ဘေဂျင်း နိုဝင်ဘာ ၁၇

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်အနေနဲ့ ထိုင်ဝမ်ကို လက်နက်ထောက်ပံ့နေတာ ရပ်တန့်ပြီး တရုတ်နဲ့ ပြန်လည်ပေါင်းစည်းရေး အားပေးဖို့ တရုတ်သမ္မတရှီကျင့်ဖျင်က တောင်းဆိုလိုက်ပါတယ်။

မနေ့ နိုဝင်ဘာ ၁၅ ရက်နေ့က ကမ္ဘာ့အင်အားကြီးနိုင်ငံ ခေါင်းဆောင်နှစ်ဦးရဲ့လေးနာရီအကြာ တွေ့ဆုံမှုပြီးနောက် သမ္မတရှီက တရုတ်-ထိုင်ဝမ်ပေါင်းစည်းရေး ရပ်တန့်လို့ရမှာ မဟုတ်ဘူးလို့ အမေရိကန်သမ္မတကို ပြောခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အမေရိကန်ထိပ်တန်း အာဏာပိုင်တွေကလည်း သမ္မတနှစ်ဦးရဲ့ တွေ့ဆုံမှုမှာ ထိုင်ဝမ်းအရေးကို အဓိကထားဆွေးနွေးခဲ့ပြီး အဲဒီအရေးဟာ နိုင်ငံနှစ်ခုအကြား အမြင့်ဆုံးအန္တရာယ်ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းအရာဖြစ်တယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ငြိမ်းချမ်းတဲ့ ပြန်လည်ပေါင်းစည်းရေးအတွက်သာ တရုတ်တည်ရှိရတာဖြစ်တယ်လို့ သမ္မတရှီက ပြောခဲ့ပေမယ့် ဆွေးနွေးချိန်မှာ အင်အားသုံးဆောင်ရွက်မယ်ဆိုတဲ့ အခြေအနေအထိ ဆွေးနွေးမှု အရှိန်မြင့်ခဲ့တယ်လို့ အမေရိကန်ဘက်က ပြောပါသေးတယ်။

အဲဒီနောက် သမ္မတရှီရဲ့ အခြေအနေကို သိရှိပြီးဖြစ်တဲ့အတွက် အမေရိကန်အစိုးရအနေနဲ့ ဒေသတွင်းငြိမ်းချမ်းရေးအတွက် ဆက်လက်တည်ရှိနေဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။

အမေရိကန်သမ္မတက တရုတ်လိုချင်နေတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကျွန်းမှာ ကျင်းပမယ့် ရွေးကောက်ပွဲတွေကို လေးစားမှုရှိဖို့လည်း အသိပေးခဲ့တယ်လို့ သိရပါတယ်။

Ref: Agencies/cm

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.