November 14, 2023

G7 ဟာ စစ်အေးခေတ်ရဲ့ အကြွင်းအကျန်အဖွဲ့ဖြစ်တယ်လို့ မြောက်ကိုရီးယား ဝေဖန်

ဆိုးလ်၊ နိုဝင်ဘာ ၁၅ G7 ဟာ သူတို့ကိုယ်ပိုင်အကျိုးစီးပွားကြောင့် ပဋိပက္ခတွေ ဖြစ်ပေါ်စေပြီး အခြားသောနိုင်ငံတွေရဲ့ အချုပ်အခြာအာဏာကို ထိပါးနေတဲ့ စစ်အေးခေတ် အကြွင်းအကျန်သာဖြစ်တယ်လို့ မြောက်ကိုရီးယားက ဝေဖန်လိုက်ကြောင်း KCNA သတင်းဌာနက ဖော်ပြပါတယ်။ လွန်ခဲ့တဲ့ ရက်သီတင်းပတ်အတွင်း G7 နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ထုတ်ပြန်ချက်ဟာ နိုင်ငံတွေရဲ့ ကိုယ်ပိုင်လုံခြုံ‌ရေးနဲ့ အချုပ်အခြာအာဏာကို ရှုတ်ချတဲ့ ထုတ်ပြန်ချက်ဖြစ်ကြောင်း ပြုံယမ်းရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန၊…

နှစ်နိုင်ငံတင်းမာမှုလျော့ချဖို့ သမ္မတဘိုင်ဒန်နဲ့ တရုတ်သမ္မတရှီတို့ ဆွေးနွေးမယ်

ဝါရှင်တန်၊ နိုဝင်ဘာ ၁၅ နှစ်နိုင်ငံတင်းမာမှုတွေ လျော့ချဖို့အတွက် အမေရိကန်သမ္မတ ဘိုင်ဒန်နဲ့တရုတ်သမ္မတ ရှီကျင့်ဖျင် တို့ တစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေး သွားမယ်လို့ အိမ်ဖြူတော်က သတင်းထုတ်ပြန်ပါတယ်။ ကမ္ဘာ့အင်အားကြီး နိုင်ငံနှစ်ခုရဲ့ သမ္မတ နှစ်ဦးဟာ လာမယ့် နိုဝင်ဘာ ၁၅ ရက်နေ့ အမေရိကန်၊ ဆန်ဖရန်စစ္စကိုမှာ ကျင်းပမယ့် အာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) ထိပ်သီး…

ပါကစ္စတန်အစိုးရက အထောက်အထားမဲ့ အာဖဂန်တွေကို နှင်ထုတ်တော့မယ်

ကရာချီ၊နိုဝင်ဘာ ၁၅ ပါကစ္စတန်အစိုးရဟာ နိုင်ငံအတွင်း ရောက်ရှိနေတဲ့ အထောက်အထားမဲ့ အာဖဂန်နစ္စတန်နိုင်ငံ သားတွေကို ထွက်ခွာသွားဖို့ အမိန့်ထုတ်ပြန်ထားပြီးနောက် နေရပ်ပြန်ပို့ဖို့ နယ်စပ်ဂိတ် ၃ ခုကို ဖွင့်လှစ်လိုက်ပြီလို့ သိရပါတယ်။ အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို နှင်ထုတ်ဖို့ ပါကစ္စတန်အစိုးရက တွန်းအားပေး ဆောင်ရွက်နေပြီး ပြည်နှင်ဒဏ် မခံယူလိုသူတွေအနေနဲ့ မိမိဆန္ဒအလျှောက် နေရပ်ပြန်ကြရမှာ ပါ။ အသစ်ဖွင့်လှစ်လိုက်တဲ့ နယ်စပ်ဖြတ်ကျော်လမ်းတွေဟာ အာဖဂန်နဲ့…

