November 17, 2023

တိုင်းတပါးမြေကို တစ်လက်မတောင် ကျူးကျော်ထားတာမရှိဘူးလို့ တရုတ်သမ္မတ ပြော

ဆန်ဖရန်စစ္စကို၊ နိုဝင်ဘာ ၁၈ တရုတ်သမ္မတရှီကျင့်ဖျင်ဟာ သူ့နိုင်ငံအနေနဲ့ ပဋိပက္ခ ဒါမှမဟုတ် စစ်ပွဲကို လှုံ့ဆော်ခြင်းမရှိသလို နိုင်ငံရပ်ခြား နယ်မြေတွေကို တစ်လက်မတောင် ကျူးကျော်ထားတာမရှိဘူးလို့ နိုဝင်ဘာ ၁၆ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ တွေ့ဆုံပြီးနောက် နာရီပိုင်းအကြာ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင် ရွက်ရေး (APEC) ထိပ်သီးအစည်းအဝေးရဲ့ ဘေးဗန်းညစာစားပွဲမှာ ရှီက အခုလိုမှတ်ချက်စကား…

အင်ဒိုမှာ စစ်ရေးလေ့ကျင့်နေတဲ့ တိုက်လေယာဉ် နှစ်စီး ပျက်ကျ

ဂျာကာတာ၊နိုဝင်ဘာ ၁၈ အင်ဒိုနီးရှားနိုင်ငံမှာ စစ်ရေးလေ့ကျင့်နေတဲ့ စစ်သုံးတိုက်လေယာဉ် နှစ်စီးပျက်ကျမှု ဖြစ်ပွားခဲ့ တဲ့အတွက် ပိုင်းလော့ ၂ ဦးအပါအဝင် ၄ ဦးသေဆုံးခဲ့တယ်လို့ လေတပ်ပြောရေးဆိုခွင့်ရှိသူက အတည်ပြုပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်နေ့က တာဘိုပရော့ အပေါ့စား တိုက်ခိုက်ရေး လေယာဉ်နှစ်စင်းဟာ အရှေ့ဂျာဗားကနေ ထွက်ခွာလာပြီးနောက် စစ်ရေးလေ့ကျင့်ရေးနေစဉ် နာရီဝက်အကြာမှာပဲ ဆက်သွယ်ရေး ပြတ်တောက်သွားခဲ့တာပါ။ တိုက်လေယာဉ်…

မြန်မာကို ICJ မှာ တရားစွဲထားတဲ့ကိစ္စ ဥရောပ ၅ နိုင်ငံနဲ့ ကနေဒါ တို့ထပ်မံပူးပေါင်း

သည်ဟိတ်၊ နိုဝင်ဘာ ၁၈ မြန်မာနိုင်ငံဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်တယ်လို့ ဂမ်ဘီယာနိုင်ငံက ICJ မှာ တရားစွဲမှုမှာ ဥရောပ ၅ နိုင်ငံနဲ့ ကနေဒါတို့လည်း ပူးပေါင်းနိုင်ဖို့ ကြိုးပမ်းမှုတွေရှိနေတယ် လို့ အေပီသတင်းဌာနက ဖော်ပြထားပါတယ်။ အင်္ဂလန်၊ပြင်သစ်၊ဂျာမနီ၊နယ်သာလန်နဲ့ ဒိန်းမတ်တို့ဟာ ကြားဝင်စွက်ဖက်ကြောင်း ကြေညာချက် တင်သွင်းပြီး ကနေဒါကလည်း ပူးပေါင်းခဲ့သလို မော်ဒိုက်ကလည်း သီးခြားကြေညာချက်တင် သွင်းခဲ့တယ်လို့ နိုင်ငံတကာတရားရုံးက…

လွိုင်ကော်တရားရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ တရားရုံးမီးလောင်

လွိုင်ကော် – နိုဝင်ဘာ ၁၇ ကယားပြည်နယ်၊လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက် ဖဖော်လမ်းနဲ့ ၅ လမ်းထောင့်မှာရှိတဲ့ တရားရုံး မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ ဝင်ရောက် တိုက်ခိုက်ပြီးနောက် တရားရုံးမီးလောင်ခဲ့တယ်လို့ KNDF က သံလွင်တိုင်းမ် ကိုပြောပါတယ်။ ဒီနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့ မနက်ပိုင်းက လွိုင်ကော်ခရိုင်တရားရုံးအတွင်း နေရာ ၄ ခုမှာ…

