“ဆရာကြီးနိုင်ငွေသိန်းက မွန်လူငယ်တွေကို အချစ်သီချင်းရေးမယ်ဆိုရင်လည်း မင်းတို့အမျိုးသားရေးကို နည်းနည်းပါးပါးထည့်ပြီး ချစ်ကြပါ၊ ရေးကြပါလို့ အမြဲတမ်းမှာကြားလေ့ရှိတယ်”
ဝါရင့်မွန်တိုင်းရင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ အသက် ၈၈ အရွယ် ဆရာကြီးနိုင်ငွေသိန်းရဲ့ ဂုဏ်ပြုပွဲကို ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်နေ့က မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ရာမညဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါ တယ်။ ပြင်းထန်ဝေဒနာခံစားနေရတဲ့ ဆရာကြီးနိုင်ငွေသိန်းဟာ သူ့သက်တမ်းတလျှောက် မွန်အမျိုးသားရေး၊ မွန်စာပေယဉ်ကျေးမှု၊ မွန်ဂီတသုခုမ၊ မွန်နိုင်ငံရေး ၊ မွန်လူငယ်တွေရဲ့ ပညာရေးကဏ္ဍဖွံ့ဖြိုးရေး လုပ်ငန်းစဉ်တွေ မှာ ဦးဆောင်ပါဝင်ခဲ့တာပါ။
အဲဒီထဲမှာ ဆရာကြီးနိုင်ငွေသိန်းရဲ့ ခေတ်သစ်မွန်ဂီတသုခုမအနုပညာ ဖော်ထုတ်ကြိုးပမ်းမှု၊ ရေးစပ်ခဲ့တဲ့သီချင်း အကြောင်းအရာတွေ၊ ဘဝဖြတ်သန်းမှုအခြေအနေတွေနဲ့ ပတ်သက်ပြီး မွန်ဂီတအစည်းအရုံး ဒုတိယဥက္ကဋ္ဌ နိုင်ဗညားအောင်နဲ့ ဆက်သွယ်မေးမြန်းချက်။
သံလွင်တိုင်းမ် – အရင်ဆုံး ဆရာကြီးနိုင်ငွေသိန်းဟာ ခေတ်သစ်မွန်ဂီတသုခုမကို ဖော်ထုတ်ကြိုးပမ်းရာမှာ ဦးဆောင်ပါဝင်သူ ဖြစ်တယ်လို့ သိရပါတယ်။ ဆရာကြီးရဲ့ အနုပညာလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး ပြန်ပြောပြ ပေးပါဦး။
နိုင်ဗညားအောင် – ကျွန်တော်တို့မွန်မှာဆိုရင် သူ့ရဲ့မှတ်တိုင်ကအကြီးကြီး ဖြစ်တာပေါ့ဗျာ။ ၁၉၇၄ခုနှစ်လောက် ကျွန်တော်တို့ လောကမှာဆိုရင် ကျွန်တော်စတူဒီယိုလောကခေတ်ကို ကူးပြောင်းတဲ့ကာလပေါ့။ အဲဒီမှာ ဆရာ ကြီးက ဦးစီးပြီးတော့ လျးဟံသာတီးဝိုင်းပေါ့။ လျးဟံသာ တီးဝိုင်းကိုစပြီးတော့ ဆရာကြီးအပါအဝင်ပေါ့လေ။ ပုဂ္ဂိုလ်ကိုကျန်ရစ်တို့ပါတာပေါ့။ အကုန်လုံးက ဆရာကြီးရဲ့ဦးစီးမှုနဲ့ ဦးဆောင်မှုနဲ့ မွန်တီးဝိုင်းကို စပြီးတည်ထောင် နိုင်ခဲ့တယ်။ လျးဟံသာ တီးဝိုင်းဆိုတာက ကိုယ့်စက်ပစ္စည်းအစုံနဲ့ ရန်ကုန်မှာရှိတဲ့ဗမာတေးဂီတဝိုင်းတွေလိုပဲ စတူဒီယိုခေတ်ဦးပေါ့။ အဲဒီမှာ အရင်တုန်းက ဖားအောက်တီးဝိုင်းရှိပါတယ်။ ဖားအောက်တီးဝိုင်းကနေ လျးဟံ သာတီးဝိုင်းက ကျွန်တော်တို့ခေတ်ပေါ်ရော၊ လျှပ်စစ်ဂီတာတွေရော၊ စန္ဒရားရော၊ ဗုံတွေ အကုန်လုံးပါတယ်။ အဲ ဒီတီးဝိုင်းကို ဆရာကြီးကနေ ဦးဆောင်တယ်လို့ ပြောလို့ရတယ်။