စစ်ကောင်စီ ခမရ(၁၂၉) တပ်ရင်းတစ်ခုလုံးနဲ့မိသားစုဝင်တွေပါ အလင်းဝင်

လောက်ကိုင် ၊ နိုဝင်ဘာ ၁၄ ကိုးကန့်အထူး(၁) ရှီးရှမ်းဒေသ၊မန်းလော်ရွာအုပ်စု ရန်ခွမ့်ရွာက ဒကစ(လောက်ကိုင်) လက်အောက်ခံ တပ်ရင်း ခမရ(၁၂၉) က တပ်ရင်းတစ်ခုလုံးနဲ့မိသားစုဝင်တွေပါ MNDAA ထံ အလင်းဝင်လာတယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က နိုဝင်ဘာ ၁၄ ရက်နေ့ ညဦးပိုင်မှာ ထုတ်ပြန်ပါတယ်။ စစ်ကောင်စီ အမှတ်(၁၂၉) ခြေမြန်တပ်ရင်းက တပ်ရင်းမှူး ဗိုလ်မှူးကျော်ရဲအောင် ဦးဆောင်တဲ့ တပ်ရင်းက အရာရှိစစ်သည်တွေအပါအဝင်…

တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထားတဲ့ ကျပ်ငွေသန်းပေါင်း ၉၅၀ ကျော်ကို ကြားကာလဗဟိုဘဏ်က သိမ်းဆည်းထား

ကောလင်း၊ နိုဝင်ဘာ ၁၄ တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထားတဲ့ စစ်ကိုင်း တိုင်း၊ ကောလင်းခရိုင် မြန်မာ့စီးပွားရေးဘဏ်ရဲ့ ငွေသားလက်ကျန် ကျပ်ငွေသန်းပေါင်း ၉၅၀ ကျော်ကို အမျိုးသား ညီညွတ်ရေးအစိုရရဲ့ ကြားကာလဗဟိုဘဏ်က စာရင်းသွင်းမှတ်တမ်းတင် သိမ်းဆည်းထားတယ်လို့ ကြားကာလဗဟိုဘဏ်က ဒီနေ့နိုဝင်ဘာ ၁၄ ရက် နေ့ လည်ပိုင်းမှာ တရားဝင်ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်နေ့မှာ စစ်ကိုင်းတိုင်း၊…

AA က စစ်ကောင်စီစခန်း(၃)ခုကို သိမ်းပိုက်၊ ဒုတပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်သားဆယ့်တစ်ဦးဖမ်းဆီးခဲ့

စစ်တွေ – နိုဝင်ဘာ ၁၄ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA)က ရခိုင်တိုက်ပွဲ နှစ်ရက်တာအတွင်းမှာ စစ်ကောင်စီစခန်းသုံးခုကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်မှ ဒုတပ်ရင်းမှူးအပါအဝင် တပ်သားဆယ့်တစ်ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဒီနေ့ နိုဝင်ဘာ၁၄ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် စစ်ကောင်စီဘက်က လက်နက်ချအလင်းဝင် ရောက်ကြမယ့်သူတွေကိုလည်း ဆက်လက်ကြိုဆို လက်ခံသွားမယ်လို့ ဆိုပါတယ်။ AA ရဲ့ ထုတ်ပြန်ချက်ထဲမှာ ရက္ခိုင်ဒေသမှာ စစ်ကောင်စီနဲ့…

ကယားပြည်နယ် စခန်းသိမ်းတိုက်ပွဲတွေအတွင်း အရပ်သား ၁၁ ဦးသေဆုံး

လွိုင်ကော်၊ နိုဝင်ဘာ ၁၄ ကယားပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ၁၁၁၁ စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးအပြင် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၁၁ ဦးသေဆုံးခဲ့တယ်လို့ ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့က ကယားပြည်နယ်(ကရင်နီ)အတွင်း နှစ်ရှည်အထိုင်ချထားတဲ့ စစ်ကောင်စီတပ်စခန်း ၇ ခုကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ပြီးနောက် တိုက်ပွဲတွေပြင်းထန်ခဲ့တာပါ။ အဲဒီတိုက်ပွဲတွေအတွင်း…

စစ်အာဏာသိမ်း (၁၀၁၆) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၁၈၂) ဦးအထိရှိလာ

မော်လမြိုင်၊ နိုဝင်ဘာ(၁၄) AAPP ရဲ့ နိုဝင်ဘာ(၁၃)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၀၁၆) ရက်အတွင်း ပြည်သူ (၄၁၈၂) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၅၄၀၂) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၇၂၇) ဦး ဖြစ်ပါတယ်။အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ…