October 2023

နှစ်ပေါင်း ၁၁၀ နီးပါး သက်တမ်းရှိတဲ့ မော်လမြိုင် အထက(၉) ကျောင်းဆောင် မီးလောင်ပျက်စီး

မော်လမြိုင်၊ အောက်တိုဘာ(၂၅) မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ကွက်ရှိ နှစ်ပေါင်း ၁၁၀ နီးပါး သက်တမ်းရှိနေတဲ့ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်းရဲ့ ဦးသာညှင်းဓမ္မာရုံဟာ ဒီနေ့ အောက်တိုဘာ ၂၅ ရက်နေ့ မနက် ၃ နာရီခွဲအချိန်ခန့်က မီးလောင်ပျက်စီးခဲ့ပါတယ်။ မီးလောင်ကျွမ်းမှုမှာ နှစ်လတာအတွင်း ဒုတိယမြောက် မီးလောင်ကျွမ်းမှုဖြစ်ပြီး မီးလောင်မှုကြောင့် နှစ်ပေါင်း ၁၁၀ နီးပါး သက်တမ်းရှိတဲ့ ဦးသာညှင်းဓမ္မာရုံ…

သရက်ချောင်းမှာ စစ်ကောင်စီတပ် နေအိမ်တွေဝင်မွှေပြီး တန်ဖိုးရှိပစ္စည်းတွေယူဆောင်နေ

သရက်ချောင်း၊ အောက်တိုဘာ(၂၅) တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်ထဲ ရွာစဉ်လှည့်စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံနေအိမ်တွေကို ဝင်ရောက်မွှေနှောက်ပြီးနောက် တန်ဖိုးရှိပစ္စည်းယူဆောင်မှုတွေ ဆက်တိုက်ကျူးလွန်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ရွာစဉ်လှည့်စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်နေ့မှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားပြီးနောက် ဒေသခံနေအိမ်တွေကို ဝင်ရောက်မွှေနှောက်ဖျက်ဆီးတာနဲ့ တန်ဖိုးရှိပစ္စည်းယူဆောင်မှုတွေ လုပ်ဆောင်လာတာပါ။ ဒေသခံတွေအဆိုအရ အောက်တိုဘာ ၂၂ ရက်နေ့ကနေ…

စစ်အာဏာသိမ်း (၉၉၆) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၁၅၅) ဦးအထိရှိလာ

မော်လမြိုင်၊ အောက်တိုဘာ(၂၅) AAPP ရဲ့ အောက်တိုဘာ(၂၄)နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၉၉၆)ရက်အတွင်း ပြည်သူ (၄၁၅၅)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၅၃၃၇) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၇၂၁) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ (၄၀၀)…

မွန်ညီညွတ်ရေးပါတီအပါအဝင် နိုင်ငံရေးပါတီတချို့ ပါတီမှတ်ပုံတင်ရဖို့ မျှော်တလင့်လင့်စောင့်စားနေရ

နေပြည်တော်၊ အောက်တိုဘာ(၂၅) စစ်ကောင်စီခန့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ ပါတီဆက်လက်ရပ်တည်ခွင့်လျှောက်ထားခဲ့တဲ့ မွန်ညီညွတ်ရေးပါတီအပါအဝင် နိုင်ငံရေးပါတီတချို့ဟာ ပါတီမှတ်ပုံတင်ရရှိဖို့ မျှော်တလင့်လင့်စောင့်စားနေကြပါတယ်။ နိုင်ငံ့အာဏာကို လက်နက်အားကိုးနဲ့ သိမ်းယူထားတဲ့ စစ်ကောင်စီဟာ ပါတီစုံဒီမိုကရေစီ အထွေ ထွေရွေးကောက်ပွဲကျင်းပဖို့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ နှောင်းပိုင်းမှာ ပြန်လည်ပြဌာန်းခဲ့တာပါ။ အဲဒီဥပဒေကြောင့် ပါတီဆက်လက်ရှင်သန်ဖို့နဲ့ မှတ်ပုံတင်ရရှိရေးအတွက် နိုင်ငံရေးပါတီ ၆၀…

မွန်ပြည်နယ်မှာ နယ်မြေလုံခြုံရေးကြောင့် ရော်ဘာခြံထက်ဝက်နီးပါး အစေးမခြစ်နိုင်မယ့်ကိန်းဆိုက်

မော်လမြိုင်၊ အောက်တိုဘာ(၂၅) နိုင်ငံအတိုင်းအတာအရ ရော်ဘာအများဆုံးထွက်ရှိနေတဲ့ မွန်ပြည်နယ်မှာ နယ်မြေမတည်ငြိမ်မှုကြောင့် အခုနှစ်အတွင်း ရော်ဘာခြံထက်ဝက်နီးပါး အစေးမခြစ်နိုင်မယ့် အခြေအနေနဲ့ ကြုံနေရတယ်လို့ ရော်ဘာလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ရွှေဖြူလို့တင်စားကြတဲ့ ရော်ဘာကို စိုက်ဧက ၅ သိန်းကျော် ပိုင်ဆိုင်ထားတဲ့ မွန်ပြည်နယ်ဟာ နှစ်စဉ် ရော်ဘာအစေးခြစ်ဧက ၃ သိန်းကျော်ရှိပြီး ရော်ဘာတန်ချိန် တစ်သိန်းကျော် ထွက်ရှိနေတာပါ။ ဒါပေမယ့် ဒီနှစ်မှာတော့…

ပေါင်ဒေသခံနှစ်ဦး ထပ်မံဖမ်းဆီး အမှုဖွင့်ခံရ

ပေါင်၊ အောက်တိုဘာ(၂၅) မွန်ပြည်နယ်၊ ပေါင်မြို့နယ်နေ ဒေသခံပြည်သူနှစ်ဦးဟာ လူမှုကွန်ရက်စာမျက်နှာပေါ် မဟုတ်မမှန်သတင်းတွေ ရေးသားဖြန့်ဝေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးအမှုဖွင့်ခံထားရတယ်လို့ မြို့ခံတွေထံကနေ သိရပါတယ်။ စစ်ကောင်စီဟာ ပေါင်မြို့ ကဒုံစီးရပ်ကွက်နေ အသက် ၅၂ နှစ်အရွယ် ဦးနေဝင်းနိုင်နဲ့ ကုလားချောင်းကျေးရွာနေ အသက် ၂၃ နှစ်အရွယ် ကိုကောင်းမြတ်တို့ကို အောက်တိုဘာ ၂၂ ရက်နေ့မှာ ဖမ်းဆီးခဲ့တာပါ။ အဲဒီနောက် စစ်ကောင်စီဟာ…

ရေးမြို့နယ်မှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်

ရေး၊ အောက်တိုဘာ(၂၅) စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မွန်ပြည်နယ် ရေးမြို့နယ်ထဲကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တယ်လို့ တော်လှန်ရေးအင်အားစုတပ်ဖွဲ့ တာဝန်ရှိသူတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ ကျုံလောင်းရွာတိုက်ပွဲမှာ အထိနာခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်နေ့ကစပြီး စစ်ကြောင်း ၃ ကြောင်းခွဲပြီး ရေးမြို့နယ် ဝယ်ပေါင်နဲ့ကျုံလောင်းကျေးရွာအနီး ပတ်ဝန်းကျင်ကို စစ်ကြောင်းထိုးဝင်ရောက်လာတာပါ။ စစ်ကြောင်းထိုးလာတာကြောင့် အဲဒီနေ့ မနက်…

ဘင်္ဂလာဒေ့ရှ်မှာ ရထားနှစ်စင်းတိုက်မိလို့ လူ ၁၇ ဦး သေဆုံး၊ ၁၀၀ ကျော် ဒဏ်ရာရ

ဒါကာ၊ အောက်တိုဘာ(၂၅) ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အောက်တိုဘာ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ရထားနှစ်စင်းတိုက်မိတာ ကြောင့် လူ ၁၇ ဦးသေဆုံးပြီး ၁၀၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကာ သေဆုံးမှုနှုန်း မြင့်တက်လာ ဖွယ်ရှိနေတယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။ အာဏာပိုင်တွေအဆိုအရ ဘဟာရအရှေ့ပိုင်းမြို့မှာ ကုန်တင်ရထားဟာ ဆန့်ကျင်ဘက်က လာနေတဲ့ ခရီးသည်တင်ရထားကို ဝင်တိုက်ခဲ့တာဖြစ်ပြီး ဒီဖြစ်ရပ်ကြောင့် ခရီးသည်တင် ရထားနှစ်စင်းကလည်း လမ်းချော်ခဲ့တာတယ်လို့…