November 15, 2023

မြန်မာမပါတဲ့ အာဆီယံကာကွယ်ရေးထိပ်သီး အစည်းအဝေး အင်ဒိုနီးရှား လက်ခံကျင်းပ

ဂျာကာတာ၊ နိုဝင်ဘာ ၁၆ မြန်မာမပါတဲ့ အာဆီယံဒေသတွင်း ကာကွယ်ရေးဦးစီးချုပ်တွေအပါအဝင် ကာကွယ်ရေးဝန်ကြီးတွေရဲ့ ထိပ်သီးအစည်းအဝေးပွဲတစ်ရပ်ကို နိုဝင်ဘာ ၁၅ ရက်နေ့ကစပြီး အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ကျင်းပပြုလုပ်နေပါတယ်။ ၂ ရက်ကြာကျင်းပမယ့် ထိပ်သီးအစည်းအဝေးကို အာဆီယံကာကွယ်ရေးဝန်ကြီးတွေအပြင် အင်ဒို-ပစိဖိတ်ဒေသတွင်း အဓိကကျတဲ့ အင်အားစုတွေနဲ့အတူ အာရှအုပ်စုက ကာကွယ်ရေးဝန်ကြီးတွေလည်း တက်ရောက်နေပြီး မြန်မာနိုင်ငံနဲ့ အရှေ့အလယ်ပိုင်း ပဋိပက္ခတွေကို ဆွေးနွေးဖို့ ရှိနေပါတယ်။ ဒီထိပ်သီးအစည်းအဝေးဖွင့်ပွဲမှာ…

အန်ကောဝတ်ဘုရားကျောင်းအနီးက အိမ်ခြေတစ်သောင်းကို ကမ္ဘောဒီးယားအစိုးရ နှင်ထုတ်ခဲ့တယ်လို့ စွပ်စွဲခံရ

ဖနွမ်းပင်၊နိုဝင်ဘာ ၁၆ ကမ္ဘောဒီးယားအစိုးရက ကမ္ဘာ့ကျော်အန်ကောဝတ်ဘုရားကျောင်းအနီးမှာရှိတဲ့ အိမ်ခြေ တစ်သောင်းကို နှင်ထုတ်ခဲ့တာဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်တာဖြစ်တယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI က စွပ်စွဲလိုက်ပါတယ်။ ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာမှာ နေထိုင်တဲ့ မိသားစုတွေကို သူတို့နေထိုင်ရာနေရာနဲ့ ၂၅ ကီလိုမီတာဝေးတဲ့ လယ်ကွင်းဟောင်းထဲမြို့သစ်တည်ပေးပြီး ၂၀၂၂ ခုနှစ်တည်းက စတင် ပြောင်းရွှေ့ခိုင်းခဲ့တာပါ။ အာဏာပိုင်တွေကတော့ အဲဒီမိသားစုတွေဟာ သူတို့ သဘောဆန္ဒအတိုင်းပြောင်းရွှေ့ကြတာ…

အိန္ဒိယနိုင်ငံထဲ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၉ ဦး နေရပ်ပြန်ပို့ခံရ

မီဇိုရမ်၊နိုဝင်ဘာ ၁၆ အိန္ဒိယ-မြန်မာနယ်စပ်မြို့ ရိဒ်ခေါဒါရ်မြို့ တိုက်ပွဲကြောင့် အိန္ဒိယနိုင်ငံထဲ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၁ ဦးကို ဖမ်းဆီးပြီးနောက် သူတို့ထဲက ၃၉ ဦးကို နေရပ်ပြန်ပို့ခဲ့တယ်လို့ မီဇိုရမ်ပြည်နယ် လုံခြုံရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့က ချင်းပြည်နယ် ရိဒ်ခေါဒါရ်မြို့ရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုကို ချင်းအမျိုးသားတပ်ဦး CNF နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့…

ရခိုင်မှာ လက်နက်ချ အညံ့ခံဖို့ ငြင်းဆန်တဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ ၅ ဦးသေဆုံး

