ဇီလန်စကီးက ကန်သမ္မတဟောင်းထရန့်ကို ယူကရိန်းလာဖို့ ဖိတ်ကြား
ဝါရှင်တန်၊ နိုဝင်ဘာ ၇ ယူကရိန်းသမ္မတ ဇီလန်စကီးက ရန်ပုံငွေတွေပိုမိုကူညီပံ့ပိုးပေးဖို့ အမေရိကန်ကို တောင်းဆိုထားခဲ့ပြီး သမ္မတဟောင်း ဒေါ်နယ်ထရန့်ကိုလည်း စစ်ပွဲအတိုင်းအတာ သိရှိနိုင်အောင် ကိုယ်တိုင်လာရောက်ကြည့်ရှုဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ အမေရိကန်ကသာ ယူကရိန်းစစ်ပွဲကို ထောက်ခံမှုမပေးရင် ရုရှားအနေနဲ့ ပိုကြီးတဲ့ဥရောပရဲ့ပဋိပက္ခမှာ အမေရိကန်စစ်သားတွေကိုပါ ဆွဲခေါ်သွားလိမ့်မယ်လို့ ဇီလန်စကီးက ပြောကြားခဲ့တာပါ။ “ရုရှားက ငါတို့အားလုံးကို သတ်နိုင်ခဲ့မယ်ဆိုရင် သူတို့က နေတိုးနိုင်ငံတွေကို တိုက်ခိုက်လိမ့်မယ်၊ အဲဒီခါကျရင်…