နမ့်ဆန်၊ နို၀င်ဘာ ၂၁

တအာင်းပြည်နယ်၊ တပ်မဟာ (၂) စစ်ဒေသ၊ နမ့်ဆန်မြို့စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေး ၁ ဦးသေဆုံးပြီး ၄ ဦးထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က နို၀င်ဘာ ၂၁ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

နို၀င်ဘာ ၂၀ရက်၊ ည ၁၂ နာရီအချိန်ခန့်မှာ နမ့်ဆန်မြို့ စစ်ကောင်စီတပ်စခန်းမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးပစ်ခတ်မှုကြောင့် အုန်းစွမ်ကျေးရွာမှ ကလေး ၁ ဦးသေဆုံးခဲ့တဲ့အပြင် အရပ်သား ၄ ဦးဒဏ်ရာရှရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အုန်းစွမ်ကျေးရွာမှ အသက် (၁၄)နှစ်အရွယ် မလွေးမြသန္တာလင်း ကျည်စထိမှန်သေဆုံးခဲ့တဲ့အပြင် အသက်(၁၄)နှစ်အရွယ် လွေးမော်မော်စန်း၊ အသက်(၁၈)နှစ်အရွယ် မိုင်းရဲလင်းနောင်၊ အသက်(၄၈)နှစ်အရွယ် ယာမြညွှန့်နဲ့ အသက် (၅၀)အရွယ် တာထွန်းလှတို့အသီးသီး ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။ ‌‌‌‌‌‌‌‌‌‌‌‌‌‌

ပြီးခဲ့တဲ့ နို၀င်ဘာ ၁၉ ရက် နေ့လည်အချိန်ခန့်မှာလစစ်ကောင်စီတပ်ရဲ့ နမ့်ဆန်မြို့တပ်စခန်း၊ မိုင်းငေါ့တပ်စခန်းနဲ့ ကျောက်မဲမြို့တပ်စခန်းမှ မြို့သစ်ကျေးရွာထဲကို လက်နက်ကြီးဖြင့် ၃၂ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်တဲ့​နေရာတွေဟာ စစ်ရေးလှုပ်ရှားမှုနဲ့ တိုက်ပွဲတစုံတရာဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် နမ့်ဆန်မြို့နယ်ရှိ အ ရပ်သားပြည်သူအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက် ခိုက်ခြင်းဖြစ်တယ်လို့ TNLA ကထုတ်ပြန်ထားပါတယ်။

သတင်း-သံလွင်တိုင်းမ်

ဓာတ်ပုံ-TNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.