ကောလင်း – နိုဝင်ဘာ ၇
အမျိုးသားညီညွတ်ရေးအစိုးရ NUG တပ်တွေသိမ်းပိုက်ထားတဲ့ ကောလင်းမြို့ရဲ့ လက်တလော မြင်ကွင်းတွေကို ကောလင်း တော်လှန်ရေးအင်အားစုက ထုတ်ပြန်ထားပါတယ်။
လက်ရှိစစ်ရေးအခြေအနေအရ ပြည်သူတွေကို မြို့အတွင်းမှာ ပြန်လည်နေထိုင်ခွင့်မပြုသေးဘဲ မြို့နယ်အတွင်းမှာရှိတဲ့ ပ.အ.ဖနဲ့ ပ.က.ဖ တပ်တွေ စောင့်ရှောက်ထားတယ်လို့ သိရပါတယ်။
မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ ဝန်းသို ၁၂၀ တပ်ရင်းကပစ်ခတ်တ့ ဟောင်ဝှစ်ဇာနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူတွေထိခိုက်သေဆုံးရှိခဲ့သလို ထိခိုက်ပျက်ဆီးတာ တွေလည်းရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒါ့အပြင်စစ်ဘေးရှောင် ၅၀၀၀၀ လောက်ကိုလည်း မြို့နယ် ပ.အ.ဖ အဖွဲ့က စောင့်ရှောက်ထားတယ်လို့ဆိုထားပြီး ဆက်သွယ်ရေး လမ်းပိတ်ဆို့မှုတွေကြောင့် စက်သုံးဆီ၊ စားသုံးဆီ၊ဆေးဝါး၊ ခြုံစောင်တွေနဲ့ အခြေခံစားသောက်ကုန်တွေ လိုအပ်နေတယ်လို့ အသိပေးထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ ရက်နေ့က စတင်တိုက်ခိုက်ခဲ့တဲ့ မြို့သိမ်းတိုက်ပွဲဟာ နိုဝင်ဘာလ ၆ ရက်နေ့မှာတော့ ကောလင်းမြို့နယ်ကို အလုံးစုံ ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KR-Teams