Russian President Vladimir Putin chairs a meeting with members of the Security Council via video link at the Kremlin in Moscow, Russia October 27, 2023. Sputnik/Gavriil Grigorov/Pool via REUTERS/File Photo

မော်စကို၊ နိုဝင်ဘာ ၄

ရုရှားနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးထားတဲ့ ကမ္ဘာလုံးဆိုင်ရာ နျူလက်နက်စမ်းသပ်မှု တားမြစ်ရေး သဘောတူစာချုပ်ကို သမ္မတဗလာဒီမာပူတင်က နိုဝင်ဘာ ၂ ရက်နေ့မှာ လက်မှတ်ရေးပြီး ရုပ်သိမ်းလိုက်ပါတယ်။

ဒီလိုလုပ်ဆောင်ခဲ့တာဟာ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး အနိမ့်ဆုံးအဆင့် ရောက်ရှိနေတဲ့ အမေရိကန်နဲ့ ရုရှားတို့ကြား ဆက်ဆံရေး ပိုမိုအေးစက်သွားပြီးဆိုတဲ့ အခြေအနေကို သက်သေပြခဲ့တာလည်း ဖြစ်ပါတယ်။

အလုံးစုံနျူကလီးယားစမ်းသပ်မှု တားမြစ်ရေးစာချုပ် CTBT ကို ရှရှားအနေနဲ့ ရုပ်သိမ်းကြောင်း လက်မှတ်ရေးထိုးမှုဟာ စာချုပ်မှာ လက်မှတ်မထိုးထားတဲ့ အမေရိကန်နဲ့လိုက်လျောညီထွေဖြစ်စေဖို့ လုပ်ဆောင်ခြင်းသာ ဖြစ်တယ်လို့ မော်စကိုက ပြောခဲ့ပါတယ်။

ဒါ့အပြင် နျူကလီးယားစမ်းသပ်မှုကို ဝါရှင်တန်က မလုပ်ဆောင်သမျှ ရုရှားကလည်း ပြန်လည်လုပ်ဆောင်မှာ မဟုတ်ကြောင်း ရုရှားသံတမန်တွေက ပြောဆိုပါတယ်။

ဒီလိုရုပ်သိမ်းမှုဟာ ယူကရိန်းစစ်ပွဲအတွင်း ခြောက်ခြိမ်းဖို့ ရုရှားက နျူကလီးယားစမ်းသပ်မှုဆီကို ဦးတည်နေနိုင်တယ်လို့ အနောက်နိုင်ငံလက်နက်ထိန်းချုပ်ရေး ကျွမ်းကျင်သူတွေက စိုးရိမ်နေကြတာပါ။

ရုရှားနိုင်ငံမှ လုံခြုံရေးကျွမ်းကျင်သူတွေနဲ့ ဥပဒေပြုအမတ်အချို့က နျူကလီယားဗုံးစမ်းသပ်ဖို့ တိုက်တွန်းခဲ့ပြီးနောက် ပူတင်က ရုရှားရဲ့ နျူကလီးယားစမ်းသပ်မှု ပြန်လည်စတင်သင့်တယ်ဆိုတာကို သူ့အနေနဲ့ ပြောကြားဖို့ အဆင်သင့်မဖြစ်သေးကြောင်း ပြောကြားခဲ့ပါတယ်။

ဘက်စုံနျူကလီးယားစမ်းသပ်မှုတားမြစ်ရေးစာချုပ်အဖွဲ့ရဲ့ အကြီးအကဲ ရောဘတ်ဖလွိုက်ကတော့ စာချုပ်ကို အသိအမှတ်ပြုမှုမြှင့်တင်ဖို့နဲ့ နျူကလီးယားစမ်းသပ်မှုတွေ မတွေ့နိုင်စေဖို့အတွက် ရုရှားရဲ့ခြေလှမ်းကို ရှုတ်ချခဲ့ တာပါ။

“ရုရှားဖက်ဒရေးရှင်းရဲ့ ဒီကနေ့ ဆုံးဖြတ်ချက်ဟာ အလွန်စိတ်ပျက်စရာကောင်းပြီး အလွန်ဝမ်းနည်းဖွယ်ကောင်း ပါတယ်” လို့ ရုရှားအကြီးတန်းအရာရှိတွေကို စိတ်ပြောင်းလဲစေဖို့ စည်းရုံးလှုံ့ဆော်ခဲ့ဖူးသူ CTBT အဖွဲ့မှ တာဝန်ရှိသူ ဖလွိုက်ဒ်က X ပလက်ဖောင်းမှာ ပြောဆိုခဲ့ပါတယ်။  

ဘက်စုံနျူကလီးယားစမ်းသပ်မှု တားမြစ်ရေးစာချုပ်အဖွဲ့ဟာ နျူကလီးယားပေါက်ကွဲမှုမှ အသံ၊ လှိုင်းလုံးတွေ၊ ရေဒီယိုသတ္တိကြွ ပေါက်ကွဲသံတွေကို ထောက်လှမ်းနိုင်တဲ့ ကမ္ဘာလုံးဆိုင်ရာ စောင့်ကြည့်ရေး ကွန်ရက်တစ်ခုကိုလည်း ထူထောင်ထားတာပါ။

၁၉၉၀ ခုနှစ်မှာ ဆိုဗီယက်ယူနီယံနဲ့ ၁၉၉၂ ခုနှစ်မှာ အမေရိကန်တို့က နောက်ဆုံးစမ်းသပ်ခဲ့တာဖြစ်ပြီး ဆိုဗီ ယက်ခေတ်လွန်မှာတော့ရုရှားဟာ နျူစမ်းသပ်မှု မပြုလုပ်ခဲ့ပါဘူး။ မြောက်ကိုရီးယားမှလွဲပြီး ဘယ်နိုင်ငံမှ နျူကလီးယားပေါက်ကွဲမှုနဲ့ပတ်သက်တဲ့ စမ်းသပ်မှုကို အခုရာစုနှစ်မှာ ပြုလုပ်ခဲ့တာလည်း မရှိပါဘူးလို့ သိရပါတယ်။

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.