October 2023

မွန်ပြည်နယ်က ကမ်းနီးကမ်းဝေး ငါးဖမ်းလုပ်ငန်းတွေအရှုံးပေါ်နေ

မော်လမြိုင်၊ အောက်တိုဘာ(၄) မွန်ပြည်နယ်မှာ ကမ်းနီးကမ်းဝေး ငါးဖမ်းလုပ်ငန်းတွေပြန်စတာ ၄ လနီးပါးရှိလာပေမယ့် ရာသီဥတုဆိုးရွာမှုနဲ့အတူ ငါးအထိမိနည်းပါးနေတာကြောင့် လုပ်ငန်းအများစု အရှုံးပေါ်နေတယ်လို့ ငါးလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကမ်းနီးကမ်းဝေး ငါးဖမ်းရာသီကို နှစ်စဉ်ဇူလိုင်လကနေ ဧပြီလအထိသတ်မှတ်ထားပေမယ့် အခုနှစ်မိုး တွင်းကာလအတွင်း ပင်လယ်ပြင်မှာ မုန်တိုင်းတွေ ပိုမိုကျရောက်လာတာကြောင့် မကြာခဏဆိုသလို ငါးဖမ်းလှေတွေ ကမ်းပြန်ကပ်နေရတဲ့အတွက် ငါးဖမ်းအချိန် နည်းပါးလာတာပါ။ တဖက်မှာတော့ ငါးဖမ်းလုပ်ငန်းတွေဟာ…

နှစ်လအတွင်း အွန်လိုင်းပေါ်ဝေဖန်တဲ့ အကောင့်ပိုင်ရှင် ၁၀၀ ကျော် ဖမ်းဆီးအမှုဖွင့်ခံရ

ရန်ကုန်၊ အောက်တိုဘာ(၄) ကာလုံအစည်းအဝေးကနေ ထပ်မံတိုးယူထားတဲ့ အရေးပေါ်ကာလသက်တမ်းရဲ့ နှစ်လတာအတွင်း အွန်လိုင်းပေါ် ဝေဖန်ရေးသားပြောဆိုတဲ့ ဆိုရှယ်မီဒီယာအကောင့်ပိုင်ရှင် အယောက် ၁၀၀ ကျော်ကို အကြမ်းဖက်ပုဒ်မနဲ့ စစ်ကောင်စီက ဖမ်းဆီးအရေးယူထားပါတယ်။ နိုင်ငံပိုင်စစ်တပ်ဝါဒဖြန့် ကြေးမုံသတင်းစာရဲ့ ဩဂုတ်နဲ့ စက်တင်ဘာနှစ်လအတွင်း နေ့စဉ်ထုတ်ဝေတဲ့ သတင်းစာတွေကို သံလွင်တိုင်းမ်က စိစစ်ကြည့်ရာမှာ အထက်ပါဖြစ်စဉ်ဟာ ချင်းနဲ့ကယားပြည်နယ်ကလွဲရင် ကျန်တိုင်းနဲ့ ပြည်နယ်တွေမှာ ဖြစ်ပွားခဲ့တာပါ။ ဖမ်းဆီးအရေးယူခံရတဲ့ Facebook…

ရေးမှာ ကျားဖောင်လုပ်သားတွေ ဥပဒေမဲ့သတ်ဖြတ်ခံရမှု ဆိုးဆိုးဝါးဝါးဖြစ်လာ

ရေး၊ အောက်တိုဘာ(၄) စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မွန်ပြည်နယ် ရေးမြို့နယ်အတွင်းမှာ အာဏာသိမ်းနှစ်နှစ်ခွဲကျော်ကာလအတွင်း ကျားဖောင်ရေလုပ်သားတွေ ဥပဒေမဲ့သတ်ဖြတ်ခံမှု ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ ကျားဖောင်ရေလုပ်သားတွေဟာ လုပ်ငန်းခွင်အတွင်း ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခံရတာ၊ လူကုန်ကူးခံရပြီး အလုပ်မလုပ်နိုင်လို့ ထွက်ပြေးသူတွေကို ပွဲစားတွေက လူမိုက်ငှားရမ်းကာအုပ်စုဖွဲ့ ရိုက်နှက်သတ် ဖြတ်ခံရတာအပြင် ဥပဒေမဲ့သတ်ဖြတ်မှုတွေနဲ့ ကြုံနေရတာပါ။ သံလွင်တိုင်းမ်က လက်လှမ်းမီသလောက် ပြုစုထားတဲ့ အချက်အလက်တွေအရ အခုနှစ်အတွင်း…

အာဏာသိမ်းစစ်တပ်နဲ့ တွေ့ဆုံဆွေးနွေးဖို့မရှိဘူးလို့ KNU ထပ်မံတုံ့ပြန်

မော်လမြိုင်၊ အောက်တိုဘာ(၄) အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံရေးအရ တရားဝင်တဲ့ စစ်တပ်မဟုတ်တဲ့အတွက် နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးဖို့ လုံးဝမရှိဘူးလို့ KNU ဗဟိုဌာနချုပ်က အောက်တိုဘာ ၂ ရက်နေ့မှာ ပြတ်ပြတ်သားသား ထပ်မံတုံ့ပြန်လိုက်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်နေ့က နေပြည်တော်မှာ KNU ဥက္ကဌဟောင်း ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး ဦးဆောင်တဲ့အဖွဲ့နဲ့ စစ်ခေါင်းဆောင်ဦးဆောင်တဲ့အဖွဲ့တို့ ငြိမ်းချမ်းရေးနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေ ပြောဆိုဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်လာမှုအပေါ်…

