Radio Than Lwin Times(22/10)
Youtube Link Sound Cloud Link
Youtube Link Sound Cloud Link
https://youtu.be/rlyZqg1Gkr0
“ICRCအနေနဲ့ တရားဝင်တွေ့ခွင့်ရမယ်ဆိုရင် အကျဉ်းထောင်တွေထဲ ဖြစ်ပျက်တဲ့ကိစ္စတွေကို မြန်မာပြည်တင်မကဘူး။ ကမ္ဘာပါပေါက်မယ်ဆိုတာ သူတို့(စကစ)ကသိတယ်။ အပြင်ကသတင်းကို အတွင်းမရောက်အောင်၊ အတွင်းကသတင်း အပြင်မရောက်အောင် စစ်ကောင်စီက ကြိုးစားတာ ဖြစ်တဲ့အတွက် ဝင်ခွင့်ပေးဖို့ တော်တော် လေးဝေးကွာဦးမှာပေါ့” နိုင်ငံတဝန်းမှာရှိတဲ့ အကျဉ်းထောင်အများစုမှာ အောက်တိုဘာ ၂၄ ရက်နေ့ကစပြီး စစ်ကောင်စီတပ်ကနေ အကျဉ်းသားတွေကို ထောင်ဝင်စာတွေ့ခွင့်အပေါ် ကန့်သတ်ချက်တွေနဲ့ ပြန်လည် ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့…
မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်၊အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်ကောင်စီလော်ဘီတွေ ဖြန့်ဝေနေတဲ့ “ရွှေကူမြို့နယ်ရှိ စစ်တပ်စခန်းကို KIA နှင့် PDF တိုက်ခိုက်သိမ်းယူဆိုသည့် သတင်းသည် မှားယွင်းနေပြီး စခန်းတစ်ခုမျှ မသိမ်းနိုင်“…
သရက်ချောင်း၊ အောက်တိုဘာ(၂၆) တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့ရှိ သရက်ချောင်းမြို့မရဲစခန်းကို အောက်တိုဘာ ၂၅ ရက်နေ့ မနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေပါ တပ်စွဲနေထိုင်နေတဲ့ ရဲစခန်းကို အဲဒီနေ့မနက် ၅ နာရီအချိန်ခန့်မှာ ဒေသကာကွယ်ရေး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲအချိန် နာရီဝက်နီးပါးအကြာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီအခြေစိုက်တပ်ရင်းတွေကနေ လက်နက်ကြီးပစ်ကူပေးတာတွေ…
မော်လမြိုင်၊ အောက်တိုဘာ(၂၆) AAPP ရဲ့ အောက်တိုဘာ(၂၅)နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၉၉၇)ရက်အတွင်း ပြည်သူ (၄၁၅၇)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၅၃၄၄) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၇၂၁) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ (၄၀၀)…
နေပြည်တော်၊ အောက်တိုဘာ(၂၆) စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေး တိုက်ပွဲမှာ အတူတကွလက်တွဲပြီး ဆက်လက်တိုက်ပွဲဝင်သွားကြဖို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ဦးစီးချုပ်က ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နဲ့ မဟာမိတ်တွေကို တိုက်တွန်းပါတယ်။ KIA စစ်ဦးစီးချုပ်က ရက္ခိုင့်တပ်တော် (AA)၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မြောက်ပိုင်း) (ABSDF-NB)၊ ချင်းအမျိုးသားတပ်မတော် (CNA) နဲ့…
လွိုင်ကော်၊ အောက်တိုဘာ(၂၆) ကယားပြည်နယ်(ကရင်နီ)မှာ နိုင်ငံတကာနဲ့ ပြည်တွင်းအဖွဲ့အစည်းတွေကနေ လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေ ထောက်ပံ့မှုဟာ အခုနှစ်အလယ်ပိုင်းကစပြီး မရှိသလောက် နည်းသွားပြီလို့ ကရင်နီပြည်နယ် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းအထိ ကရင်နီပြည်နယ်က စစ်ဘေးရှောင်ပြည်သူတွေနဲ့ နေရပ်စွန့်ခွာပြည်သူတွေကို ထောက်ပံ့နေတဲ့ အစိုးရမဟုတ်တဲ့ ပြည်တွင်း၊ ပြည်ပအရပ်ဘက်အဖွဲ့အစည်းတွေ NGO၊ INGO အဖွဲ့အစည်း ၁၀ ခု ထက်မနည်းရှိခဲ့တာပါ။ ဒါပေမယ့်…
ညောင်လေးပင်၊ အောက်တိုဘာ(၂၆) ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်မြေနယ် ညောင်လေးပင်ခရိုင်ထဲမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ၂ ရက်တာအတွင်း ကျေးရွာ ၁၀ ရွာက ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရတယ်လို့ KNU ဗဟိုရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်နေ့က KNU ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်ဖိုးတနဲ့ ဒေါင်းမို့ကျေးရွာထဲကို စစ်ကောင်စီတပ်အခြေစိုက်တပ်ရင်းတွေက…
မော်လမြိုင်၊ အောက်တိုဘာ(၂၆) နိုင်ငံတဝန်းမှာ အခုနှစ် ဇန်နဝါရီလကနေ သြဂုတ်လအထိ ရှစ်လအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၃၇၀ နီးပါး သေဆုံးခဲ့တယ်လို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ဉာဏ်လင်းသစ်အဖွဲ့က ထုတ်ပြန်ပါတယ်။ ရှစ်လအတွင်း စစ်ကောင်စီတပ်ဟာ လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၄၇၈ ကြိမ် ကျုးလွန်ခဲ့ပြီး ပျှမ်းမျှအားဖြင့် တစ်ရက်လျှင် လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်နီးပါး ပြုလုပ်ခဲ့တာပါ။ စစ်ကောင်စီရဲ့…