ပခုက္ကူ – နိုဝင်ဘာ ၁၃
မကွေးတိုင်း၊ပခုက္ကူမြို့နယ်ကို စစ်ကောင်စီယာဉ်တန်း စစ်ကြောင်းထိုးလာတာကြောင့် ထွက် ပြေးတိမ်းရှောင်နေရတဲ့စစ်ဘေးရှောင်ပြည်သူ တစ်ထောင်ကျော်အတွက် အရေးပေါ် စားနပ်ရိက္ခာ လိုအပ်နေတယ်လို့ ပခုက္ကူ ပ.အ.ဖ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။
ယောဒေက ပြန်လာတဲ့ စစ်ကောင်စီရဲ့ အစီးရေ ၇၀ ကျော်ပါတဲ့ ယာဉ်တန်းလုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေဟာ လမ်းတလျှောက်က ကျေးရွာတွေကို မွှေနောက်မီးရှို့ ဖျက်ဆီးတာတွေ လုပ်နေတာကြောင့် ထွက်ပြေးတိမ်းရှောင်နေတာကြောင့် ထွက်ပြေးတိမ်းရှောင် နေကြရတာပါ။
“ယောဘက်ကနေ ပြန်လာတဲ့ ဓားစာခံပြည်သူတွေနဲ့အတူတူ တင်ဆောင်လာတဲ့ စစ်ကောင်စီ ယာဉ်တန်းက ဇီးကုန်းဘက်က ပျူနဲ့ စစ်သားနဲ့ပေါင်းပြီး ချောင်းခွနဲ့ ဖလံအိုရွာကို မီးရှို့ပြီးတော့ ကမ္မဘက်ကိုတက်တယ်။ ကမ္မဘက်မှာစခန်းချပြီးမှ ခုလက်ရှိရှိနေတယ်။ ယာဉ်တန်းမှာပါလာတဲ့ ရှေ့ပြေးနဲ့ပါလာတဲ့ ရှေ့ပြေးနဲ့ စစ်သားတွေက မနေ့ညကတည်းက ရပ်ကွက်တစ်ခုမှာ ချက်ပြုတ် စားသောက်နေတယ်ဗျ။” လို့ ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။
စစ်ကောင်စီနဲ့ ပျူစောထီးတွေ မီးရှို့ဖျက်ဆီးသွားတဲ့ ချောင်းခွနဲ့ ဖလံအို ကျေးရွာရဲ့ အခြေအနေကိုတော့ အတိအကျမသိရသေးဘူးလို့ သူက ပြောပါသေးတယ်။
အဲဒီယာဉ်တန်းသွားရာ လမ်းတလျှောက်က ကျေးရွာ ၆ ရွာက လူ ၁၆၀၀ ကျော်ဟာ စစ်ဘေးရှောင်နေရပြီး ကျေးရွာတာဝန်ရှိသူတွေနဲ့ ပူးပေါင်းစောင့်ရှောက်ထားရတယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာတော့ အဲဒီယာဉ်တန်းဟာ ပခုက္ကူမြို့နယ်ထဲမှာပဲ ရှိနေသေးပြီး စစ်ကြောင်းလည်းထိုးနေသလို ကမ္မမြို့အနောက်ဘက်ကနေ ယာဉ်တန်းကိုကြိုမယ့် ပျူစောထီးတွေဟာလည်း ကမ္မမြို့အနောက်ဘက်ကို ထွက်ခွာသွားတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