မွန်တီးဝိုင်းဆိုတာ မရှိသေးလို့ပါ။ ဆရာကြီးတို့က လျးဟံသာတီးဝိုင်းကအစပဲ။ ပထမဦးဆုံးတည်ထောင်တဲ့ တီးဝိုင်းဖြစ်ပါတယ်။ ဆရာကြီးဦးဆောင်ခဲ့တယ်လို့ ပြောချင်ပါတယ်။ အဲဒီမှာဆရာကြီးက မွန်သီချင်းတွေကို ဦးဆောင်ပြီး ရေးပါတယ်။ လျးဟံသာတီးဝိုင်းရှင်သန်ဖို့က အဓိကသီချင်းက အသက်ဖြစ်ပါတယ်။ အရင်တုန်းက မွန်တွေကဆိုခဲ့တဲ့ သီချင်းတွေက ခေတ်ပေါ်သီချင်းတွေမဟုတ်ဘူး။ ခေတ်ဟောင်း သီချင်းတွေဖြစ်တယ်။ ခေတ် ဟောင်းသီချင်းတွေဆိုတော့ မိချောင်းတွေ၊ တူရိယာတွေနဲ့ဆိုတယ်။ ဂစ်တာတွေနဲ့ဆိုတဲ့ သီချင်းမဟုတ်ဘူး။ စန္ဒရားနဲ့ဆိုတဲ့အတွက်ကြောင့်မို့လို့ လူငယ်တွေနဲ့ ခေတ်ဟောင်းသီချင်းတွေဆို မဖြစ်နိုင်ဘူး။ ခေတ်လူငယ်တွေ အကြိုက် ခေတ်ပေါ်တီးဝိုင်းလိုမျိုး စတူဒီယိုတီးဝိုင်းတစ်ခုဖြစ်လာခဲ့တာပေါ့။ ဂီတာနဲ့တီးတဲ့မွန်သီချင်းတွေ စပြီးတော့ ၁၉၉၄ခုနှစ်မှာ လျးဟံသာတီးဝိုင်းကနေပြီးတော့ အသံသွင်းတယ်။ စပြီးတီးဝိုင်းတွေထွက်ခဲ့တယ်။
အခုတီးဝိုင်းတွေ တစ်ခုပြီးတစ်ခုပေါ်လာတဲ့အထိပေါ့။ အခုမွန်တီးဝိုင်းတွေ အများကြီး။ မွန်သီချင်းတွေ အများကြီး ဖြစ်ပေါ်လာတဲ့အထိပေါ့လေ။ ဆရာကြီးကနေ ဒီနေ့အထိပေါ့။ ဆရာကြီးက ဒီနှစ်လပိုင်းဆို ၈၈ပြည့်ပါပြီ။ အဲဒီအချိန်ကနေ ဒီနေ့အထိ မွန်ဂီတလောကမှာ ကျွန်တော်တို့လေးစားတဲ့ ဆရာတစ်ဆူပေါ့ဗျာ။ သီချင်းရေး ဆရာ တစ်ဦးအနေနဲ့ ကျွန်တော်ဂီတသမားတစ်ဦးအနေနဲ့ ဆရာကြီးတို့ရဲ့ ဦးဆောင်လမ်းပြမှုအောက်မှာ ကျွန်တော်ပါဝင်လက်တွဲ လှုပ်ရှားခဲ့ဖူးပါတယ်လို့ ပြောပြချင်ပါတယ်။
သံလွင်တိုင်းမ် – ဆရာကြီးနိုင်ငွေသိန်းက မွန်သီချင်းတွေကို အဓိက ရေးစပ်ခဲ့တယ်ဆိုတော့ ဘယ်လိုသီချင်းတွေ ကို အဓိကရေးစပ်ခဲ့တာလဲ။
