တီးတိန်၊ နို၀င်ဘာ ၂၁

ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ကနေဒီတောင်‌‌ရှိ စစ်ကောင်စီ တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ Zoland PDFက ထုတ်ပြန်ထားပါတယ်။

ဒီနေ့ မနက် ၄ အချိန်ခန့်မှာ တီးတိန်မြို့နယ် ကနေဒီတောင်ရှိ စစ်ကောင်စီတပ်စခန်းကို Zoland PDF က သွားရောက်တိုက်ခိုက်ခဲ့ရာ မနက် ၆ နာရီအချိန်ခန့်မှာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အနည်းဆုံး ၂ ဦးထက်မနည်း သေဆုံးပြီး ၁ ဦးဖမ်းဆီးရမိခဲ့တဲ့အပြင် ၄၀ မမ အပါအ၀င် လက်နက်ကြီးအချို့နဲ့ ကျည်ဆံအများအပြား သိမ်းဆည်းရမိခဲ့ပါတယ်။

ဒါအပြင် စစ်ကောင်စီဘက်က နေ့လည် ၁၂ နာရီအချိန်ခန့်မှာ Mi-35 လေယာဉ်ဖြင့် တိုက်ခိုက်ခဲ့ပြီး စခန်းသိမ်းတိုက်ပွဲအ‌‌တွင်း Zoland PDF မှာ ရဲဘော် ၁ ဦး ကျဆုံးသွားတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

သတင်း-သံလွင်တိုင်းမ်

ဓာတ်ပုံ- Zoland PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.