ကိုးကန့် ၊ နို၀င်ဘာ ၁၆

ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဆွေကို တာဝန်မှရပ်စဲလိုက်ပြီး ခေတ္တဥက္ကဋ္ဌအဖြစ် ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်အား ခန့်အပ်လိုက်ကြောင်း စစ်ကောင်စီက နိုဝင်ဘာ ၁၅ ရက်နေ့မှာ အမိန့်ကြေငြာစာ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ၊ ကိုးကန့်ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆွေကို တာဝန်မှရပ်စဲလိုက်ပြီး ဗိုလ်မှူးချုပ်ထွန်းထွန်းမြင့်အား ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ခေတ္တဥက္ကဋ္ဌအဖြစ် တာ၀န်ပေးအပ်ခဲ့တာပါ။

ဒါအပြင် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒေသဖြစ်တဲ့ ကုန်းကြမ်းမြို့နဲ့ လောက်ကိုင်မြို့အပါ‌အ၀င် ရှမ်းပြည်နယ်ရှိ မြို့နယ် ၈ မြို့နယ်ကို စစ်ကောင်စီက နို၀င်ဘာ ၁၂ ရက်နေ့မှာ စစ်အုပ်ချုပ်ရေးမြို့နယ်အဖြစ် ကြေငြာခဲ့ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်နေ့က နေပြည်‌​တော်မှာ ကျင်းပခဲ့တဲ့ အစည်းအဝေးကို ကာလုံအဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီ ခေါင်းဆောင်တွေအပြင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ ဦးမြင့်ဆွေလည်း တက်ရောက်ခဲ့ပါတယ်။

သတင်း-သံလွင်တိုင်းမ်

ဓာတ်ပုံ- MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.