TLT Tv||- အောက်တိုဘာလ (၂၈) ရက် ည ၈ နာရီသတင်း တိုက်ရိုက်ထုတ်လွှင့်မှု
https://youtu.be/dRqLBPIOdlQ
https://youtu.be/dRqLBPIOdlQ
ချင်းရွှေဟော် – အောက်တိုဘာ(၂၈) ချင်းရွှေဟော်မြို့ အနီးဝန်းကျင်ကို စစ်ကောင်စီလေထီးနဲ့ လာချတဲ့ စစ်အသုံးအဆောင်ပစ္စည်း နဲ့ ရိက္ခာအားလုံးကို သိမ်းဆည်းရမိခဲ့တယ်လို့ Operation 1027 က သတင်းထုတ်ပြန်ထားပါတယ်။ ဒီနေ့ အောက်တိုဘာလ(၂၈) ရကျနေ့က စစ်ကောင်စီရဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ နဲ့ ရိက္ခာထုပ် (၁၀) ထုပ်လုံးကို မဟာမိတ်တပ်ဖွဲ့ တွေသိမ်းဆည်းရမိခဲ့တာပါ။ ချင်းရွှေဟော်အနီးက စစ်ကောင်စီတပ်စခန်းအားလုံးကို အောက်တိုဘာလ(၂၈) ရက်နေ့…
မော်လမြိုင် – အောက်တိုဘာ(၂၈) မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ဖော်ဆောင်နေတဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ ပူးပေါင်းပါဝင်သွားမယ်လို့ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) ကသတင်း ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီနဲ့ ပြည်သူ့စစ်အဖွဲ့တွေကို နှိမ်နင်းရေး ၁၀၂၇ စစ်ဆင်ရေးကို ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ရက္ခိုင့်တပ်တော်(AA)၊ကိုးကန့်အဖွဲ့(MNDAA)နဲ့ တအာင်းအဖွဲ့ (TNLA) တို့က အောက်တိုဘာလ (၂၇) ရက်နေ့မှာ စတင်လိုက်တာပါ။ ညီနောင်မဟာမိတ်…
“အာဏာသိမ်းပြီး ပြည်တွင်းမှာအလုပ်မရှိလို့ အိုမန်တို့၊ စင်ကာပူတို့လောက် သွားရင်လည်း အိမ်ဖော်အဖြစ်ပဲ သွားရတဲ့အခါကျတော့ လုပ်ငန်းခွင်မှာ အဆင်မပြေကြဘူး။ စာချုပ်စာတမ်းတွေနဲ့ သွားတာဆိုတော့ သည်းမခံနိုင်တဲ့အဆုံး အဆုံးစီရင်သွားတာတွေလည်း ကြားနေရတယ်“ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) ရဲ့ စစ်တမ်းအရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ အလုပ်ထုတ်ပယ်ခံရမှုနှုန်း ၄၁ ရာခိုင်နှုန်းအထိ မြင့်တက်လာကာ အဲဒီထဲမှာ အမျိုးသမီးတွေ အများဆုံးပါဝင်နေတာပါ။ တဖက်မှာတော့ အမျိုးသမီးတွေဟာ လုပ်ငန်းခွင်အတွင်း…
ထားဝယ်၊ အောက်တိုဘာ(၂၈) တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှာ စစ်ကောင်စီ ဦးစီးကျင်းပမယ့် ထားဝယ်ရိုးရာ သပိတ်မျှောပွဲကို ပြည်သူတွေအနေနဲ့ သွားရောက်ဆင်နွှဲတာတွေမလုပ်ကြဖို့ တော်လှန်ရေးအင်အားစုတွေနဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေက တိုက်တွန်းလိုက်ပါတယ်။ အာဏာသိမ်းစစ်ကောင်စီဟာ လာမယ့်အောက်တိုဘာ ၂၉ ရက်နေ့ သီတင်းကျွတ်လပြည့်နေ့မှာ ကျရောက်မယ့် ထားဝယ်ရိုးရာသပိတ်မျှောပွဲကို ထားဝယ်မြို့ ကမ်းနားလမ်းမှာ စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားဖို့ စီစဉ်ထားတာပါ။ စစ်ကောင်စီကျင်းပမယ့် ထားဝယ်ရိုးရာသပိတ်မျှောပွဲကို နိုင်ငံတဝန်းက ဝမ်းနည်းပူဆွေးနေတဲ့ ပြည်သူတွေအား…
