မင်းတပ် – နိုဝင်ဘာ ၄

ချင်းပြည်နယ်၊မင်းတပ်မြို့နယ်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ CDF မင်းတပ်က သတင်းထုတ်ပြန်ထားပါတယ်။

ဒီနေ့ နိုဝင်ဘာလ ၄ ရက်နေ့ မနက်ပိုင်းက မင်းတပ်မြို့နယ် ၁၆ မိုင်နဲ့ ပန်းစခန်းကြားက ပြည်သူ တွေသွားလာနေတဲ့ လမ်းကို လေယာဉ်နဲ့ ၂ ကြိမ်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုမှာ ဗုံး ၆ လုံးအသုံးပြုခဲ့တာပါ။

လေကြောင်းတိုက်ခိုက်မှုအပြင် မင်းတပ် ခ.လ.ရ – ၂၇၄ ဘက်ကလည်း လက်နက်ကြီးနဲ့ ၅ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီလို စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ထိခိုက်ပျက်စီးမှု အခြေအနေအသေးစိတ် ကိုတော့ အသိပေးထားတာမရှိပါဘူး။

ဓာတ်ပုံ – CDF- Mindat

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.