ရွှေကျင်က စစ်တပ်စခန်းကို တော်လှန်ရေးပူးပေါင်းအဖွဲ့သိမ်းပိုက်

ရွှေကျင် – နိုဝင်ဘာ ၁၇ ပဲခူးတိုင်း၊ရွှေကျင်မြို့နယ် ကျားခေါင်းရွာအနီးက တောင်ပိုင်းတပ်စစ်ဌာနချုပ်လက်အောက်ခံ စစ်ကောင်စီ ခမရ ၃၅၁ တပ်ရင်းအခြေစိုက်ရာ တောင်ခြေရင်းစခန်းတစ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA တို့ပါဝင်တဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့က သိမ်းပိုက်ခဲ့ပါတယ်။ ဒီနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်က စခန်းစွန့်ခွာထွက်ပြေးသွားတဲ့ အတွက်သိမ်းပိုက်နိုင်ခဲ့တာပါ။ တိုက်ပွဲမှာ မိနစ်…

CDM လေတပ် တပ်ကြပ်ကြီး ဇေယျနဲ့ ဆက်သွယ်မေးမြန်းချက်

“ကျွန်တော်တို့ စစ်တပ်မှာက လူကိုတန်ဖိုးမထားဘူး။ လူရင်သေပါစေ ပစ္စည်းကိုပါအောင်ယူခဲ့။ တိုက်ပွဲတွေမှာ ဆို သေနတ်ကိုပြန်ရအောင်ဆွဲတယ်။ အလောင်းကိုမဆွဲဘူး။ မကယ်ဘူး။ လူကိုတန်ဖိုးမထားဘူး။ ဒါကိုစစ်သား တိုင်းက သိတယ်” ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်အထူးဒေသ (၁) ရှီးရှမ်းဒေသ၊မန်းလော်ရွာအုပ်စု ရန်ခွမ့်ရွာက ဒေသကွပ်ကဲမှု စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်း အမှတ်(၁၂၉) ခြေမြန်တပ်ရင်းဟာ မြန်မာစစ်တပ်သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် တပ်ရင်းတစ်ခုလုံး လက်နက်ချအလင်းဝင်ခဲ့ပါတယ်။ တပ်ရင်းမှူး…

မိုးဗြဲအခြေစိုက် စစ်တပ်စခန်း ၉ ခုကို တော်လှန်ရေးတပ်ဖွဲ့တွေသိမ်းပိုက်

မိုးဗြဲ – နိုဝင်ဘာ ၁၇ ကယားပြည်နယ်(ကရင်နီ)၊ မိုးဗြဲဒေသအခြေစိုက် စစ်ကောင်စီ ခမရ ၅၁၈ အပါအဝင် စစ်တပ် ခြေကုပ်စခန်း ၉ ခုနဲ့အတူ လက်နက်ခဲယမ်း အများအပြားသိမ်းယူနိုင်ခဲ့တယ်လို့ စစ်ဆင်ရေး မဟာမိတ်အင်အားစုတွေက သတင်းထုတ်ပြန်ထားပါတယ်။ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ၅ ရက်တာအတွင်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု အကြိမ် ၃၀ နီးပါးနဲ့ လက်နက်ကြီးအလုံးရေ ၅၀၀ ကျော်ပစ်ကူပေးခဲ့ပေမယ့်တော်လှန်ရေးအင်အားစုတွေ…

စစ်ကိုင်းတိုင်းအတွင်းရှိ Non-CDMတွေကို အလင်း၀င်ရောက်ကြဖို့ NUGထုတ်ပြန်

စစ်ကိုင်း၊ နို၀င်ဘာ ၁၇ တော်လှန်ရေးအင်အားစုတွေ သိမ်းယူထားတဲ့ စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ကောင်စီ လက်‌အောက်ခံ Non-CDM ၀န်ထမ်း​တွေကို သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေမှာ အလင်း၀င်ရောက်ကြဖို့ အမျိူသားညီညွတ်ရေး အစိုးရက အမိန့်ကြေညာစာထုတ်ပြန်လိုက်ပါတယ်။ အဲဒီအမိန့်ကြေညာစာကို နိုဝင်ဘာလ ၁၆ရက်နေ့က ထုတ်ပြန်လိုက်တာလည်းဖြစ်ပါတယ်။ မြို့သိမ်းတိုက်ပွဲ တိုက်ပွဲ‌တွေ ဆင်နွှဲနေနေတဲ့ တော် လှန်ရေးအင်အားစုတွေက မြန်မာနိုင်ငံအနှံမှာ စစ်ရေးလှုပ်ရှားမှုတွေကို အရှိန်အဟုန်မြင့်မားစွာနဲ့ “လုထုတော်လှန် ရေးလှိုင်း”…