Radio Than Lwin Times(7/11)
Youtube Link Sound Cloud Link
Youtube Link Sound Cloud Link
https://youtu.be/0E_jOaXrUpU
ကျိုက်ထို၊ နိုဝင်ဘာ ၈ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်ကျေးရွာမှာ မနေ့ နိုဝင်ဘာ ၇ ရက်နေ့ ည ၉ နာရီအချိန်လောက်က ရဲသတင်းပေးတစ်ဦး သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ အသက် ၄၃ နှစ်အရွယ် ရဲသတင်းပေးကိုလွမ်းဝေဟာ ကျိုက်ထိုမြို့နယ် ခလွန်-စွပ်ပနူးလမ်းအတိုင်း တစ်ဦးတည်း ဆိုင်ကယ်နဲ့ နေအိမ်ပြန်လာစဉ် အမည်မသိလူ ၂ ဦးက အသင့်စောင့်ဆိုင်းပြီး…
မကွေး – နိုဝင်ဘာ ၈ တော်လှန်ရေးအင်အားစုတွေရဲ့ စစ်ကောင်စီတပ်စခန်းနဲ့ မြို့သိမ်းတိုက်ပွဲတွေကြောင့် မကွေးတိုင်း မင်းဘူးခရိုင်မှာ လုံခြုံရေးတင်းကျပ်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ လက်တလောမှာတော့ မင်းဘူးခရိုင်ထဲက ပုသိမ်-မုံရွာ လမ်းတလျှောက်မှာ ကင်းပုန်းတွေချထားကာ စစ်ဆေးရေးတွေလည်းတင်းကျပ်နေတာကြောင့် စျေးသည်တွေနဲ့ ဒေသခံတွေ သွားလရေး အခက်ကြုံနေရတာပါ။ “စခန်းကိုလာသိမ်းမယ်လို့ ကြားလို့တဲ့ အင်အားတွေအများကြီး ထပ်ချပြီး ပုသိမ်-မုံရွာလမ်း တလျှောက်မှာကင်းပုန်းထားတယ်။မထင်တဲ့ လူတွေကို…
ရန်ကုန်၊ နိုဝင်ဘာ ၈ စစ်တပ်အာဏာသိမ်းတဲ့ နှစ်နှစ်ခွဲကျော်ကာလအတွင်း စစ်ကောင်စီကြောင့် NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်တွေ အပါအဝင် ပါတီဝင် စုစုပေါင်း ၁၀၁ ဦး သေဆုံးခဲ့တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ထုတ်ပြန်ပါတယ်။ ဒီနေ့ နိုဝင်ဘာ ၈ ရက်နေ့မှာ ကျရောက်တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ၃ နှစ်ပြည့် သဘောထားကြေညာချက် ထုတ်ပြန်စဉ်…
ဖယ်ခုံ – နိုဝင်ဘာ ၈ ကယားပြည်နယ်၊ဖယ်ခုံမြို့အခြေစိုက် ခ.မ.ရ ၄၂၂ တပ်ရင်းက တပ်သားတစ်ဦး လက်နက်ခဲယမ်း အပြည့်အစုံနဲ့ အလင်းဝင်ရောက်လာတယ်လို့ PEKHON PDF -2 (B-1006) က သတင်း ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၇ ရက်နေ့က စစ်ကောင်စီတပ်ရင်းတွေကို ရှမ်းမြောက်စစ်မျက်နှာပြင်သို့ ပို့ဆောင်ရေးလမ်းကင်းလုံခြုံရေး ဆောင်ရွက်နေစဉ် ထွက်ပြေးလာပြီး အလင်းဝင်ခဲ့တာပါ။ အလင်းဝင်လာတဲ့…
