October 2023

ကော့ကရိတ်မြို့တွင်း တိုက်ပွဲပြင်းထန်နေ

ကော့ကရိတ်၊ အောက်တိုဘာ(၂၈) ကရင်ပြည်နယ် ကော့ကရိတ်မြို့ပေါ်မှာ အောက်တိုဘာ ၂၇ ရက်နေ့ မနက်အစောပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားနေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေထံကနေ သိရှိရပါတယ်။ အဲဒီနေ့ မနက် ၅ နာရီခွဲအချိန်ခန့်ကစပြီး ကော့ကရိတ်မြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်တွေ အခြေပြုတပ်စွဲထားတဲ့နေရာတွေကို တော်လှန်ရေးအင်အားစုအဖွဲ့တွေက စတင်ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ ကနဦးတိုက်ပွဲမှာ စစ်ကောင်စီလက်အောက်ခံ ရဲသတင်းတပ်ဖွဲ့ရုံး၊ စစ်ဖက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ရုံး အစရှိတဲ့ ရုံး ၃…

စစ်တပ်တွင်း လိင်တူချစ်ကြိုက်မှု တားမြစ်တဲ့ဥပဒေ တောင်ကိုရီးယားတရားရုံးအတည်ပြု

ဆိုးလ်၊ အောက်တိုဘာ (၂၈) တောင်ကိုးရီယား စစ်တပ်အတွင်း တပ်ဖွဲ့ဝင်တွေအကြား လိင်တူချင်းချစ်ကြိုက်မှု တားမြစ်တဲ့ ဥပဒေကို ကိုရီးယားဖွဲ့စည်းပုံတရားရုံးက အောက်တိုဘာ ၂၆ ရက်နေ့မှာ အတည်ပြုခဲ့ပါတယ်။ အဲဒီဥပဒေဟာ လိင်တူချစ်သူတွေရဲ့အခွင့်အရေးအတွက် ဆုတ်ယုတ်မှုလို့ တက်ကြွလှုပ်ရှား သူတွေက ဝေဖန်မှုတွေရှိနေခဲ့တာပါ။ ဥပဒေအရ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေဟာ လိင်တူချစ်ကြိုက်မှုအတွက် ထောင်ဒဏ် ၂ နှစ်အထိ ကျခံရနိုင်တယ်လို့ ပြဌာန်းထားပါတယ်။ လိင်တူချစ်ကြိုက်မှုကို ခွင့်ပြုခြင်းဟာ…

သူလျှိုစွပ်စွဲချက်နဲ့ အိန္ဒိယနိုင်ငံသား ၈ ဦးကို ကာတာအစိုးရ သေဒဏ်ချမှတ်

နယူးဒေလီ – အောက်တိုဘာ(၂၈) ကာတာအစိုးရဟာ သူလျှိုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အိန္ဒိယနိုင်ငံသား ၈ ဦးကို သေဒဏ် ချမှတ်ခဲ့တဲ့အတွက် အိန္ဒိယအစိုးရက စိုးရိမ်မှုတွေရှိနေပြီး သေဒဏ်ချမှတ်ခံရသူတွေ ထဲမှာ ရေတပ်အရာရှိဟောင်းတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ သေဒဏ်ချမှတ်ခံရမှုအပေါ် ကာတာအစိုးရထံ အယူခံဝင်ဖို့ရှိနေသလို အကျဉ်းသားတွေကိုလည်း ဥပဒေအထောက်အပံ့ပေးနိုင်ဖို့ သံကိုယ်စားလှယ်တွေကတဆင့် ဆောင်ရွက်ထားတယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ Al…

အရှေ့အလယ်ပိုင်းဒေသကို အမေရိကန်တပ်ဖွဲ့ဝင် ၉၀၀ စေလွှတ်

ဝါရှင်တန်- အောက်တိုဘာ(၂၈) အီရန်နဲ့ ဆက်နွယ်တဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေ တိုးလာတာကြောင့် အမေရိကန်တပ်ဖွဲ့ဝင် ၉၀၀ ကို အရှေ့အလယ်ပိုင်းဒေသထံ စေလွှတ်ထားတယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က အောက်တိုဘာ ၂၆ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ အစ္စရေးနဲ့ ဟားမတ်စ်တို့ရဲ့စစ်ပွဲ တင်းမာမှုတွေ မြင့်တက်လာချိန်မှာ အရှေ့လယ်ပိုင်းက အမေရိကန်နဲ့ မဟာမိတ်တပ်တွေဟာ အီရတ်မှာ အနည်းဆုံး ၁၂ ကြိမ်နဲ့ ဆီးရီးယားမှာ ၄…

တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေ နိုင်နိုင်နင်းနင်းဆောင်ရွက်ကြဖို့ NUG ဝန်ကြီးချုပ်တိုက်တွန်း

မော်လမြိုင် – အောက်တိုဘာ(၂၇) လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး လုပ်ငန်းတွေကို တက်နိုင်သမျှကြိုးစားပြီး နိုင်နိုင်နင်းနင်း ဆောင်ရွက်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာလ(၂၆) ရက်နေ့မနက်ပိုင်းက ကျင်းပခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၄၃/၂၀၂၃) မှာ အခုလိုပြောခဲ့တာပါ။ “တော်လှန်စစ်ဆင်နွှဲနေတဲ့ ကာလဖြစ်တာကြောင့် တည်ငြိမ် အေးချမ်းရေး ရရှိဖို့ဆိုတာ ခက်ခဲမှာ မှန်ပေမယ့်…

ချင်းရွှေဟော်မြို့ကို ပူးပေါင်းတပ်တွေ သိမ်းပိုက်

ချင်းရွှေဟော် – အောက်တိုဘာ(၂၇) ရှမ်းပြည်နယ်မြောက်ပိုင်း၊ချင်းရွှေဟော်မြို့က မြို့အဝင်ဂိတ်၊ ဖောင်ဆိပ်စခန်းနဲ့ ရော်ဘာတော် စစ်တပ်ဗျူဟာကုန်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြထားပါတယ်။ ဒီနေ့မနက်အစောပိုင်းကစပြီး ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး၊သိန္နီ၊ကွတ်ခိုင်၊တာမိုးနဲ၊နမ့်ဖက် ကာ၊မူဆယ်၊နမ့်ခမ်း၊ဆယ်လန့်၊ကွမ်းလုံ၊ဟိုပန်၊ချင်းရွှေဟော်နဲ့ လောက်ကိုင်မြို့တွေကို တပြိုင်ထဲ တိုက်ပွဲတွေ ဖော်ဆောင်ခဲ့တာပါ။ မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့ဖြစ်တဲ့ MNDAA၊TNLA နဲ့ ULA/AA တို့ကအထူးဒေသ(၁) နဲ့ လောက်ကိုင်မြို့တို့ကို စစ်ကောင်စီအမြစ်ဖြတ်ချေမှုန်းရေး (၁၀၂၇)…

စစ်တပ်ဖမ်းဆီးသွားတဲ့ ရငဲရွာသားတစ်ဦး သေဆုံးလျက်ပြန်တွေ့

သရက်ချောင်း၊ အောက်တိုဘာ(၂၇) တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ရငဲကျေးရွာကနေ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့ ဒေသခံအမျိုးသားတစ်ဦးကို သေဆုံးလျက်ပြန်လည် တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ် ဖမ်းဆီးသွားတဲ့ဒေသခံ ကိုညီညီကိုရဲ့ ရုပ်အလောင်းကို အောက်တိုဘာ၂၆ ရက်နေ့ မနက် ၆ နာရီခွဲအချိန်ခန့်က ကျွဲမင်းကုန်းကျေးရွာ ပင်လယ်ကမ်းစပ်အနီး မြေမြှုပ်ထားစဉ် ခြေထောက်ပေါ်နေလို့ ဒေသခံတွေ ပြန်လည်တွေ့ရှိခဲ့တာပါ။ ကိုညီညီကိုရဲ့အလောင်းပြန်တွေ့ချိန် လက်ပြန်ကြိုးတုပ်ထားပြီး…

၁၀၂၇ စစ်ဆင်ရေး စတင်ပြီလို့ ညီနောင် ၃ ဖွဲ့ ကြေညာ

လားရှိုး ၊ အောက်တိုဘာ (၂၇) စစ်ကောင်စီနဲ့ ပြည်သူ့စစ်အဖွဲ့တွေကို နှိပ်နင်းရေး ၁၀၂၇ စစ်ဆင်ရေး စတင်လိုက်ပြီလို့ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ရက္ခိုင့်အဖွဲ့ (AA)၊ကိုးကန့်အဖွဲ့ MNDAA နဲ့ တအာင်းအဖွဲ့ TNLA တို့က ဒီကနေ့ အောက်တိုဘာ ၂၇ ရက်နေ့ မနက် ၉ နာရီကျော်မှာ ထုတ်ပြန်ကြေညာပါတယ်။ ညီနောင် ၃…