November 20, 2023

အလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ လာအိုက အာဆီယံလိုဂိုနဲ့ဆောင်ပုဒ် မိတ်ဆက်

ဗီယန်ကျင်း၊ နိုဝင်ဘာ ၂၁ ၂၀၂၄ ခုနှစ်မှာ အာဆီယံဥက္ကဌဖြစ်လာမယ့် လာအိုနိုင်ငံဟာ အလှည့်ကျတာဝန်ယူမှုနဲ့ပတ်သက်တဲ့ လိုဂို၊ ဆောင်ပုဒ်၊ ဝက်ဆိုက်နဲ့ အပြင်အဆင်တွေကို လာအိုအမျိုးသားရေဒီယိုမှ ထုတ်ပြန်လိုက်ပါတယ်။ လာအိုနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး ဆလမ်ဆေးကွန်မာဆစ်နဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေ၊ အေဂျင်စီတွေဟာ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှစတင်ပြီး အာဆီယံဥက္ကဌအဖြစ် ဆောင်ရွက်ဖို့ ပြင်ဆင်နေကြတာ ဖြစ်ပါတယ်။ လာမယ့် အာဆီယံရဲ့‌ဆောင်ပုဒ်ကတော့…

တရုတ်ဘက်က တိုက်ခိုက်လာနိုင်တဲ့နေရာတွေမှာ ဂျပန်စစ်ရေးလေ့ကျင့်

တိုခူနိုရှီးမား၊ နိုဝင်ဘာ ၂၁ အရှေ့တရုတ်ပင်လယ်အစွန်းမှာရှိတဲ့ ကျွန်းဆွယ်ကမ်းခြေတစ်ခုပေါ်မှာ ကုန်း-ရေနှစ်သွယ် ချေမှုန်းရေးယာဉ်တွေနဲ့ ဂျပန်က စစ်ရေးလေ့ကျင့်မှုဟာ တရုတ်ဘက်က တိုက်ခိုက်နိုင်ခြေရှိတဲ့ နေရာတွေကို တွန်းလှန်ဖို့ အသွင်ယူတိုက်ခိုက်မှုဖြစ်တယ်လို့ ဂျပန်စစ်ဘက်တာဝန်ရှိသူတွေက ပြောပါတယ်။ ဂျပန်နိုင်ငံဟာ တရုတ်၊ရုရှား၊မြောက်ကိုရီးယားနိုင်ငံတွေနဲ့ တင်းမာမှုတွေ မြင့်တက်နေချိန်မှာသူတို့ပိုင်တဲ့ တိုကူနိုရှီးမားကျွန်းပေါ်မှာ နိုင်ငံလုံးဆိုင်ရာအတိုင်းအတာနဲ့ ပြုလုပ်တဲ့ ၁၁ ရက်ကြာ စစ်ရေးလေ့ကျင့်မှုကို 05JX လို့ အမည်ပေးထားတာပါ။ အဲဒီစစ်ရေးလေ့ကျင့်မှုမှာ…

မြန်မာဟာ အာဆီယံအတွက် ပြဿနာဖြစ်တယ်လို့ ဖိလစ်ပိုင်သမ္မတပြော

မနီလာ၊ နိုဝင်ဘာ ၂၁ စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံထဲမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနေတာဟာ အာဆီယံအတွက် မြန်မာအရေး ဖြေရှင်းဖို့ ခက်ခဲတဲ့ ပြဿနာတစ်ခု ဖြစ်တယ်လို့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကိုစ့်က နိုဝင်ဘာ ၂၀ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ မြန်မာအရေး ဖြေရှင်းဖို့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ် ချမှတ်ထားပေမယ့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအပါအဝင် ပြဿနာတွေဟာ ရှုပ်ထွေးမှုတွေ ရှိနေတယ်လို့…

စစ်ကောင်စီတိုက်လေယာဉ်မှူးတစ်ဦးကို အရှင်ဖမ်းဆီးရမိ

မော်လမြိုင် – နိုဝင်ဘာ ၂၀ ကရင်နီတော်လှန်ရေးအင်အားစုတွေ ပစ်ခတ်မှုကြောင့် ပျက်ကျခဲ့တဲ့ စစ်ကောင်စီတိုက်လေယာဉ်ထဲ က လေထီးခုန်ချထွက်ပြေးခဲ့တဲ့ လေယာဉ်မှူး နှစ်ဦးထဲက တစ်ဦးကိုအရှင်ဖမ်းဆီးရမိပြီဖြစ်တယ်လို့ NUGအစိုးရက သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့က တော်လှန်ရေးတပ်ဖွဲ့တွေကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်စဉ် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ရဲ့ ပွိုင့် 5 သေနတ်နဲ့ ပစ်ခတ်မှုကြောင့် စစ်ကောင်စီ…

နောင်ချို ဒိုပင်ရဲစခန်း ဖျက်အားပြင်းဗုံးကြဲခံရ၊ စစ်သုံ့ပန်း လေးဦးသေဆုံး

နောင်ချို – နိုဝင်ဘာ ၂၀ ရှမ်းပြည်နယ်မြောက်ပိုင်း၊နောင်ချိုမြို့နယ် ဒိုပင်ရဲစခန်းကို စစ်ကောင်စီတပ်က နိုဝင်ဘာလ ၁၉ ရက်နေ့ ညပိုင်းက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ရဲစခန်းထဲမှာ ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်း ၄ ဦးသေဆုံးကာ ၁၀ ဦးဒဏ်ရာရရှိခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ထားပါတယ်။ ဒိုပင်ရဲစခန်းဟာ တအာင်းပြည်နယ် တပ်မဟာ ၂ စစ်ဒေသမှာတည်ရှိပြီး TNLA နဲ့…

ရှမ်းမြောက်စစ်ကောင်စီအကျဉ်းစခန်းတွေက လက်နက်ခဲယမ်းတွေသိမ်းဆည်းရမိ

နောင်ချို – နိုဝင်ဘာ ၂၀ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊နောင်ချိုမြို့နယ်မှာရှိတဲ့ လွင်ကြီး အကျဉ်းဦးစီးစခန်း၊ကျုအင်း အကျဉ်းဦးစီးစခန်း၊ဟိုခိုအကျဉ်းဦးစီးစခန်းနဲ့ ကုန်းစံ အကျဉ်းစီးစခန်း ၄ ခုက လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရမိခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့က တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PSLF/ TNLA) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေး တပ်မတော်(မန္တလေး)တို့က…