November 5, 2023

၁၀၂၇ စစ်ဆင်ရေးမှာ KNDF ပူးပေါင်းပါဝင်တိုက်ခိုက်နေ

လွိုင်ကော် – နိုဝင်ဘာ ၅ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ စခန်းသိမ်းတိုက်ပွဲတွေအတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က တပ်ရင်းအမှတ် ၆၀၆ ကိုဖွဲ့စည်းပြီး စစ်ကောင်စီတပ်တွေကို တိုက်ခိုက်နေတယ်လို့ ပြောပါတယ်။ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က ဦးဆောင်ပြီး ရှမ်းမြောက်ဒေသကိုဖော်ဆောင်နေတဲ့ ၁၀၂၇ စစ်ဆင်ရေးကို ကြိုဆိုသလို စစ်ဆင်ရေးတွေမှာ ထိထိရောက်ရောက် ပါဝင်ဆောင်ရွက် နေတယ်လို့ KNDF က နိုဝင်ဘာလ ၃…

စစ်ရေးအထိနာနေတဲ့ စစ်ကောင်စီက KIA ကို လက်တုံ့ပြန်မယ်လို့ ခြိမ်းခြောက်

လိုင်ဇာ၊ နိုဝင်ဘာ ၅ လူထုထောက်ခံမှု အားကောင်းတဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း အထိနာနေတဲ့ စစ်ကောင်စီကကချင်လွတ်လပ်ရေးတပ်မတော် KIA ကို လိုအပ်တဲ့ လက်တုံ့ပြန်မှုတွေ လုပ်ဆောင်သွားမယ်လို့ ခြိမ်းခြောက်လာပါတယ်။ စစ်တပ်ဝါဒဖြန့် ပလက်ဖောင်းအဖြစ် အသုံးပြုနေတဲ့ တယ်လီဂရမ်ချန်နယ်တွေနဲ့ နိုင်ငံပိုင်းသတင်းစာပါဖော်ပြချက်အရ KIA အနေနဲ့ စစ်တပ်ကြိုးပမ်းနေတဲ့ ငြိမ်းချမ်းရေးအပေါ် လိုက်ပါခြင်းမရှိဘူးလို့စစ်ကောင်စီ က နိုဝင်ဘာ ၄ ရက်နေ့မှာ ထုတ်ပြန်လာတာပါ။…

မော်လမြိုင်မှာ CDM သားဖွားဆရာမတစ်ဦး ဖမ်းဆီးအမှုဖွင့်ခံရ

မော်လမြိုင်၊ နိုဝင်ဘာ ၅ မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ နေထိုင်နေတဲ့ CDM သားဖွားဆရာတစ်ဦးကို စစ်ကောင်စီက လူမှုကွန်ရက်မှာ အကြမ်းဖက်မှု ထောက်ခံအားပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ စစ်ကောင်စီရဲတပ်ဖွဲ့ နဲ့နီးစပ်သူတွေထံကနေ သိရပါတယ်။ CDM သားဖွားဆရာမ ဒေါ်ခင်ခင်ဝေဟာ ရေးမြို့နယ်ငါးလုပ်ငန်းဦးစီးမှူး ဦးဇော်နိုင်လင်း ပစ်သတ်ခံရမှုအပေါ် သူရဲ့လူမှုကွန်ရက်မှာ ပြန်လည်မျှဝေခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နိုဝင်ဘာ ၂ ရက်နေ့မှာ စစ်ကောင်စီက…

ထားဝယ်ထောင်မှာ နိုင်ငံရေးအကျဉ်းသားတစ်ဦး ပါးရိုက်ခံရလို့ ထောင်ဆူပူမှုဖြစ်

ထားဝယ်၊ နိုဝင်ဘာ ၅ တနင်္သာရီတိုင်း၊ ထားဝယ်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတစ်ဦးကို ထောင်ဝန်ထမ်းတစ်ဦးက ပါးရိုက်ခဲ့တာကြောင့် ထောင်တွင်းဆူပူမှုဖြစ်ပွားခဲ့တယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သူတွေကနေ စုံစမ်းသိရှိရပါတယ်။ အဲဒီထောင်ဆူပူမှုဟာ ဒီနေ့ နိုဝင်ဘာ ၇ ရက်နေ့ မနက် ၇ နာရီအချိန် မနက်စာစားချိန်မှာ အကျဉ်းသားတစ်ဦးက ထမင်းပိုတောင်းရာကနေ ထောင်ဝန်ထမ်းက ပါးရိုက်ခဲ့တဲ့အတွက် ဖြစ်ပွားခဲ့တာပါ။ ထောင်ဝန်ထမ်းရဲ့ပါးရိုက်မှုကို ထောင်အာဏာပိုင်တွေက ဖြေရှင်းပေးတာ မရှိတဲ့အတွက် ထောင်တွင်း…

ရှမ်းမြောက်တိုက်ပွဲတွေကြောင့် မွန်ပြည်နယ်ထွက်ရော်ဘာ ဈေးနှုန်းထိုးကျ

မော်လမြိုင်၊ နိုဝင်ဘာ ၅ မွန်ပြည်နယ်ထွက် ရော်ဘာတွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နယ်စပ်ကုန်သည်တွေ ဝယ်ယူမှုမရှိတော့တဲ့အတွက် ဈေးနှုန်းဆက်တိုက် ကျဆင်းမှုနဲ့ ကြုံနေရတယ်လို့ ရော်ဘာလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးရဲ့ အဓိကအချက်အချာဖြစ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ကြား တိုက်ပွဲတွေပြင်းထန်နေတဲ့အတွက် နယ်စပ်ကုန်သွယ်မှု ရပ်တန့်သွားတာပါ။ နယ်စပ်ကုန်သွယ်မှု ရပ်တန့်သွားတဲ့အတွက်…

KNU နယ်မြေမှာ စစ်ရှောင်ဒုက္ခသည် ၇ သိန်းကျော်အထိတိုးလာ

ကော်သူးလေ၊ နိုဝင်ဘာ ၅ ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေမှာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် စစ်ရှောင်ဒုက္ခသည် ၇ သိန်းကျော်အထိ တိုးလာတယ်လို့ KNU ဗဟိုရဲ့ နိုဝင်ဘာ ၃ ရက်နေ့ထုတ် အစီရင်ခံစာအရ သိရပါတယ်။ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ အခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့အထိ ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း…

ဘီးလင်းမှာ ရဲတပ်သားတစ်ဦး ပစ်သတ်ခံရ

ဘီးလင်း၊ နိုဝင်ဘာ ၅ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဝင်းကကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်းဘေးရှိ အရက်ဆိုင်မှာ စစ်ကောင်စီရဲတပ်သားတစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဝင်းကနယ်မြေရဲစခန်းက ရဲတပ်သား ဇော်နိုင်ဝင်းဟာ နိုဝင်ဘာ ၄ ရက်နေ့ မနက် ၁၁ နာရီအချိန်လောက်မှာ ဦးပေါင်တိုအရက်ဆိုင်အတွင်းရှိနေချိန် အမည်မသိလူနှစ်ဦးက ဆိုင်ကယ်နဲ့လာပြီး သေနတ်နဲ့ပစ်ခတ်သွားတာပါ။ သေနတ်နဲ့ ပစ်သတ်ခံရတာကြောင့် ရဲတပ်သား…