စိတ်တစ်ပိုင်းကို ဆိုင်းငံ့လိုက်တယ်လို့ တောင်ကိုရီးယားက နိုဝင်ဘာ ၂၂ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။ နိုဝင်ဘာ ၂၁ ရက်နေ့က မြောက်ကိုရီးယားရဲ့ ပထမဆုံးအောင်မြင်ခဲ့တဲ့ ထောက်လှမ်းရေး ဂြိုလ်တုကို ကမ္ဘာ့ပတ်လမ်းအတွင်း လွှတ်တင်နိုင်ခဲ့သလို ထပ်မံလွှတ်တင်မှုတွေပြုလုပ်ဖို့လည်း ရှိနေတယ်လို့ သိရပါတယ်။…

ရခိုင်မှာ စစ်ဆင်ရေး ၁၀ ရက်အတွင်း စစ်ကောင်စီရဲ့ စခန်းပေါင်း ၄၀ ကျော်သိမ်းပိုက်ခံရ

ရခိုင်၊ နို၀င်ဘာ ၂၂ ရခိုင်ပြည်နယ်မှာ “၁၀၂၇ စစ်ဆင်ရေး” စတင်ခဲ့တဲ့ ၁၀ ရက်အတွင်း စစ်ကောင်စီ စခန်း ၄ ခုနဲ့ အခြားစွန့်လွှတ်လိုက်တဲ့ စခန်းပေါင်း ၄၀ ကျော်ကို ရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်ထားတယ်လို့ နို၀င်ဘာ ၂၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ စစ်ဆင်ရေးစတင်ခဲ့တဲ့ နို၀င်ဘာ ၁၃ ရက်နေ့နဲ့ ၁၄ ရက်နေ့မှာ ရသေ့တောင်မြို့နယ်၊…

လွိုင်ကော်မှာ ဖုန်းနဲ့အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံရ

လွိုင်ကော် – နိုဝင်ဘာ ၂၂ ကယားပြည်နယ်၊လွိုင်ကော်မြို့ကို မြေပြင်စစ်ပွဲတွေမှာ ရှုံးနိမ့်မှုနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီတပ်ဟာ အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ဖြတ်တောက်လိုက်တယ်လို့ ဒေသတွင်း သတင်းအချက် အလက်တွေအရ သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့က အက်တမ်၊မိုင်တဲနဲ့ အော်ရီဒူး ဖုန်းလိုင်းတွေစတင်ပြတ်တောက်သွားပြီးနောက် ဒီနေ့ နိုဝင်ဘာလ ၂၂ ရက်နေ့မှာတော့ MPT လိုင်းတွေပါဖြတ်တောက် ခံလိုက်ရတာပါ။…

ဘဏ်တွေကနေ ကျပ်သိန်း ၁၀၀၀ အထက် ငွေထုတ်သူတွေကို စောင့်ကြည့်မယ်လို့ ဗဟိုဘဏ်ပြော

ရန်ကုန်၊ နို၀င်ဘာ ၂၂ ပြည်တွင်းဘဏ်တွေကနေ ငွေသားကျပ်သိန်း ၁၀၀၀ နဲ့အထက် ထုတ်ယူသူတွေ အားလုံးကို အနီးကပ် စောင့်ကြည့်ပြီး မသမာမှုမှာ ပါဝင်တယ်ဆိုရင် ချက်ချင်း အ ရေးယူသွားမယ်လို့ ဗဟိုဘဏ်က နို၀င်ဘာ ၂၀ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ ဘဏ်တွေက‌ ငွေသားအမောင့်များများ ထုတ်သူတွေကို ဗဟိုဘဏ်၊ စသုံးလုံးနဲ့ ငွေကြေးဆိုင်ရာ စုံစမ်း ထောက်လှမ်းရေးအဖွဲ့ (FIU)…

စစ်ကိုင်းဖိုရမ် ပြောရေးဆိုခွင့်ရှိသူ ကိုစိုးဝင်းဆွေနဲ့ ဆက်သွယ်မေးမြန်းချက်

“တော်လှန်နေတာချင်းအတူတူ၊ အသက်ပေးနေရတာချင်းအတူတူ တိုင်းဆိုတဲ့ဖက်ဒရယ်ယူနစ်တွေက ပြည်နယ် ဖက်ဒရယ်ယူနစ်တွေကဲ့သို့ နိုင်ငံရေးတန်းတူ၊ နိုင်ငံရေးအဆင့်အ တန်း မရှိဘူးလားဆိုတဲ့ မေးစရာတစ်ခုလည်း ဖြစ်လာပါတယ်” အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၊ ဗဟိုအလုပ်ကော်မတီကနေ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်းနဲ့ မကွေးတိုင်းတို့ကနေ ဒီမိုကရေစီနည်းအရ ရွေးကောက်ခံ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တွေက လွှတ်တော်အင်္ဂါရပ်တွေနဲ့အညီ တိုင်းလွှတ်တော်ခေါ်ယူကျင်းပခဲ့တယ်လို့ နိုဝင်ဘာ ၁၇ ရက်နေ့မှာ ထုတ်ပြန်ပါ တယ်။ အဲဒီလွှတ်တော်အတွင်း ဥက္ကဋ္ဌ၊…

ကျိုက်ထိုမှာ လက်နက်ကြီးရန်ကြောင့် ဒေသခံ ၃၀၀၀ ကျော် တိမ်းရှောင်နေရ

ကျိုက်ထို၊ နိုဝင်ဘာ ၂၂ မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်ထဲကို စစ်ကောင်စီတပ်ကနေ နေ့စဉ်ရက်ဆက် လက်နက်ကြီးပစ်ခတ်နေတဲ့အတွက် ကျေးရွာ ၇ ရွာက ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU သထုံခရိုင်က နိုဝင်ဘာ ၂၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်နေ့ကစလို့ ပဲခူးတိုင်း ရွှေကျင်မြို့နယ်နဲ့ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ထဲ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကနေ…