October 2023

စစ်အာဏာသိမ်း (၉၉၈) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၁၅၉) ဦးအထိရှိလာ

မော်လမြိုင်၊ အောက်တိုဘာ(၂၇) AAPP ရဲ့ အောက်တိုဘာ(၂၆)နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၉၉၈)ရက်အတွင်း ပြည်သူ (၄၁၅၉)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၅၃၄၉) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၇၂၁) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ (၄၀၀)…

ရှမ်းမြောက်မှာ တိုက်ပွဲပြင်းထန်၊ လားရှိုး-ချင်းရွှေဟော်၊လားရှိုး -မူဆယ်လမ်းပိုင်း အရေးပေါ်ပိတ်ပင်

လားရှိုး၊ အောက်တိုဘာ (၂၇) ရှမ်းပြည်နယ်မြောက်ပိုင်း အထူးဒေသ ၁ နဲ့ လောက်ကိုင်မြို့နယ်တို့မှာ စစ်ကောင်စီတပ်ကို အမြစ်ပြတ်တိုက်ခိုက်ချေမှုန်းရေး စတင်နေပြီး လားရှိုး-ချင်းရွှေဟော်၊လားရှိုး – မူဆယ် ပြည်ထောင်စုလမ်းမကြီးတွေကို အရေးပေါ် ပိတ်ပင်လိုက်ကြောင်း MNDAA ကိုးကန့်တပ်ဖွဲ့က ကြေညာလိုက်ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း အထူးဒေသ ၁ အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့တွေကို အမြစ်ပြုတ် တိုက်ခိုက်ချေမှုန်းရေး၊ လောက်ကိုင်မြို့နယ်အတွင်း အွန်လိုင်း ရာဇဝတ်ဂိုဏ်းတွေကို…

ကျွန်းစုမြို့နယ် မင်းဂုတ်ပျူစောထီးစခန်း စီးနင်းခံရ

ကျွန်းစု၊ အောက်တိုဘာ(၂၇) တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ မင်းဂုတ်ကျေးရွာရှိ ပြည်သူ့စစ်(ဒေသအခေါ်) ပျူစောထီးစခန်းကို ဝင်ရောက်စီးနင်းခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပျူစောထီးအင်အား ၂၀ နီးပါး တပ်စွဲနေထိုင်နေတဲ့ အဲဒီစခန်းကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ ရက်နေ့ ညပိုင်းမှာ တနင်္သာရီ (ပကဖ) ၊ အရိပ်ပြောက်ကျားတပ်ဖွဲ့ ပုလော(ပကဖ)နဲ့ကျွန်းစု(ပကဖ)ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းခဲ့တာပါ။ အဲဒီစီးနင်းမှုအတွင်း နှစ်ဖက်အပြန်အလှန်…

မြန်မာကလေးငယ်တွေရဲ့ ပညာသင်ခွင့်ဆုံးရှုံးမှု အန္တရာယ်ရှိလာပြီလို့ ကမ္ဘာ့ဘဏ်သတိပေး

ရန်ကုန်၊ အောက်တိုဘာ(၂၇) ကိုဗစ်ကပ်ရောဂါနဲ့ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံရဲ့ ပညာရေးကဏ္ဍဟာ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပြီး မျိုးဆက်သစ်ကလေး သူငယ်တွေရဲ့ ပညာသင်ခွင့်ဆုံးရှုံးမှု အန္တရာယ်ရှိလာပြီလို့ ကမ္ဘာ့ဘဏ်က အစီရင်ခံစာထုတ်ပြန်ပါတယ်။ အောက်တိုဘာ ၂၄ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံရှိ မြို့နယ် ၃၀၆ ခုထဲက အိမ်ထောင်စု ၈၅၀၀ ကို တယ်လီဖုန်းနဲ့…