နိုင်ဗညားအောင် – ဆရာကြီးကဂီတကို ပတ္တလားတို့၊ မယ်ဒလင်တို့ နည်းနည်းပါးပါးလောက်တော့ သင်ခဲ့တာ ရှိတယ်။ သံစဉ်တော့ ဆရာကြီးမရှာတတ်ဘူး။ ဆရာကြီးက ကောင်းခြင်းလင်္ကာမွန်သီချင်းကို ဆရာကြီးက ရာဇာဓိရာဇ်အရေးတော်ပုံဆိုပြီး မွန်ဘာသာနဲ့ ရာဇာဓိရာဇ်မင်းအကြောင်းကို ဆရာကြီးကမွန်လိုပြန်ပြီး ရေးတယ်။ ဒီ သီချင်းတွေက ရှေးဟောင်းမွန်စာပေအရေးအသားနဲ့ အကြောင်းအရာနဲ့ တော်တော်လေးကို ခေတ်ဟောင်းသီ ချင်းကြီးလိုပေါ့။ မွန်သီချင်းကြီးတွေဆိုတာ ကျွန်တော်တို့မှာ ရေးနိုင်လောက်တဲ့သူက ဆရာကြီးတစ်ပါးပဲရှိပါတယ်။ ဆရာကြီးတစ်ယောက်ပဲရှိပါတယ်။ ကျန်တဲ့ဟာမရေးနိုင်ဘူး။ ကျွန်တော်တို့လည်းလိုက်ပြီး မရေးနိုင်ဘူး။ ဆရာကြီးက မွန်စာပေကို နက်နက်ရှိုင်းရှိုင်းတတ်ပါတယ်။ ဆရာကြီးက မွန်၊ ဗမာ၊ အင်္ဂလိပ်သုံးဘာသာကို တတ်တဲ့အတွက်ကြောင့် မွန်သီချင်းရေးတဲ့အခါမှာလည်း ဂန္တဝင်သီချင်းတွေ၊ ခေတ်ဟောင်းသီချင်းတွေလည်း ရေးနိုင်တယ်။
နောက်ပြီးတော့ ခေတ်ပေါ်သီချင်းတွေ ကော်ပီသီချင်းတွေဖြစ်ပါတယ်။ စတူဒီယိုသီချင်းတွေက ကော်ပီသီချင်း တွေ ဖြစ်ပါတယ်။ ဗမာပြည်မှာကျတော့။ ခေတ်ပေါ်သီချင်းတွေကို မွန်ဘာသာနဲ့ရေးတာပေါ့။ ခေတ်ကိုကလိတဲ့ သီချင်းတွေပေါ့။ နိုငငံရေးသီချင်းတွေ ခေတ်ကိုထင်ဟပ်စေတဲ့ သီချင်းတွေပါတယ်။ မွန်ဘာသာနဲ့ပေါ့။ ဒါပေမယ့်စာပေစိစစ်ရေးကို ဖြတ်ရတာပေါ့ဗျာ။ အသံသွင်းတဲ့အခါမှာ တော်တော်လေးကျပ်ပါတယ်။ ဆရာကြီး သီချင်းထဲ ခွင့်မပြုတဲ့သီချင်းတွေလည်း ရှိခဲ့ပါတယ်။ စာပေစိစစ်ရေးကနေပြီးတော့ ခွင့်မပြုတဲ့သီချင်းတွေ မထုတ်ဖြစ်ပါဘူး။ ဆရာကြီးက မွန်သီချင်းတွေကို အဲဒီကာလတလျှောက်လုံးမှာ လျးဟံသာအတွက်ကို အပုဒ်ရေ ၅၅ကျော် ၆၀လောက် ရေးခဲ့ပါတယ်။ ကျန်တဲ့သီချင်းထုတ်လုပ်ရေးအတွက်က အပုဒ်၃၀လောက်ရှိပါတယ်။ မှတ်တမ်းတွေမှာ ကျွန်တော်သိရပါတယ်ခင်ဗျ။
သံလွင်တိုင်းမ် – ဆရာကြီးနိုင်ငွေသိန်း ရေးစပ်ခဲ့တဲ့ သီချင်းတွေထဲမှာ ဘယ်သီချင်းတွေက အအောင်မြင်ဆုံး ဖြစ်မလဲ။ အကျော်ကြားဆုံးဖြစ်ခဲ့တဲ့ သီချင်းတွေအကြောင်း ပြောပြပေးပါဦး။
