မောင်တော – နိုဝင်ဘာ ၁၅
ရက္ခိုင့်တပ်တော် AA က လက်နက်ချအညံ့ခံဖို့ အသိပေးထားပေမယ့် လက်ခံမှုမရှိတဲ့ စစ်ကောင်စီ တပ်တွေကို လိုက်လံတိုက်ခိုက်ခဲ့တဲ့အတွက် စစ်တပ်ဘက်က ၅ ဦးသေဆုံးခဲ့ တယ်လို့ သတင်း ထုတ်ပြန်ထားပါတယ်။
ဒီနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့ မနက်အစောပိုင်းက ရခိုင်ပြည်နယ် မောင်တော ကံပြင်သာစည်ရွာ အရှေ့မြောက် ၃.၃ ကီလိုမီတာအကွာအဝေးမှာ လက်နက်ချအအညံ့မခံတဲ့ စစ်ကောင်စီတပ်သားတွေကို လိုက်လံတိုက်ခိုက်ခဲ့တာပါ။
အဲဒီလို တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူတွေ လည်းရှိခဲ့တယ်လို့ ဆိုထားပြီး လက်နက်ချ အညံ့မခံသူတွေကို ထပ်မံတိုက်ခိုက်သွားမှာဖြစ်တယ် လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့က စတင်ခဲ့တဲ့ ရခိုင်ပြည်နယ်တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ရဲတပ်ဖွဲ့ဝင် ၅၀ နီးပါး လက်နက်ချအညံ့ခံထားသလို စခန်း ၄၀ ကျော် လက်လွှတ်ထားရပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်သားနဲ့ တပ်ဖွဲ့ဝင် ၁၀ ဦးကျော် သေဆုံးထားတယ်လို့လည်း AA ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ရက္ခိုင့်တပ်တော်(AA)