October 2023

KNU နယ်မြေက အရပ်သား ၂ ဦးကို စစ်တပ်ဖမ်းဆီးသတ်ဖြတ်

ညောင်လေးပင်၊ အောက်တိုဘာ(၃) ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာနေ ဒေသခံအရပ်သားပြည်သူ ၂ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်လိုက်တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ပုဇွန်မြောင်းကျေးရွာအတွင်း တပ်စွဲနေထိုင်နေတဲ့ စစ်ကောင်စီအမှတ်(၂၀) ခြေမြန်တပ်ရင်းဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်နေ့မှာ ကျေးရွာဒေသခံတွေဖြစ်တဲ့ အသက် ၄၀ အရွယ်တွေ ဖြစ်တဲ့…

စစ်အာဏာသိမ်း (၉၇၄) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၁၃၇) ဦးအထိရှိလာ

မော်လမြိုင်၊ အောက်တိုဘာ(၃) AAPP ရဲ့ အောက်တိုဘာ(၂)နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၉၇၄)ရက်အတွင်း ပြည်သူ (၄၁၃၇)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၅၁၉၈) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၅၈၃) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ (၄၀၀)…

ရေဖြူမြို့နယ်က PDF ယာယီစခန်းတစ်ခု စီးနင်းခံရ

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ ကျောက်ရှပ်ရွာအနီးရှိ ဒေသကာကွယ် ရေးတပ်ဖွဲ့တစ်ခုရဲ့ ယာယီစခန်း စီးနင်းတိုက်ခိုက်ခံလိုက်ရတယ်လို့ တော်လှန်ရေးအင်အားစု တာဝန်ရှိသူတွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။ တပ်အင်အား ၅၀ ကျော်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်နေ့ နေ့လည်ပိုင်းမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ နွေဦးဓမ္မတပ်ဖွဲ့ ဝင်ရောက်နားခိုးနေတဲ့ ယာယီစခန်းတစ်ခုကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာပါ။ စီးနင်းတိုက်ခိုက်ခံရတာကြောင့် နွေဦးဓမ္မတပ်ဖွဲ့ဘက်က ဗိုလ်လင်းယုန်နဲ့…

စစ်ကောင်စီလက်ထက် စားအုန်းဆီပြတ်လပ်မှု ပိုမိုဆိုးရွားလာ

နေပြည်တော်၊ အောက်တိုဘာ(၃) နိုင်ငံတဝန်းမှာ အာဏာသိမ်း နှစ်နှစ်ခွဲကျော်ကာလအတွင်း စားအုန်းဆီပြတ်လပ်မှုနဲ့ တန်းစီဝယ်ယူရမှု အခြေအနေ ပိုမိုဆိုးရွားလာတယ်လို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP – Myanmar ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ISP – Myanmar က ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း ကောက်ယူထားတဲ့ စစ်တမ်းအရ မြို့နယ်ပေါင်း ၁၁၀ မှာ ၅၆ မြို့နယ်ဟာ…

မော်လမြိုင်အပါအဝင် မြို့နယ်ပေါင်း ၂၀ မှာ စမ်းသပ်သန်းခေါင်စာရင်း စတင်ကောက်ယူ

မော်လမြိုင်၊ အောက်တိုဘာ(၃) အာဏာသိမ်း စစ်ကောင်စီဟာ ရှေ့ပြေးသန်းခေါင်စာရင်းအဖြစ် မော်လမြိုင်အပါအဝင် နိုင်ငံတဝှမ်းက မြို့နယ်ပေါင်း ၂၀ မှာ စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူမှုတွေ လုပ်ဆောင်နေတယ်လို့ ဝါဒဖြန့်သတင်းစာတွေကနေ ထုတ်ပြန်လာပါတယ်။ မဲစာရင်းမှားယွင်းမှု အကြောင်းပြချက်နဲ့ အာဏာသိမ်းယူထားတဲ့ စစ်ကောင်စီဟာ ၂၀၂၄ ခုနှစ်မှာ တစ် နိုင်ငံလုံးအတိုင်းအတာနဲ့ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အခုနှစ်အောက်တိုဘာ ၁ ရက်နေ့ကနေ ၁၅ ရက် နေ့အထိ…

ပေါင်မြို့နယ်မှာ ဆိုင်ကယ်စီးနင်းခွင့် ကန့်သတ်ချက်ကြောင့် ဒေသခံတွေအခက်ကြုံ

ပေါင်၊ အောက်တိုဘာ(၃) မွန်ပြည်နယ် ပေါင်မြို့နယ်အတွင်းမှာ အမျိုးသား ၂ ဦး ဆိုင်ကယ်အတူမစီးဖို့ စစ်ကောင်စီမြို့နယ် အုပ် ချုပ်ရေးအဖွဲ့ကနေ ဒေသန္တရအမိန့်ထုတ်ပြန်လိုက်တာကြောင့် သွားရေးလာရေး အခက်အခဲဖြစ်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေနဲ့ သတင်းပေးတွေ မကြာခဏပစ်သတ်ခံရပြီးနောက် ပေါင်မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနကနေ အောက်တိုဘာ ၁ ရက်နေ့ကစပြီး အမျိုးသား ၂ ဦး ဆိုင်ကယ်အတူ မစီးဖို့…

