ကောလင်း၊နိုဝင်ဘာ ၆

စစ်ကိုင်းတိုင်း၊ကောလင်းမြို့ကို ဒီနေ့ နိုဝင်ဘာ ၆ ရက်နေ့ မနက်ပိုင်းမှာ အလုံးစုံသိမ်းပိုက်နိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်ပါတယ်။

အဲဒီမြို့သိမ်းတိုက်ပွဲကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်နေ့မှာ တော်လှန်ရေးအင်အားစုတွေက စတင် ဆင်နွှဲခဲ့တာ ဖြစ်ပြီး ၄ ရက်မြောက်နေ့ ဖြစ်တဲ့ ဒီနေ့မှာတော့ မြို့တစ်ခုလုံးကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တာပါ။

NUG ထုတ်ပြန်ချက်အရ ကောလင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စွဲထားတဲ့ ကောလင်း ရဲစခန်း၊ ထွေအုပ်ရုံး၊ အထက်တန်းကျောင်း၊မြေစာရင်းရုံး၊မြန်မာ့စီးပွားရေးဘဏ်တို့ကို အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်တပ်အုပ်ချုပ်ရေး ယန္တရားရပ်တန့်စေခဲ့တယ်လို့ ဆိုပါတယ်။

မြို့သိမ်းတိုက်ပွဲကို အမှတ် ၁ စစ်ဒေသ၊ ကောလင်းခရိုင်ကွပ်ကဲရေး အစီအစဉ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင် ကောလင်းမြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဖော်ပြထားတာပါ။

မြို့သိမ်းတိုက်ပွဲအတွင်း လက်နက်မျိုးစုံ ၅၄ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရမိထားသလို စစ်ရေးဆိုင်ရာ အချက်အလက်တွေကိုလည်း ဆက်လက်ဖော်ပြပေးသွားမယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

ကောလင်းမြို့သိမ်းပိုက်မှုဟာ စစ်တပ် အာဏာသိမ်းတဲ့ နှစ်နှစ်ခွဲကျော်ကာလအတွင်း NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်တွေက စစ်ကောင်စီရဲ့ ခရိုင်အဆင့် ရှိတဲ့ မြို့တစ်မြို့ကို ပထမဆုံးအကြိမ် သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MODSee translation

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.