ဂျာကာတာ၊နိုဝင်ဘာ ၁၈

အင်ဒိုနီးရှားနိုင်ငံမှာ စစ်ရေးလေ့ကျင့်နေတဲ့ စစ်သုံးတိုက်လေယာဉ် နှစ်စီးပျက်ကျမှု ဖြစ်ပွားခဲ့ တဲ့အတွက် ပိုင်းလော့ ၂ ဦးအပါအဝင် ၄ ဦးသေဆုံးခဲ့တယ်လို့ လေတပ်ပြောရေးဆိုခွင့်ရှိသူက အတည်ပြုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်နေ့က တာဘိုပရော့ အပေါ့စား တိုက်ခိုက်ရေး လေယာဉ်နှစ်စင်းဟာ အရှေ့ဂျာဗားကနေ ထွက်ခွာလာပြီးနောက် စစ်ရေးလေ့ကျင့်ရေးနေစဉ် နာရီဝက်အကြာမှာပဲ ဆက်သွယ်ရေး ပြတ်တောက်သွားခဲ့တာပါ။

တိုက်လေယာဉ် နှစ်စီးပျက်ကျပြီးနောက် လေယာဉ်မှူးနှစ်ဦးနဲ့ တွဲဖက် လေယာဉ်မှူးနှစ်ဦးတို့ရဲ့ ရုပ်အလောင်းတွေကို ဂျာဗားအရှေ့ဘက်မှာရှိတဲ့ ဘရိုမိုတောင်အနီး တွေ့ရှိခဲ့ပြီး လေယာဉ် တွေ ဟာ မတ်စောက်တဲ့ တောင်စောင်းကို ဝင်တိုက်မိခဲ့တာဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါ တယ်။

စုံစမ်းစစ်ဆေးသူတွေကတော့ လေယာဉ်ပျံသန်းမှု အသံဖမ်းစက်တွေနဲ့ လေယာဉ်ရဲ့ တခြား အချက်အလက်တွေကို စစ်ဆေးနေတဲ့အတောအတွင်း အခင်းဖြစ်နေရာကို ရောက်ရှိနိုင်ဖို့ မရှိဘူးလို့ ခန့်မှန်းမှုတွေရှိနေပါတယ်။

“လေယာဉ်ပျက်ကျမှု စုံစမ်းစစ်ဆေးရေး အရာရှိတွေ ရောက်လာပြီးမှ ဖြစ်ပျက်ခဲ့တာကို အတိအကျသိရပါလိမ့်မယ်။ အသံဆက်သွယ်ရေး၊ ပျံသန်းမှုဒေတာ၊ အင်ဂျင်ဒေတာနဲ့ဗီဒီယိုတို့ပါ ရရှိပါလိမ့်မယ်”လို့ အင်ဒိုနီးရှားစစ်ရေး ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့ပါတယ်။

အင်ဒိုနီးရှားလေတပ်ကတော့ စစ်ရေးလေ့ကျင့်နေတဲ့ တိုက်လေယာဉ် နှစ်ဦး ပျက်ကျမှု ဖြစ်စဉ် အသေးစိတ်ကို လက်ရှိအချိန်အထိ ထုတ်ပြန်တာ မရှိသေးပါဘူး။

အင်ဒိုနီးရှားနိုင်ငံဟာ ကျွန်းထောင်ပေါင်းများစွာကို ဆက်သွယ်သွားလာဖို့ လေကြောင်းပို့ဆောင် ရေးအပေါ် မှီခိုနေရသလို လေကြောင်းအန္တရာယ်မကြာခဏ ဖြစ်ပွားနေတဲ့အတွက် ဝေဖန်မှုတွေ လည်းရှိနေပါတယ်။

ဒါ့အပြင် အင်ဒိုနီးရှားမှာ လွန်ခဲ့တဲ့ ၉ နှစ်အတွင်း စီးပွားရေးသုံး လေယာဉ် ၃ စင်းပျက်ကျခဲ့သေး တယ်လို့ သိရပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.