နိုင်ဗညားအောင် – အခုခေတ်ကလေးတွေက မမွေးသေးဘူး။ ဥပမာဆရာကြီးခေတ်ကို ပြောမယ်ဆိုရင် ၈၀၊ ၈၅၊ ၉၀ အဲဒီကာလပေါ့။ အဲဒီကာလမှာဆိုရင် သူ့သီချင်းတွေက လွှမ်းမိုးတယ်။ စတူဒီယိုခေတ်တွေမှာဆိုရင် ဥပမာ -မီးရထားကို စီးတဲ့အခါမှာ လူထုတွေက ဘယ်လိုတိုးကြိတ်ပြီးတော့ စီးနေရလဲ။ ဘယ်လိုပြေးလွှားပြီးတော့ သွား နေရလဲ။ လူထုရဲ့ဒုက္ခပေါ့ သီချင်းနာမည်ကလေ။ တော်တော်လေးကို ခေတ်စားတယ်။ အဲဒီသီချင်းတွေက ဘယ်မှာဖြစ်ဖြစ် အစိုးရကို၊ မဆလခေတ်ကို ဝေဖန်တိုက်ခိုက်တဲ့သီချင်းတွေ။ အဲဒီခေတ်တွေကို ပြောင်လှောင် တဲ့ သီချင်းသဘောမျိုးရေးခဲ့တာ ရှိပါတယ်။ လူငယ်တွေအကြိုက်ဖြစ်ခဲ့တာတွေ ကျန်ခဲ့တာပေါ့။ တော်တော်လေး ကို မှတ်မိသူကျတော့ မှတ်မိပါတယ်။ အခုခေတ်မှာတော့ ပါမလာတော့ဘူး။ ဆရာကြီးရဲ့ ၂၀၀၀ခုနှစ်လောက်မှာ ဟိုဘက်ပိုင်းမှာပဲ ကျန်ခဲ့ပါတယ်။ ဒီဘက်ခြမ်းကို မရောက်လာသေးဘူး။ တချို့ကတော့ပြန်လုပ်နေတဲ့ သီချင်း တွေ၊ ကာဗာသီချင်းလို ပြန်လုပ်နေတာတွေမျိုးလည်း ကြားမိပါတယ်။
သံလွင်တိုင်းမ် – ဆရာကြီးနိုင်ငွေသိန်း ရေးစပ်ခဲ့တဲ့ သီချင်းတွေ မပျောက်ကွယ်သွားအောင် ထိန်းသိမ်းဖို့ မွန်ဂီတအစည်းအရုံးအနေနဲ့ ဘာတွေလုပ်ဆောင်ဖို့ ရှိလဲ။
နိုင်ဗညားအောင် – ဒီကိစ္စနဲ့ပတ်သက်ပြီး သေသေချာချာကို ကျွန်တော်တို့မှာကို ဆွေးနွေးပြောဆိုသံတော့ မ ကြားသေးဘူး။ ဆရာကြီး လျးဟံသာဝိုင်းဆိုတာ အခုထိ ကျန်နေသေးတယ်။ အဓိကက ဆရာကြီးနဲ့ဆိုင်တဲ့ သီချင်းတွေက အဲဒီဝိုင်းပေါ်မှာ မူတည်တယ်လေ။ ကျွန်တော်တို့မှာ မွန်ဂီတအစည်းအရုံးရှိပါတယ်။ မွန်ဂီတအ စည်းအရုံးအနေနဲ့တော့ ဘာမှလည်း မဆွေးနွေးရသေးဘူး။ ဆရာကြီးရဲ့တီးဝိုင်းက ကိုကျန်ရစ်တို့ကျန်နေသေး တယ်။ အဓိကက ဆရာကြီးရေးတဲ့သီချင်းတွေက လျးဟံသာရဲ့မူပိုင်သီချင်းတွေဖြစ်နေတယ်။ သီချင်းကိုချစ်တဲ့ သူတွေကတော့ သူ့တို့အစီအစဉ်နဲ့သူ ထိန်းသိမ်းထားတယ်။ ဒါပေမယ့် သီချင်းကိုပဲ အခုခေတ်လူငယ်တွေအ နေနဲ့ ပြန်ပြီးတော့ထုတ်ပြဖို့က တချို့တလေလုပ်တာ ရှိတယ်လေ။ ဒါပေမယ့် သီချင်းတွေကိုတော့ ထိန်းသိမ်း ထားတာရှိတယ်။ သူ့ပုံစံနဲ့သူရှိတယ်။ ဒါကပုဂ္ဂိုလ်ရေးအရပဲ အဖွဲ့အစည်းအနေနဲ့ ထိန်းသိမ်းထားတာ မဟုတ်ဘူး ။ လျးဟံသာတီးဝိုင်းလည်းရှိတယ်။ အဖွဲ့သားတွေ သူတို့မှာလည်း အရင်သီချင်းခွေတွေလည်း ရှိတယ်။ အခုက MP3တွေနဲ့ အကုန်လုံးချထားတယ်။ နေရာတိုင်းအနှံ့မှာရှိပါတယ်။ ရှေ့မှာ ဘယ်လိုလုပ်သွားမလဲဆိုတဲ့ဟာက ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတာ စဉ်းစားကြမယ်လို့ ယူဆပါတယ်။
