ရေးမြို့ပေါ်မှာ အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရ
ရေး၊ အောက်တိုဘာ(၁၁) စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မွန်ပြည်နယ်၊ ရေးမြို့၊ မြသီတာဈေးအနီးမှာ အောက်တိုဘာ ၁၀ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်က အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်နဲ့ပစ်ခတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ရေးမြို့ အောင်မေတ္တာရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်တဲ့ ဦးအေးလွင်ဟာ နေအိမ်ကနေ ဆိုင်ကယ်နဲ့တစ်ဦးတည်းထွက်လာစဉ် အမည်မသိသေနတ်သမားတွေက ဆိုင်ကယ်နဲ့လိုက်လာပြီး အနီးကပ်သေနတ်နဲ့ ပစ်ခတ်ခဲ့တာပါ။ သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် အုပ်ချုပ်ရေးမှူး ဦးအေးလွင်ဟာ…