မနီလာ၊ အောက်တိုဘာ ၅
ဂျပန်နဲ့ ဖိလစ်ပိုင်နှစ်နိုင်ငံ စစ်ရေးဆိုင်ရာ လက်လှမ်းမီခွင့်နဲ့ တပ်ဖွဲ့တွေအချင်းချင်းအပြန်အလှန်ဖလှယ်နိုင်မယ့် ပူးပေါင်းတပ်ဖွဲ့ ဖွဲ့စည်းဖို့ သဘောတူညီချက်ကို နှစ်နိုင်ငံခေါင်းဆောင်တွေ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ဒီလိုဆောင်ရွက်မှုဟာ တရုတ်ရဲ့ ရန်လိုမုန်းထားတဲ့ ဆောင်ရွက်ချက်တွေ တိုးမြှင့်လာချိန်နဲ့ ဒေသတွင်း ပင်လယ်ရေကြောင်းဆိုင်ရာ တင်းမာမှုတွေမြင့်တက်ချိန်မှာပဲ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
ဂျပန်နဲ့ ဖိလစ်ပိုင်ခေါင်းဆောင်တို့ဟာ အရှေ့နဲ့တောင်တရုတ်ပင်လယ်အတွင်းရှိ သက်ဆိုင်ရာ နိုင်ငံအသီးသီးရဲ့ အချုပ်အခြာအာဏာကို ထိပါးဖို့ ကြိုးစားလာတဲ့ ဆောင်ရွက်ချက်ကို ကျားကန်ဖို့ အမေရိကန်ပြည် ထောင်စုနဲ့အတူ လက်တွဲလုပ်ဆောင်ဖို့ သဘောတူညီခဲ့ကြတာပါ။
“စစ်ရေးဆိုင်ရာ သဘောတူညီမှုတွေကို အပြန်အလှန်ဖလှယ်မယ့် ဆွေးနွေးညှိနှိုင်းမှုတွေကို စတင်ဖို့ ဆုံးဖြတ်နိုင်ခဲ့ကြပြီးတဲ့နောက်မှာ သုံးဖက်ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းဖို့ကိုလည်း သဘောတူခဲ့ကြပါတယ်” လို့ ဂျပန်ဝန်ကြီးချုပ် ကီရှီဒါက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
အမေရိကန်နဲ့ စစ်ရေးအရလက်တွဲထားတဲ့ ဂျပန်နဲ့ ဖိလစ်ပိုင် ၂ နိုင်ငံစလုံးဟာ တရုတ်သင်္ဘောတွေဝင်ရောက်မှု နဲ့ ပင်လယ်ပြင်အတွင်း တရုတ်ရဲ့ရန်လိုမုန်းထားမှု အခြေအနေတွေကို အစဉ်တစိုက် ဆန့်ကျင်နေကြတာပါ။
ဒီလိုသဘောတူညီချက်ဟာ ဖိလစ်ပိုင်နဲ့ အမေရိကန်ပြည်ထောင်စုကြားမှာလည်း ချုပ်ဆိုထားပြီး စစ်ရေးအရ တပ်စွဲမှုကို အလှည့်ကျသတ်မှတ်ဖို့နဲ့ စစ်ရေးသင်တန်းတွေ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ဖို့ဖြစ်တယ်လို့ သိရပါတယ်။
ဒီသဘောတူညီချက်အရ ဂျပန်ဟာ ပြည်ပနိုင်ငံလုံခြုံရေးအတွက် အထောက်အကူပြုရေးအစီအစဉ်မှာ ဖိလစ်ပိုင်ကမ်းရိုးတန်း ရေဒါလုံခြုံရေးကို မြှင့်တင်ဖို့ ဂျပန်ငွေ သန်း ၆၀၀ ပေးအပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။
Ref:Reuters