နောင်ချို၊ နို၀င်ဘာ ၉

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ကို စစ်ကူလာတဲ့ သံချပ်ကား ၃ စီးကို TNLAနဲ့ MDY PDF တို့က ပူး ပေါင်းတိုက်ခိုက်ခဲ့တယ်လို့ TNLAက သတင်းထုတ်ပြန်ထားပါတယ်။

မနေ့ ည ၉ နာရီခွဲခန့်မှာ နောင်ချိုမြို့နယ် အုမ္မခါးကျေးရွာအနီးမှာ စစ်ကူလာတဲ့ စစ်ကောင်စီတပ်ကို တအာင်းတပ်မတော် PSLF/TNLA နဲ့ MDY PDF ပူး ပေါင်းတပ်ဖွဲ့တို့ က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သံချပ် ကာကား ၁ စီးကို ပစ်ခတ်ဖျက်ဆီး နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စစ်ကူလာတဲ့ သံချပ်ကား ၃ စီးအနက် ၁စီးမှာ ပျက်စီးသွားပြီး ကျန် ၂ စီးလည်း နောက်ပြန်ဆုတ်သွားတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါအပြင် နောင်ချိုမြို့နယ် ပတ်ပတ်လည်မှာလည်း TNLA တပ်‌ေတွက ထိန်းချုပ်ထားပြီး စစ်ကောင်စီတပ်တွေနဲ့ မကြာခဏဆိုသလို ထိတွေ့တိုက်ပွဲများဖြစ်ပွားလျက်ရှိတယ်လို့ သိရပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့ကလည်း တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ သံချပ်ကားနဲ့ တင့်ကား ၇ စီးကို သိမ်းပိုက်ဖျက်ဆီး နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း-သံလွင်တိုင်း

ဓာတ်ပုံ-The Kokang

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.