နိုင်ငံဘဏ္ဍာငွေတွေကို မချပြဘဲ စစ်ကောင်စီထိန်ချန်သုံးစွဲနေ

မော်လမြိုင်၊ အောက်တိုဘာ(၂၇) နိုင်ငံအာဏာအရပ်ရပ်ကို လက်နက်အားကိုးပြီး မတရားအာဏာသိမ်းယူထားတဲ့ စစ်ကောင်စီဟာ ပြည်သူပိုင်ဘဏ္ဍာငွေတွေကို ပွင့်လင်းမြင်သာစွာချပြခြင်းမရှိဘဲ ထိန်ချန်သုံးစွဲမှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်းမှားယွင်းမှု အကြောင်းပြချက်နဲ့ အာဏာသိမ်းယူထားတဲ့ စစ်ကောင်စီဟာ ပြည်ထောင်စုရသုံးမှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက်တွေကို ထိန်းကျောင်းပေးမယ့် လွှတ်တော်မရှိတဲ့အတွက် စိတ်ကြိုက်ခြယ်လှယ်သုံးစွဲနေတာပါ။ အာဏာသိမ်းနှစ်နှစ်ခွဲကျော်ကာလအတွင်း ဘဏ္ဍာရေးနှစ် ၃ နှစ်ကို ကိုင်တွယ်ခဲ့ရတဲ့ စစ်ကောင်စီဟာ ပြည်ထောင်စုဘဏ္ဍာငွေ ခွဲဝေသုံးစွဲမှုအပါအဝင်…

ကော့ကရိတ်တိုက်ပွဲမှာ စစ်ကောင်စီတပ်ရင်းမှူးအပါအဝင် ၁၁ ဦး သေဆုံး

ကော့ကရိတ်၊ အောက်တိုဘာ(၂၇) ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တပ်ရင်းမှူးတစ်ဦးအပါအဝင် ၁၁ ဦးသေဆုံးခဲ့တယ်လို့ KNU ဒူးပလာယာခရိုင်က အောက်တိုဘာ ၂၅ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ကော့ကရိတ်မြို့အရှေ့ဘက်ရှိ ဆင်ကုန်းကျေးရွာဘက်ကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၄ ရက်နေ့က စစ်ကောင်စီတပ်မ ၄၄ လက်အောက်ခံ တပ်ရင်း ၃ ရင်း စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တဲ့အတွက် KNLA တော်လှန်ရေးပူးပေါင်းအဖွဲ့နဲ့…

မွန်ပြည်နယ်မှာ သီတင်းကျွတ်ပွဲတော်တွေကျင်းပဖို့ လုံခြုံရေးတင်းကျပ်

မော်လမြိုင်၊ အောက်တိုဘာ(၂၇) မွန်ပြည်နယ်အတွင်း နယ်မြေတည်ငြိမ်ကြောင်းပြသဖို့အတွက် သီတင်းကျွတ်တော်ပွဲတော်တွေနဲ့ ပျော်ပွဲရွှင်ပွဲတွေကျင်းပဖို့ စစ်ကောင်စီက နေရာဒေသအများစုမှာ လုံခြုံရေးတင်းကျပ်ထားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြည်နယ်စစ်ကောင်စီဟာ ကျိုက်ထီးရိုးဘုရားပွဲတော်နဲ့ ကျိုက်ခမီဘုရားပွဲတော်တွေကို အကြီးအကျယ် စည်ကားသိုက်မြိုက်စွာကျင်းပဖို့ စီစဉ်ထားသလို ရပ်ကွက်ကျေးရွာတွေမှာလည်း ဘုရားပွဲ တော်တွေနဲ့ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပခွင့်ပြုထားတာ ဖြစ်ပါတယ်။ သီတင်းကျွတ်ကာလအတွင်း ဘုရားပွဲတော်တွေနဲ့ ပျော်ပွဲရွှင်ပွဲတွေကျင်းပဖို့ စစ်ကောင်စီဟာ သက်ဆိုင်ရာမြို့နယ်တွေရဲ့ မြို့အဝင်အထွက်နေရာတွေမှာ…