ထားဝယ်ထောင်က နိုင်ငံရေးအကျဉ်းသား ၁၄ ဦး ပြန်လွတ်လာ

ထားဝယ်၊ အောက်တိုဘာ(၃) တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်အကျဉ်းထောင်ထဲမှာ ဖမ်းဆီးအကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအ ကျဉ်းသား ၁၄ ဦးဟာ အောက်တိုဘာ ၂ ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာတယ်လို့ ထားဝယ်နိုင် ငံရေးအကျဉ်းသားများ ကွန်ရက်ထံကနေ သိရပါတယ်။ ပြန်လွတ်လာသူထဲမှာ ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုအောင်ဝေယံကျော်အပြင် နိုင်ငံရေးအကျဉ်းသားတွေဖြစ်တဲ့ ကိုသုတတင်စိုး၊ ကိုအောင်သူရဇော်၊ ကိုရဲထွန်း၊ ကိုဝေယံထက်၊ ကိုကျော်မင်း ဦး၊ ကိုဇင်မြတ်ဦး၊ ကိုကိုလင်းနိုင်၊…

ယူကရိန်းကို ဗြိတိန်တပ်ဖွဲ့တွေစေလွှတ်ဖို့ အစီအစဉ်မရှိသေးကြောင်း ဝန်ကြီးချုပ်ပြော

မန်ချက်စကာ၊ အောက်တိုဘာ (၃) ယူကရိန်းမှာ စစ်သင်တန်းပို့ချမယ့် အစီအစဉ်မရှိသေးပဲ နိုင်ငံအတွင်းတပ်ဖွဲ့ဝင်တွေလေ့ကျင့် ဆောင်ရွက်နိုင်ဖို့ အကြံပြုထားတဲ့ ကာကွယ်ရေးဝန်ကြီးရဲ့ မှတ်ချက်တွေကိုပါ ပြန်လည်ရုတ် သိမ်းလိုက်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ရီရှီဆူနက်က ပြောကြားလိုက်ပါတယ်။ ဗြိတိန်နဲ့ သူ့ရဲ့မဟာမိတ်တွေဟာ လက်ရှိအချိန်အထိ ရုရှားနဲ့တိုက်ရိုက်ပဋိပက္ခဖြစ်နိုင်ခြေတွေကို လျှော့ချဖို့ အ တွက် ယူကရိန်းမှာ တရားဝင်စစ်ရေးချထားမှုတွေကို ရှောင်ရှားခဲ့ကြပါတယ်။ ဗြိတိန်ကာကွယ်ရေးဝန်ကြီးက ယူကရိန်းနိုင်ငံ ဒါမှမဟုတ် အခြားသော…

အရှေ့တောင်အာရှရဲ့ ပထမဆုံး မြန်နှုန်းမြင့်ကျည်ဆန်ရထား တရုတ်အကူအညီနဲ့ အင်ဒိုနီးရှား စတင်ပြေးဆွဲ

ဂျာကာတာ၊ အောက်တိုဘာ(၃) တရုတ်နိုင်ငံကထောက်ပံ့ထားပြီး ဒေါ်လာဘီလီယမ်များစွာတန်ဖိုးရှိတဲ့ အရှေ့တောင်အာရှရဲ့ ပထမဦးဆုံး မြန် နှုန်းမြင့်ကျည်ဆန်ရထားကို အင်ဒိုနီးရှားမှာ စတင်ပြေးဆွဲနေပြီပဲ ဖြစ်ပါတယ်။ အဲဒီရထားဟာ မြို့တော်ဂျာကာတာနဲ့ အင်ဒိုနီးရှားရဲ့ အဓိကမြို့တွေကို နာရီပိုင်းအတွင်း ဖြတ်သန်းပြေး ဆွဲပေးနိုင်မယ်လို့လည်း သိရပါတယ်။ “Woosh” လို့ အမည်ရတဲ့ တရုတ်ထုတ်ကျည်ဆန်ရထားဟာ ဂျာကာတာနဲ့ ဘန်ဒွန်ရှိ ဂျာဗာမြို့ကို ၄၅ မိနစ်အတွင်း ဖြတ်သန်းခုတ်မောင်းမှာဖြစ်ပြီး တရုတ်ရဲ့…

ဟေတီနိုင်ငံကို နိုင်ငံတကာလက်နက်တပ်ဖွဲ့တွေ လွှတ်မလွှတ် ကုလမှာ မဲခွဲဆုံးဖြတ်မယ်

ဟေတီ၊ အောက်တိုဘာ (၃) ဟေတီနိုင်ငံရဲ့ ရာဇဝတ်ဂိုဏ်းတွေ ဖြိုခွင်းနေချိန် ရဲတပ်ဖွဲ့ကို ကျောထောက်နောက်ခံပြုဖို့အတွက် နိုင်ငံတကာ လက်နက်ကိုင်တပ်ဖွဲ့တွေ ချထားမယ့် ကိစ္စရပ်အပေါ် ထောက်ခံမှုရှိမရှိ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မဲခွဲဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း ဟေတီဝန်ကြီးချုပ် အေရီရယ်ဟင်နရီနဲ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေး မှူးချုပ် အန်တို နီယိုဂူတာရက်တို့က နိုင်ငံရဲ့လုံခြုံရေးအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းဖို့ အဲဒီတပ်ဖွဲ့ကို တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဟေတီနိုင်ငံရဲ့…