ဘေဂျင်း၊ နိုဝင်ဘာ ၁၁

တောင်တရုတ်ပင်လယ်အတွင်းက Second Thomas Shoal အနီးကို ဖိလစ်ပိုင်ရဲ့ ပြန်လည် ထောက်ပံ့ရေး သင်္ဘောတွေ ဝင်ရောက်လာပြီးနောက် နိုင်ငံရဲ့အချုပ်အခြာအာဏာထိပါးမှုကို ရပ်တန့်ဖို့ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ကို တရုတ်က သတိပေးခဲ့ပါတယ်။

ဖိလစ်ပိုင် သယ်ယူပို့ဆောင်ရေး သင်္ဘောငယ် နှစ်စင်းနဲ့ ကမ်းရိုးတန်းစောင့် သင်္ဘော ၃ စင်းတို့ဟာ တရုတ်အစိုးရရဲ့ ခွင့်ပြုချက်မရှိဘဲ စပရက်တလီ ကျွန်းစုရဲ့ အစိတ်အပိုင်းနဲ့ ကပ်လျက် ရေပြင်အပြင်ကို ဝင်ရောက်ခဲ့တာဖြစ်တယ်လို့ တရုတ်ဘက်က ဆိုထားတာပါ။

အဲဒီကမ်းရိုးတန်းဟာ ကုလသမဂ္ဂပင်လယ်ဥပဒေဆိုင်ရာ သဘောတူညီချက်အရ ဖိလစ်ပိုင်နိုင်ငံရဲ့ သီးသန့်စီးပွားရေးဇုန် တည်ရှိရာ နေရာဖြစ်တယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံကတော့ နန်ရှာကျွန်းစုနဲ့ ကပ်လျက်ရေပိုင်နက်လို့ လူသိများတဲ့ စပရက်တလီကျွန်းစုပေါ်မှာ သူတို့ရဲ့ အချုပ်အခြာအာဏာသက်သောက်တယ်လို့ဆိုကာ ကုလသမဂ္ဂပင်လယ်ဥပဒေ ဆိုင်ရာ သဘောတူညီချက်ကို ပယ်ချထားတာပါ။

ပြန်လည်ထောက်ပံ့ရေးမစ်ရှင်နဲ့ ပတ်သက်ပြီး မကြာခင်မှာ ကြေညာချက်ထုတ်ပြန်မယ်လို့ ဖိလစ်ပိုင် အမျိုးသားလုံခြုံရေးကောင်စီက ဆိုထားပါတယ်။

လွန်ခဲ့တဲ့လအနည်းငယ်အတွင်း နှစ်နိုင်ငံထိပ်တိုက်ရင်ဆိုင်မှုတွေရှိခဲ့သလို တရုတ်က ဖိလစ်ပိုင်ရဲ့ ကမ်းရိုးတန်းမစ်ရှင်တွေကို ရှုတ်ချထားပါတယ်။

“တရုတ်ကမ်းခြေစောင့်တပ်ဟာ ဖိလစ်ပိုင်ရေယာဉ်တွေကို ဥပဒေနဲ့အညီ လိုက်ပါခဲ့ပြီး၊အစားအသောက်နဲ့ အခြားလိုအပ်တဲ့နေ့စဉ်သုံးပစ္စည်းတွေ ပို့ဆောင်ပေးဖို့ ဖိလစ်ပိုင်ဘက်အတွက် ယာယီအထူးအစီအစဉ်တွေ ပြုလုပ်ထားပါတယ်” လို့ တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် တရုတ်ရဲ့ ပိုင်နက်အချုပ်အခြာအာဏာ ချိုးဖောက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့ ဖိလစ်ပိုင်ကို တိုက်တွန်းတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.