မြိတ်၊ နိုဝင်ဘာ ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ တုံးဗျောကြီးကျေးရွာအုပ်စုထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ တော်လှန်ရေးအင်အားစုတွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
နိုဝင်ဘာ ၁၅ ရက်နေ့ မနက် ၈ နာရီခွဲအချိန်ခန့်မှာ အင်အား ၁၀၀ နီးပါးပါတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒေသပြည်သူ့ကာကွယ်ရေးပူပေါင်းတပ်တွေက မွေ့ရှောင်ကျေးရွာတံတားအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ၅ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တနင်္သာရီ ပကဖ ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ စစ်ကြောင်းဟာ ရှေ့ဆက်မတိုးဘဲ မွှေ့ရှောင်တံတား အနီးဝန်းကျင်မှာပဲ ဆက်လက်တပ်စွဲထားတဲ့အတွက် နှစ်ဖက်စစ်ဆေးရေး တင်းမာနေတယ်လို့ ဆိုပါတယ်။
တော်လှန်ရေးအင်အားစုတွေက တနင်္သာရီ၊ မြိတ်နဲ့ ကျွန်းစုမြို့နယ်တို့မှာ စစ်ရေးအရှိန်တိုးမြှင့်သွားမှာ ဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ စစ်ရေးသတိရှိကြဖို့ တိုက်တွန်ထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့ကလည်း ကျွန်းစုမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲကြောင့် ဒေသခံထောင်ချီ ထွက် ပြေးတိမ်းရှောင်နေရတာပါ။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Tanintharyi PDF