ကောလင်း – နိုဝင်ဘာ ၁၆

စစ်ကိုင်းတိုင်း၊ကောလင်းမြို့နယ်အတွင်းကို ပြည်သူတွေ ဝင်ရောက်နေထိုင်နိုင်ပြီဖြစ်တယ်လို့ အရေးပေါ် အုပ်ချုပ်ရေးဆိုင်ရာ ခရိုင်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့က နိုဝင်ဘာလ ၁၄ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

ကောလင်းခရိုင် အရေးပေါ်အုပ်ချုပ်ရေးဆိုင်ရာ ခရိုင်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ကို ​NUG အစိုးရ ကြားကာလ ဒေသန္တရအုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အမိန့် အမှတ် ၁/၂၀၂၃ နဲ့ ဖွဲ့စည်းခဲ့တာပါ။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၆ ရက်နေ့က ကချင်လွတ်မြောက်ရေးတပ်မတော် KIA ၊ပြည်သူ့ကာကွယ်ရေး တပ်မတော် PDF၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပ.က.ဖ နဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ကောလင်းမြို့နယ်ကို သိမ်းပိုက်ခဲ့တာပါ။

သိမ်းပိုက်ထားတဲ့ ကောလင်းမြို့ကို ခရိုင်ကွပ်ကဲရေးမှူး ဦးဆောင်တဲ့ အဖွဲ့ဟာ နိုဝင်ဘာလ ၈ ရက်နေ့ ညနေ ၃ နာရီမှာတော့ ကောလင်းခရိုင် အရေးပေါ် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ကို လွှဲပြောင်းပေးအပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မြို့သိမ်းတိုက်ပွဲကာလအတွင်း လုံခြုံရေး အခြေအနေအရ တိမ်းရှောင်နေရတဲ့ ပြည်သူတွေအနေနဲ့ မြို့အတွင်းကိုဝင်ရောက်နေထိုင်နိုင်ပြီဖြစ်တယ်လို့ အသိပေးထားတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MOD (ကောလင်းခရိုင်ရုံးမှာ တော်လှန်ရေးအလံလွှင့်ထူထားစဉ်)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.