ဝါရှင်တန်၊နိုဝင်ဘာ ၉ မြောက်ကိုရီးယားနဲ့ ရုရှားတို့ရဲ့ ပိုမိုနီးကပ်လာတဲ့ စစ်ရေးဆက်ဆံမှုတွေ တိုးပွားလာတာကြောင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ဟာ တောင်ကိုရီးယားသမ္မတနဲ့ ဆွေးနွေးဖို့ ဆိုးလ်မြို့ကို သွားရောက်မှာဖြစ်ပါတယ်။ အမေရိကန်၊တောင်ကိုရီးယားနဲ့ ဂျပန်တို့က မြောက်ကိုရီးယားရဲ့ စစ်လက်နက်ပစ္စည်းတွေ ရုရှားကို ထောက်ပံ့ပေးနေတယ်လို့ ရှုတ်ချပြီးနောက် ဒီခရီးစဉ်ထွက်ပေါ်လာတာပါ။ ယူကရိန်းနဲ့ စစ်ပွဲအတွင်း လက်နက်ခဲယမ်းတွေ ပြတ်တောက်သွားတယ်လို့သတင်းတွေ ထွက်ပေါ်နေတဲ့ ရုရှားနဲ့ မြောက်ကိုရီးယားတို့ကြား ပိုမိုနီးကပ်တဲ့ ဆက်ဆံမှုတွေ…
ဘန်ကောက်၊ နိုဝင်ဘာ ၉ ထိုင်းနိုင်ငံရဲ့ အနိမ့်ဆုံးအခြေခံလုပ်ခလစာနှုန်းထားကို လာမယ့် ဒီဇင်ဘာလအတွင်း ကြေညာသွားဖို့ရှိနေပြီး အဲဒီနှုန်း ထားအသစ်ဟာ တစ်ရက်လျှင် ဘတ် ၄၀၀ ထက်လျော့တဲ့ ပမာဏသာ ဖြစ်နိုင်မယ်လို့ ထိုင်းလုပ်သားဝန်ကြီးက ပြောပါတယ်။ စီးပွားရေးအခြေအနေနဲ့ နေထိုင်စရိတ်တွေအပေါ်မူတည်ပြီး ခရိုင်ဒေသန္တရတစ်ခုနဲ့တစ်ခုရဲ့ လုပ်ခလစာ သတ်မှတ်ချက်အသစ်တွေဟာ ပြောင်းလဲနိုင်တယ်လို့ သူကပြောကြားခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့ကစပြီး…
တိုကျို၊ နိုဝင်ဘာ ၉ ဂါဇာကမ်းမြောင်ဒေသမှာ ပဋိပက္ခတွေ လျော့ပါးပြီးနောက် စစ်ပွဲအလွန်ကာလအခြေအနေနဲ့ ပတ်သက် ပြီး G-7 နိုင်ငံခြားရေးဝန်ကြီးတွေ တိုကျိုမြို့မှာ ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ပါတယ်။ ဆွေးနွေးမှုတွေမှာတော့ ပဋိပက္ခအလွန် ဂါဇာမှာ နိုင်ငံစုံတပ်ဖြန့်ချထားဖို့၊ ဟားမတ်စ် စစ်သွေးကြွတွေကို ဖယ်ရှားပြီး ယာယီပါလက်စတိုင်းဦးဆောင်တဲ့ အုပ်ချုပ်ရေးထူထောင်ဖို့နဲ့ အိမ်နီးချင်း အာရပ်နိုင်ငံတွေက လုံခြုံရေးနဲ့ အုပ်ချုပ်မှု အခန်းကဏ္ဍအပါအဝင် ကုလသမဂ္ဂနယ်မြေဆိုင်ရာ ယာယီကြီးကြပ်မှုတို့…
ထားဝယ်၊ နိုဝင်ဘာ ၈ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ သကျက်ကျေးရွာနဲ့ဘန်ကြုတ်ကျေးရွာအကြားမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ပြောဆိုချက်တွေအရ သိရပါတယ်။ တပ်အင်အား ၈၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မနေ့နိုဝင်ဘာ ၆ ရက်နေ့ နေ့လည် ၁၂ နာ ရီအချိန်လောက်မှာ စစ်ကြောင်းထိုးဝင်လာတာကြောင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တာပါ။ အချိန် ၆ နာရီကျော်ကြာဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း…