မော်လမြိုင် – နိုဝင်ဘာ ၄

အာဏာသိမ်းစစ်ကောင်စီက ၂၀၂၃ ခုနှစ် မေလ မှ ဩဂုတ်လ အတွင်းနိုင်ငံတဝန်းမှာ လူ ၅ ဦး ထက်မနည်းသေဆုံးခဲ့တဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုပေါင်း ၂၇ ခုကျူးလွန်းခဲ့တယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့က စာတမ်းထုတ်ဝေထားပါတယ်။

အဲ့ဒီအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရတာကြောင့် အရပ်သား ၁၈၈ဦး သေဆုံးခဲ့ရတယ်လို့ ဆိုထားပါတယ်။

စစ်အုပ်စုရဲ့ ၂၀၂၃ ခုနှစ် မေလကနေ ဩဂုတ်လအတွင်း လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး အသေးစိတ်ဖော်ပြထားတဲ့ အစီရင်ခံစာကို ပူးတွဲပါ Link တွေမှာ သွားရောက် ဖတ်ရှုနိုင်ပါတယ်။

ဒါ့အပြင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၃ ခုနှစ် ဩဂုတ်လအထိ နိုင်ငံတဝန်းမှာ လူ ၅ ဦးနဲ့သေဆုံးခဲ့တဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုပေါင်း အနည်းဆုံး ၁၇၅ ခုကို စစ်အုပ်စုက ကျူးလွန်ခဲ့ပြီး စုစုပေါင်း ၁၇၉၄ ဦးသေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

ပြည်သူတွေကို စစ်အုပ်စုရဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး NUG အစိုးရ က လည်းစစ်တမ်းကောက်ယူတာတွေရှိနေသလို နိုင်ငံတကာတရားရုံးတွေမှာ တရားစွဲဆိုနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ သက်ဆိုင်ရာဝန်ကြီးဌာနတွေက ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်သတ်ဖြတ်ခံရပြီး ကျဆုံးခဲ့သူ ၄၂၀၀ နီးပါးအထိရှိနေပြီဖြစ်တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP မှာ ဖော်ပြထားပါတယ်။

ဉာဏ်လင်းသစ်သုတေသနအဖွဲ့ပြုစုထားတဲ့ စစ်တပ်ရဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ (မေ ၂၀၂၃-ဩဂုတ် ၂၀၂၃) စာတမ်းကို မြန်မာဘာသာဖြင့် – https://bit.ly/45XcayO အင်္ဂလိပ်ဘာသာဖြင့် – https://bit.ly/3SkXuWY တို့မှာသွားရောက်ဖတ်ရှုနိုင်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – NLTA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.