မတူပီ – နိုဝင်ဘာ ၂၁

စစ်ကောင်စီတပ်ရဲ့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ကလေးငယ်တွေအပါအဝင် ပြည်သူတွေရဲ့ အသက်ဆုံးရှုံးမှုများလာတဲ့အတွက် စစ်ရေးအရှိန်ပိုမြှင့်သွားတော့မှာဖြစ်တယ်လို့ Chinland Defense Force -Matupi က သတင်းထုတ်ပြန်ထားပါတယ်။

ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ မတူပီ အနေနဲ့စစ်ရေးအရှိန်ပိုမြှင့်ပြီး စစ်အာဏာရှင်စနစ် ပျက်သုဉ်းတဲ့ အထိ တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ အသိပေးထားတာပါ။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်ညနေပိုင်းက မတူပီမြို့နယ် ဝေလူးကျေးရွာကို စစ်ကောင်စီဂျက်ဖိုက်တာ ၂ စီးဟာ ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့အတွက် ကလေးငယ် ၈ ဦး၊CDM ကျောင်းဆရာ ၁ ဦး၊ပြည်သူ ၂ ဦး စုစုပေါင်း ၁၁ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အရပ်သား ၄ ဦးဒဏ်ရာရရှိခဲ့ကာ လူနေအိမ် ၂၂ လုံးအပါအဝင် ဘုရားကျောင်း ၁ ကျောင်းနဲ့ စာသင်ကျောင်း ၂ ကျောင်း ထိခိုက်ပျက်စီူခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခံခဲ့တဲ့ ဝေလူးကျေးရွာဟာ စစ်ကောင်စီတပ်စွဲထားတဲ့ နေရာနဲ့ ၃၅ မိုင် ကွာဝေးပြီး အိမ်ခြေ ၆၀ အထက်ရှိကာ ပြည်သူတွေအေးချမ်းစွာ နေထိုင်တဲ့ ကျေးရွာတစ်ရွာဖြစ်တယ် လို့ အသိပေးထားပါတယ်။

CDF-Matupi ဟာ ကျေးရွာအတွင်း စခန်းချနေထိုင်တာနဲ့ စစ်ရေးလှုပ်ရှားတာ မရှိတဲ့နေရာဖြစ်ပြီး စစ်ကောင်စီက အခုလိုလေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာနဲ့ပတ်သက်ပြီး ကန့်ကွက်ထားပါတယ်။

မြန်မာနိုင်ငံကို စစ်ကောင်စီတပ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်ဟာ လက်နက်ကိုင်တော်လှန်ရေး အားကောင်းတဲ့နေရာဖြစ်ပြီး စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး၊လေယာဉ်နဲ့ မြေပြင်ထိုးစစ်တွေကြောင့် အရပ်သား ၁၀၀ ကျော်သေဆုံးထားတယ်လို့ AAPP မှာဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CDF Matupi

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.