ကရာချီ၊နိုဝင်ဘာ ၁၅

ပါကစ္စတန်အစိုးရဟာ နိုင်ငံအတွင်း ရောက်ရှိနေတဲ့ အထောက်အထားမဲ့ အာဖဂန်နစ္စတန်နိုင်ငံ သားတွေကို ထွက်ခွာသွားဖို့ အမိန့်ထုတ်ပြန်ထားပြီးနောက် နေရပ်ပြန်ပို့ဖို့ နယ်စပ်ဂိတ် ၃ ခုကို ဖွင့်လှစ်လိုက်ပြီလို့ သိရပါတယ်။

အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို နှင်ထုတ်ဖို့ ပါကစ္စတန်အစိုးရက တွန်းအားပေး ဆောင်ရွက်နေပြီး ပြည်နှင်ဒဏ် မခံယူလိုသူတွေအနေနဲ့ မိမိဆန္ဒအလျှောက် နေရပ်ပြန်ကြရမှာ ပါ။

အသစ်ဖွင့်လှစ်လိုက်တဲ့ နယ်စပ်ဖြတ်ကျော်လမ်းတွေဟာ အာဖဂန်နဲ့ ပါကစ္စတန်အနောက်တောင် ဘက် ခရိုင်ဒေသန္တရမှာ ဖြစ်တယ်လို့ ဒေသအိမ်စောင့်အစိုးရအဖွဲ့ သတင်းအချက်အလက်ဝန်ကြီး က ပြောပါတယ်။

ပင်မနယ်စပ်ဖြတ်ကျော်တဲ့လမ်းကြောင်းကနေ ဆန္ဒအလျောက်နေရပ်ပြန်ကြတဲ့ အာဖဂန်ဒုက္ခ သည်တွေ များပြားနေတဲ့အတွက် လမ်းပိတ်ဆို့တာတွေ ဖြစ်နေတယ်လို့ ဝန်ကြီးက ဆိုပါတယ်။

မူဝါဒအသစ်ပြဌာန်းလိုက်တဲ့ အောက်တိုဘာလ အစောပိုင်းတည်းကစပြီး ပါကစ္စတန်ကို စွန့်ခွာသွားတဲ့ အာဖဂန်နိုင်ငံသား ၂၈၀,၀၀၀ ကျော်ရှိနေပြီလို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာ ၁ ရက်နေ့က ပါကစ္စတန်အစိုးရရဲ့ ဆန္ဒအလျောက် ထွက်ခွာရေး အစီးအစဉ် ပြီးဆုံးပြီးနောက် နိုင်ငံအတွင်း လှည့်ပတ်စစ်ဆေးတာတွေ လုပ်ဆောင်နေပြီဖြစ်တယ်လို့ သိရပါတယ်။

ကုလသမဂ္ဂ၊လူ့အခွင့်အရေးအဖွဲ့အစည်းတွေနဲ့ အနောက်နိုင်ငံသံရုံးတွေက ဒုက္ခသည်တွေကို နှင်ထုတ်နေတဲ့ ပါကစ္စတန်ရဲ့အစီအစဉ်ကို ပြန်လည်သုံးသပ်ဖို့နဲ့ နေရပ်ပြန်ရင် အန္တရာယ်ရှိနိုင် တဲ့သူတွေကို ကာကွယ်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။

ဒါ့အပြင် အာဖဂန်နစ္စန်ရဲ့ တာလီဘန်အစိုးရကလည်း နိုင်ငံသားတွေကို ပါကစ္စတန်မှ ထွက်ခွာ ဖို့အတွက် အချိန်လုံလုံလောက်လောက်ပေးဖို့ တောင်းဆိုထားပါတယ်။

အထောက်အထားမဲ့ အာဂန်နိုင်ငံသားတွေကို နှင်ထုတ်တဲ့အစီအစဉ်ဟာ နိုင်ငံအတွင်း အစ္စလာမ္မစ် စစ်သွေးကြွေတွေရဲ့ တိုက်ခိုက်မှု ကာကွယ်ဖို့လို့ ပါကစ္စတန်ဘက်က ပြောဆိုထားပြီး တာလီဘန် အစိုးရကတော့ အခုပြဿနာဟာ ပါကစ္စတန်ရဲ့ ပြည်တွင်း လုံခြုံရေး ပြဿနာဖြစ်တယ်လို့ တုံ့ ပြန်ထားပါတယ်။

လက်ရှိမှာတော့ တာလီဘန်အစိုးရဟာ နေရပ်ပြန်လာမယ့် သူတွေအရေးဖြေရှင်းရတော့မှာ ဖြစ် သလို ဆောင်းရာသီစတင်ချိန် နယ်စပ်ဘက်ခြမ်းမှာရှိတဲ့ ယာယီဒုက္ခသည်စခန်းတွေမှာ လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေဖြစ်လာမှာကိုလည်း စိုးရိမ်မှုတွေ မြင့်တက် နေပါတယ်။

 Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.