အစ္စရေးစစ်ပွဲအတွင်း သေဆုံးခဲ့တဲ့ ထိုင်းနိုင်ငံသား ၇ ဦး ရုပ်အလောင်း နေရပ်ပြန်သယ်

ဘန်ကောက်၊ အောက်တိုဘာ(၂၇) အစ္စရေးနဲ့ ပါလက်စတိုင်းစစ်ပွဲအတွင်းမှာ သေဆုံးခဲ့ရတဲ့ ထိုင်းနိုင်ငံသား ၇ ဦးရဲ့ ရုပ်အလောင်းတွေကို ပြန် သယ်‌ဆောင်လာခဲ့ပြီး သုဝဏ္ဏဘူမိလေဆိပ်သို့ ရောက်ရှိခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ သီတင်းပတ်အတွင်းမှာလည်း အစ္စရေးကနေ ထိုင်းနိုင်ငံသားရှစ်ဦးရဲ့ ရုပ်အလောင်း ၈ လောင်းကို သယ်ဆောင်ခဲ့ပါသေးတယ်။ အောက်တိုဘာ ၇ ရက်က အစ္စရေးမှာစတင်ခဲ့တဲ့ စစ်ပွဲကြောင့် ထိုင်းနိုင်ငံသားသေဆုံးသူ ၁၈ ဦးရှိပြီး…

ရုရှားကို လက်နက်ထောက်ပံ့မှု တောင်ကိုရီးယား၊ ဂျပန်နဲ့ အမေရိကန်တို့ ပြစ်တင်ရှုတ်ချ

ဆိုးလ်၊ အောက်တိုဘာ(၂၇) ရုရှားထံ မြောက်ကိုရီးယားရဲ့ လက်နက်ခဲယမ်း ထောက်ပံ့ပေးနေမှုကို ​တောင်ကိုရီးယား၊ဂျပန်နဲ့ အမေရိကန်တို့က ပြင်းပြင်းထန်ထန်ရှုတ်ချခဲ့ပြီး လက်နက်အများအပြား ပေးပို့မှုကိုလည်း အတည်ပြုနိုင်ခဲ့တယ်လို့ အောက်တိုဘာ ၂၆ ရက်နေ့မှာ ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်ပါ တယ်။ ယူကရိန်းစစ်ပွဲမှာ အသုံးပြုနိုင်ဖို့ မြောက်ကိုရီးယားထံမှ လက်နက်တွေ လွှဲပြောင်းပေးအပ်ခဲ့မှု အပေါ် နှစ်နိုင်ငံလုံး ငြင်းဆိုထားချိန်မှာ ဝါရှင်တန်နဲ့ သုတေသီတွေက အဲဒီနှစ်နိုင်ငံဆိပ်ကမ်းတွေ မှာ…

အမေရိကန်မှာ သေနတ်သမားတစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် လူပေါင်း၂၂ ဦး သေဆုံး

လူးဝစ်စတန်၊ အောက်တိုဘာ(၂၇) အမေရိကန်ပြည်ထောင်စု၊ မိန်းပြည်နယ်၊လူးဝစ်စတန်မြို့မှာ အောက်တိုဘာ ၂၅ ရက်နေ့က သေနတ်သမား တစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် လူပေါင်း ၂၂ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၅၀ ထက်မနည်း ရှိခဲ့တယ်လို့ အာဏာပိုင်တွေက အတည်ပြုပါတယ်။ ပစ်ခတ်မှုဟာ လူးဝစ်စတန်မြို့ရဲ့ ဘိုးလင်းလမ်းနဲ့ ဘားလမ်းမှာ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားထားပါတယ်။ ပစ်ခတ်မှုကျူးလွန်ခဲ့သူဟာ အသက် ၄၀…