ဗီဇာကင်းလွတ်ခွင့်ပေးလိုက်ပြီးနောက် တရုတ်-ထိုင်း လေကြောင်းလိုင်းအားလုံး ဘိုကင်ပြည့်

ဘန်ကောက်၊ အောက်တိုဘာ(၄) အရှေ့တောင်အာရှမှာ ဒုတိယအကြီးဆုံးစီးပွားရေးကို ပိုင်ဆိုင်ထားတဲ့ ထိုင်းနိုင်ငံဟာ တရုတ် ခရီးသွားတွေအတွက် ဗီဇာကင်းလွတ်ခွင့် သတ်မှတ်ပေးလိုက်ပြီးတဲ့နောက်မှာ Thai Airways နိုင်ငံတကာလေကြောင်းလိုင်း အားလုံးရဲ့ ၉၀ ရာခိုင်နှုန်းကျော် ဘိုကင်ပြည့် လျှက်ရှိတယ်လို့ သိရပါတယ်။ Thai Airway လေကြောင်းလိုင်းရဲ့ အရာရှိချုပ်ဖြစ်တဲ့ ကိုရာကွတ် ချာတာဆင်ဂါက “တရုတ်ကို ပြေးဆွဲတဲ့ လမ်းကြောင်းတွေ များလာနေတာကို ကျွန်တော်တို့…

အမေရိကန် သန်းကြွယ်သူဌေး အီလွန်မက်စ်ကို ယူကရိန်းပါလီမန် ကဲ့ရဲ့ရှုတ်ချ

ကိဗ်ယက်၊ အောက်တိုဘာ (၄) အနောက်နိုင်ငံတွေထံကနေ စစ်ပွဲအတွင်း အကူအညီပေးဖို့ သမ္မတဇီလန်စကီးရဲ့ အသနားခံမှုကို လှောင်ပြောင်တဲ့ သရော်ပုံစံမင်းမ်စ် (meme)တစ်ခု သူရဲ့လူမှုမီဒီယာပလက်ဖောင်းပေါ်မှာ တင်ခဲ့တာကြောင့် ယူကရိန်းပါလီမန်နဲ့ လွှတ်တော်ဥက္ကဋ္ဌတို့က အမေရိကန်သန်းကြွယ်သူဌေး အီလွန်မက်စ်ကို ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ မက်စ်ဟာ ယူကရိန်းခုခံကာကွယ်ရေးအတွက် အရေးပါတဲ့ Starlink ဂြိုလ်တုဆက်သွယ်ရေးဝန်ဆောင်မှုတွေကို ပံ့ပိုးပေးနေတဲ့ SpaceX ကို ပိုင်ဆိုင်ပေမယ့်လည်း သူ့ရဲ့ပြောဆိုချက်တွေဟာ ယူကရိန်ကို တစ်ခါတစ်ရံ…

ဘင်္ဂလားဒေ့ရှ်မှာ သွေးလွန်တုပ်ကွေးကြောင့် လူပေါင်း ၁၀၀၀ အထိ သေဆုံးထား

ဒါကာ၊ အောက်တိုဘာ(၄) ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ သွေးလွန်တုပ်ကွေးရောဂါ ကူးစက်မှုဆိုးရွားဖြစ်ပွားနေပြီး သေဆုံးလူဦးရေ တစ်ထောင်အထိ မြင့်တက်လာတယ်လို့ အာဏာပိုင်တွေရဲ့ ထုတ်ပြန်တဲ့အချက်လက်တွေအရ သိရပါတယ်။ ရောဂါကူးစက်မှုကြောင့် လူဦးရေသိပ်သည်းတဲ့ နိုင်ငံအတွင်းရှိ ဆေးရုံဆေးခန်းတွေဟာ လူနာတွေအတွက် ကုတင်နေရာရရှိရေး ရုန်းကန်နေရတာပါ။ အခုနှစ်အတွင်း သွေးလွန်တုပ်ကွေးကူးစက်ခံရသူ ၂၀၉,၀၀၀ မှာ အနည်းဆုံး ၁,၀၁၇ ဦးသေဆုံး ထားပြီး ဒီသေဆုံးပမာဏဟာ ၂၀၀၀ ခုနှစ်က ပထမဆုံးစံချိန်တင်ကပ်ရောဂါဖြစ်ပွားပြီးနောက်…

CDF-Mindat ကို AK-47 သေနတ် အလက်(၄၀)နဲ့ ဆက်စပ်ပစ္စည်းတွေထောက်ပံ့

မင်းတပ် – အောက်တိုဘာ(၃) ချင်းကာကွယ်ရေးတပ်ဖွဲ့-မင်းတပ် CDF-Mindat ကို အဖွဲ့(၃) ဖွဲ့ပူးပေါင်းဝယ်ယူထားတဲ့ AK-47 သေနတ်အလက်(၄၀)၊ကျည်(၁၂၀၀၀)တောင့်နဲ့ ကျည်အိမ်(၁၂၀) တို့ကို ပေးအပ်ခဲ့တယ်လို့ International Mindat K’Cho Organization (IMCO)က သတင်းထုတ်ပြန်ထားပါတယ်။ International Mindat K’Cho Organization (IMCO)၊ Heal the worldနဲ့ CEA(Norway) အဖွဲ့ သုံးဖွဲ့က…