သံလွင်တိုင်းမ် – ဆရာကြီးနိုင်ငွေသိန်းရဲ့ အမှတ်တရတွေကြောင်းလည်း ပြောပြပေးပါဦး။ ဥပမာ အနုပညာ လှုပ်ရှားမှုတွေထဲ အမှတ်တရအဖြစ် ကျန်ခဲ့တဲ့အရာတွေက ဘာတွေ ရှိနေလဲ။
နိုင်ဗညားအောင် – သီချင်းမှာဆို ဆရာကြီးကို လူတိုင်းသိတဲ့ သီချင်းပေါ့။ WE ARE THE WORLDသီချင်းကို ၁၉၉၀လွန်လောက်မှာ မွန်တက္ကသိုလ်ကျောင်းသားတွေ စုပေါင်းပြီးတော့ မွန်ဂီတအကျော်အမော်၇ယောက် နဲ့ ကိုကျန်ရစ်၊ ဇော်လတ်၊ အိုက်မွန်၊ မွန်ချမ်းအပါအဝင် ၇ယောက်ပေါ့။ WE ARE THE WORLDကို မွန်သံစဉ်နဲ့ နိုင်ငံရေးသီချင်းတစ်ပုဒ်ဆိုခဲ့တယ်။ နိုင်ငံရေးသီချင်းတစ်ပုဒ်ကျတော့ မွန်လိုအဓိပ္ပာယ်ဘာသာပြန်တဲ့အခါ ထိထိ မိမိပြောဖို့က တော်တော်ခက်ပါတယ်။ တချို့ဟာတွေ။ အဲဒီသီချင်းတစ်ပုဒ်နဲ့ ဆရာကြီးက မွန်တက္ကသိုလ် ကျောင်းသားတွေ အခုစင်ပေါ်မှာ သီချင်းဆိုတဲ့အခါမှာရော မွန်တွေမှာ ထင်ထင်ရှားရှားဆိုကြတာပေါ့။ အမှတ်တရနဲ့ ဆရာကြီးလို့ ပြောလိုက်ရင် ဆိုကြပါတယ်။
သံလွင်တိုင်းမ် – နောက်ဆုံးအနေနဲ့ ဆရာကြီးနိုင်ငွေသိန်းနဲ့ပတ်သက်ပြီး ဘာများဖြည့်စွက်ပြောကြားလိုပါသလဲ။
နိုင်ဗညားအောင် – ဆရာကြီးက ကျွန်တော်ကို အမြဲတမ်းမှာတာရှိတယ်။ အနုပညာအမြင်နဲ့ပဲ သွားလို့မသင့်ဘူး။ သွားလို့မဖြစ်သေးဘူး။ ကျွန်တော်တို့ မွန်အသိုင်းအဝိုင်းမှာ အနုပညာသက်သက်အမြင်နဲ့ မသွားစေချင်သေးဘူး။ ကျွန်တော်တို့ကို အချစ်အကြောင်းကို ရေးတဲ့အခါ အချစ်အကြောင်းချည်းပဲ။ ဖွဲ့နွဲ့မနေဘူး။ အမျိုးသားရေးကို နည်းနည်းထည့်ပါလို့ အမြဲတမ်းပြောတယ်။ ကျွန်တော်က ဆရာကြီးကိုကြည့်ပြီးအားကျလို့ ကျွန်တော်က သီချင်းရေးတဲ့လိုင်းကို လိုက်ခဲ့တာပေါ့။ ဆရာကြီးနဲ့ဆိုရင် ပုဂ္ဂိုလ်ရေးအရ ရင်းနှီးပါတယ်။ ဆရာကြီးအမြင်က အခုခေတ် မွန်လူငယ်တွေကို ရေးမယ်ဆိုလည်း၊ ချစ်မယ်ဆိုလည်း မင်းတို့အမျိုးသားရေးကို နည်းနည်းပါးပါးထည့်ပြီး ချစ်ကြပါ။ ရေးကြပါလို့ အမြဲတမ်းမှာကြားလေ့ရှိတယ်။