စစ်ကောင်စီတပ် လေယာဉ်မပါရင် စစ်မတိုက်တတ်တော့ဘူးလို့ KNU ပြော
ညောင်လေးပင်၊ အောက်တိုဘာ(၁၂) မြေပြင်တိုက်ပွဲတွေမှာ အကျအရှုံးများနေတဲ့ စစ်ကောင်တပ်ဟာ လေယာဉ်မပါရင် စစ်တိုက်လို့မရတော့တဲ့ အနေအထားကို ရောက်ရှိနေသလို သေဆုံးမှုနှုန်းတွေလည်း များပြားလာနေတယ်လို့ KNU ပြောခွင့်ရ ပဒိုစောတောနီးက ပြောဆိုလိုက်ပါတယ်။ ကရင်အမျိုးသားအစည်းအရုံး KNU ကော်သူးလေအုပ်ချုပ်နယ်မြေတွေထဲမှာ KNLA KNDO တပ်နဲ့ စစ်ကောင်စီတပ်တို့အကြား အခုနှစ် ၉ လတာအတွင်း တိုက်ပွဲအကြိမ်ပေါင်း ၃၀၀၀ ကျော်ဖြစ်ပွားခဲ့တယ်လို့ KNU ဗဟိုက…