မောင်တော – နိုဝင်ဘာ ၁၅ ရက္ခိုင့်တပ်တော် AA က လက်နက်ချအညံ့ခံဖို့ အသိပေးထားပေမယ့် လက်ခံမှုမရှိတဲ့ စစ်ကောင်စီ တပ်တွေကို လိုက်လံတိုက်ခိုက်ခဲ့တဲ့အတွက် စစ်တပ်ဘက်က ၅ ဦးသေဆုံးခဲ့ တယ်လို့ သတင်း ထုတ်ပြန်ထားပါတယ်။ ဒီနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့ မနက်အစောပိုင်းက ရခိုင်ပြည်နယ် မောင်တော ကံပြင်သာစည်ရွာ အရှေ့မြောက် ၃.၃ ကီလိုမီတာအကွာအဝေးမှာ…

လွိုင်ကော် တက္ကသိုလ်တိုက်ပွဲမှာ စစ်တပ်ဘက်က ၁၁၀ ကျော်သေဆုံး၊စစ်သုံ့ပန်း ၃၈ ဦးဖမ်းဆီးရမိ

လွိုင်ကော် – နိုဝင်ဘာ ၁၅ ကယားပြည်နယ်၊ လွိုင်ကော်တက္ကသိုလ်အတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ကရင်နီ တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်တပ်ဘက်က ၁၁၀ ကျော်သေဆုံးခဲ့တယ်လို့ KNDF က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလ ၁၁ ရက်နေ့က စတင်ခဲ့တဲ့ ၁၁၁၁ စစ်ဆင်ရေး တတိယနေ့နဲ့ စတုတ္ထနေ့မှာ လွိုင်ကော်တက္ကသိုလ်အတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်မ-၆၆ လက်အောက်ခံ…

ကျွန်းစုတိုက်ပွဲကြောင့် ဒေသခံထောင်ချီ စစ်ရှောင်နေရ

ကျွန်းစု၊ နိုဝင်ဘာ ၁၅ တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်တို့ကြား တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ရှောင်ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ နိုဝင်ဘာ ၁၃ ရက်နေ့ကစပြီး တပ်အင်အား ၆၀ ကျော်ပါတဲ့ စစ်ကောင်စီ၊ပျူစောထီးပူးပေါင်းအဖွဲ့က စစ်ကြောင်းထိုးလာတာကြောင့် မင်းဂုတ်ရွာနဲ့မောင်းလှော်ကျေးရွာတွေအနီးမှာ ဒေသကာကွယ်ရေးပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။ အဲဒီတိုက်ပွဲကြောင့် မင်းဂုတ်၊ မောင်းလှော်၊ ပြင်ဝန်း၊ ဝါရစ်ကျေးရွာတွေက…

စစ်အာဏာသိမ်း (၁၀၁၇) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၁၈၄) ဦးအထိရှိလာ

မော်လမြိုင်၊ နိုဝင်ဘာ(၁၅) AAPP ရဲ့ နိုဝင်ဘာ(၁၄)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၀၁၇) ရက်အတွင်း ပြည်သူ (၄၁၈၄) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၅၄၀၇) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၇၂၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး…

ပို့ကုန်ရငွေတွေ ဘဏ်စာရင်းမသွင်းရင် ထိရောက်စွာအရေးယူမယ်လို့ စစ်ကောင်စီဗဟိုဘဏ် ခြိမ်းခြောက်

နေပြည်တော်၊ နိုဝင်ဘာ ၁၅ ပြည်ပနိုင်ငံတွေထံ တင်ပို့တဲ့ကုန်ပစ္စည်းတွေမှ ရရှိလာတဲ့ ပို့ကုန်ရငွေတွေကို ဘဏ်စာရင်းထဲ ထည့်သွင်းဖို့ ပျက်ကွက်ပါက ထိရောက်စွာ အရေးယူဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်က ခြိမ်းခြောက်လာတာပါ။ ပို့ကုန်ရငွေတွေကို နိုင်ငံခြားဘဏ်ငွေစာရင်းထဲ မဖြစ်မနေထည့်သွင်းကြဖို့နဲ့ ထည့်သွင်းဖို့ ပျက်ကွက်ပါက နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေအရ အရေးယူသွားမယ်လို့ စစ်ကောင်စီဗဟိုဘဏ်က နိုဝင် ဘာ ၁၁ ရက်နေ့ မှာ…