သည်ဟိတ်၊ နိုဝင်ဘာ ၁၈

မြန်မာနိုင်ငံဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်တယ်လို့ ဂမ်ဘီယာနိုင်ငံက ICJ မှာ တရားစွဲမှုမှာ ဥရောပ ၅ နိုင်ငံနဲ့ ကနေဒါတို့လည်း ပူးပေါင်းနိုင်ဖို့ ကြိုးပမ်းမှုတွေရှိနေတယ် လို့ အေပီသတင်းဌာနက ဖော်ပြထားပါတယ်။

အင်္ဂလန်၊ပြင်သစ်၊ဂျာမနီ၊နယ်သာလန်နဲ့ ဒိန်းမတ်တို့ဟာ ကြားဝင်စွက်ဖက်ကြောင်း ကြေညာချက် တင်သွင်းပြီး ကနေဒါကလည်း ပူးပေါင်းခဲ့သလို မော်ဒိုက်ကလည်း သီးခြားကြေညာချက်တင် သွင်းခဲ့တယ်လို့ နိုင်ငံတကာတရားရုံးက ဆိုထားပါတယ်။

တရားရုံး စည်းမျဉ်းစည်းကမ်းများ တင်သွင်းတဲ့ ထုတ်ပြန်ချက်အရ အဲဒီနိုင်ငံတွေဟာ ၂၀၁၉ ခုနှစ်က တင်ခဲ့တဲ့ ရိုဟင်ဂျာတွေအပေါ်ကျူးလွန်မှုမှာ တရားစွဲဆိုမှုတွေ ပြုလုပ်နိုင်မှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

တရားလိုပြုလုပ်ထားတဲ့ ဂမ်ဘီယာနဲ့ မြန်မာတို့ဟာ ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုင်ရာ တားဆီးတဲ့ ကွန်ဗင်းရှင်းမှာ ပါဝင်လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဝင်တွေဖြစ်ကြပြီး ကတိကဝတ် ပြုထားသူတွေဟာ အကောင်အထည်ဖော်ဖို့ တာဝန်ရှိတယ်လို့ စောဒကတက်ခဲ့သလို မြန်မာနိုင်ငံ ကိုလည်း ကွန်ဗင်းရှင်း ဖောက်ဖျက်ကြောင်း တရားရုံးက ကြေညာဖို့တောင်းဆိုထားပါတယ်။

အမှုကို ကြားနာဖို့ အချိန်ဇယားမရှိသေးပေမယ့် တရားရုံးက ဒီအခြေအနေကို စီရင်ပိုင်ခွင့်ရှိတယ်လို့ ဆုံးဖြတ်ထားတာပါ။

လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာသောင်းကျန်းသူတွေကို တိုက်ခိုက်ဖြိုခွင်းမှု ပြုလုပ်တဲ့ စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာ ၇ သိန်းကျော်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးခဲ့ရ ကာ မြန်မာစစ်တပ်က အစုလိုက်အပြုံလိုက် မုဒိမ်းကျင့် သတ်ဖြတ်မှုတွေနဲ့ နေအိမ်တွေကို မီးရှို့ ဖျက်ဆီးမှုတွေ ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲခံထားရတာဖြစ်ပါတယ်။

မြန်မာနိုင်ငံက အဲဒီအမှုကို ပယ်ချနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ ICJ က ဂမ်ဘီယာနဲ့ နိုင်ငံတွေကြား အငြင်းပွားမှုတွေကို အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ကိုယ်စား ဆောင်ရွက်နေတာသာဖြစ်တယ်လို့ ပြောထားပါတယ်။

ဒါ့အပြင် ဂမ်ဘီယာနိုင်ငံဟာ ဖြစ်ပွားခဲ့တဲ့ ကိစ္စရပ်တွေနဲ့ တိုက်ရိုက်ဆက်စပ်မှု မရှိတဲ့အပြင် အမှုမတင်ခင် နှစ်နိုင်ငံကြား တရားဥပဒေဆိုင်ရာ အငြင်းပွားမှုတွေမရှိတဲ့အတွက် အမှုတင်သွင်းခွင့် မရှိဘူးလို့ မြန်မာဘက်က တရားရုံးကိုတင်သွင်းခဲ့ပေမယ့် ပယ်ချခံထားရပါတယ်။

အပြည်ပြည်ဆိုင်ရာ တရားမျှတမှုဆိုင်ရာ တရားရုံးICJ က နိုင်ငံတွေကြား အငြင်းပွားမှုတွေ အပေါ် စည်းမျဉ်းတွေချမှတ်ခဲ့ကာ ICC အစိုးရရှေ့နေတွေကတော့ ရိုဟင်ဂျာတွေကို ကျူးလွန် ခဲ့တဲ့ ရာဇဝတ်မှုတွေကို ဆက်လက်စုံစမ်းနေတယ်လို့ သိရပါတယ်။

Ref: abcnews

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.