သထုံ၊ အောက်တိုဘာ(၂၈) မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ထုတ်ပြန်ထားတဲ့ ညမထွက်အမိန့်ကို အောက်တိုဘာ ၂၇ ရက်နေ့ကစပြီး အချိန်ပြောင်းလဲသတ်မှတ်လိုက်ကြောင်း စစ်ကောင်စီမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ညမထွက်ရအမိန့်ကို အရင်က ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ သတ်မှတ်ထားတာဖြစ်ပြီး အခုအခါမှာတော့ ည ၁၂ နာရီကနေ မနက် ၄ နာရီအထိ အချိန်ပြောင်းလဲ…
မော်လမြိုင်၊ အောက်တိုဘာ(၂၈) AAPP ရဲ့ အောက်တိုဘာ(၂၇)နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၉၉၉)ရက်အတွင်း ပြည်သူ (၄၁၆၀)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၅၃၅၃) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၇၁၂) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ (၄၀၀)…
နေပြည်တော်၊ အောက်တိုဘာ(၂၈) မဲစာရင်းမှားယွင်းမှု အကြောင်းပြချက်နဲ့ နိုင်ငံအာဏာအရပ်ရပ်ကို လက်နက်အားကိုးပြီး မတရား အာဏာသိမ်းယူထားတဲ့ စစ်ခေါင်းဆောင်က သူတို့ကို ပြည်ပနိုင်ငံအများစု အသိအမှတ်ပြုတာ မရှိဘူးလို့ ညည်းညူပြောဆိုလာတာ ဖြစ်ပါတယ်။ အောက်တိုဘာ ၂၆ ရက်နေ့က ပြုလုပ်တဲ့ စစ်ကောင်စီအစည်းအဝေးမှာ ပြန်လည်ပြင်ဆင်ဖွဲ့စည်းထားတဲ့ ကောင်စီအဖွဲ့ဝင်တွေနဲ့တွေ့ဆုံစဉ် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ညည်းညူပြောဆိုခဲ့တာပါ။ စစ်ခေါင်းဆောင်က အချို့ပြည်ပနိုင်ငံတွေဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ်…
မော်လမြိုင်၊ အောက်တိုဘာ(၂၈) မွန်ပြည်နယ်မှာ လာမယ့်ပွင့်လင်းရာသီကစပြီး ခရီးသွားဧည့်သည် ဝင်ရောက်မှုများအောင်လုပ်ဖို့နဲ့ ခရီးသွားနေရာအသစ်တွေ ဖော်ဆောင်ဖို့ စစ်ကောင်စီဘက်က ဖိအာပေးလာတယ်လို့ ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဦးဆောင်တဲ့ ပြည်နယ်စစ်ကောင်စီဟာ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးရေးအတွက်ဆိုပြီး ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းရှင်တွေကို ပြီးခဲ့တဲ့လပိုင်းတွေကစပြီး မကြာခဏခေါ်ယူဖိအားပေးတာတွေ လုပ်ဆောင်နေပါတယ်။ ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံစဉ်မှာ စစ်ကောင်စီက နယ်မြေတည်ငြိမ်အေးချမ်းပြီး စည်ကားနေကြောင်း ပုံဖော်နိုင်ဖို့နဲ့…
ကျိုက်ထို၊ အောက်တိုဘာ(၂၈) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဌက်ပျောတောကျေးရွာထဲကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင်က အောက်တိုဘာ ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်နေ့မှာ ကျိုက်ထိုမြို့နယ်အခြေစိုက် စစ်ကောင်စီ အမှတ်(၂) ခြေလျင်တပ်ရင်းကနေ ဌက်ပျောတောကျေးရွာထဲကို လက်နက်ကြီး ၂…