တရုတ်နဲ့ထိုင်ဝမ် ပြန်လည်ပေါင်းစည်းရေး အားပေးဖို့ ဘိုင်ဒန်ကို သမ္မတရှီ ပြော
ဘေဂျင်း နိုဝင်ဘာ ၁၇ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်အနေနဲ့ ထိုင်ဝမ်ကို လက်နက်ထောက်ပံ့နေတာ ရပ်တန့်ပြီး တရုတ်နဲ့ ပြန်လည်ပေါင်းစည်းရေး အားပေးဖို့ တရုတ်သမ္မတရှီကျင့်ဖျင်က တောင်းဆိုလိုက်ပါတယ်။ မနေ့ နိုဝင်ဘာ ၁၅ ရက်နေ့က ကမ္ဘာ့အင်အားကြီးနိုင်ငံ ခေါင်းဆောင်နှစ်ဦးရဲ့လေးနာရီအကြာ တွေ့ဆုံမှုပြီးနောက် သမ္မတရှီက တရုတ်-ထိုင်ဝမ်ပေါင်းစည်းရေး ရပ်တန့်လို့ရမှာ မဟုတ်ဘူးလို့ အမေရိကန်သမ္မတကို ပြောခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ အမေရိကန်ထိပ်တန်း အာဏာပိုင်တွေကလည်း…