October 30, 2023

ဂါဇာဒေသကို လူသားချင်းစာနာမှုအကူအညီ ပေးပို့ခွင့်ရရှိ

ဂါဇာ၊အောက်တိုဘာ(၃၁) အစ္စရေးရဲ့ မြေပြင်ထိုးစစ်ကြောင့် ဒုက္ခသည်တွေ များပြားနေတဲ့ ဂါဇာဒေသကို ထောက်ပံ့ရေး ယာဉ်တန်းတွေ စတင်ဝင်ရောက်ခွင့်ရရှိနေပြီလို့ လူသားချင်းစာနာထောက်ထားရေး အကူအညီပေးသူတွေက ပြောပါတယ်။ အစ္စရေးဘက်က ထောက်ပံ့မှုအနည်းငယ်ကိုသာ ခွင့်ပြုထားပေမယ့် အောက်တိုဘာ၂၉ ရက်နေ့မှာတော့ ရေ၊အစားအသောက်နဲ့ ဆေးဝါးတွေ တင်ဆောင်လာတဲ့ ကုန်တင်ကား ၃၃ စီးဟာ အီဂျစ်နိုင်ငံရဲ့ နယ်စပ်တစ်ခုကနေ ဝင်ရောက်လာနိုင်ခဲ့တယ်လို့ ရာဖက်နယ်စပ် ပြောခွင့်ရ ဝေးလ်က AP…

အမေရိကန်နဲ့ စစ်ရေးဆိုင်ရာပူးပေါင်းမှု မြှင့်တင်မယ်လို့ တရုတ် ပြော

ပေကျင်း၊အောက်တိုဘာ(၃၁) အမေရိကန်ပြည်ထောင်စုနဲ့ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်သွားမယ်လို့ တရုတ်စစ်တပ်ရဲ့ ဒုတိယအမြင့်ဆုံး ခေါင်းဆောင်က အောက်တိုဘာ ၃၀ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ နှစ်စဉ်ကျင်းပလေ့တဲ့ တရုတ်နိုင်ငံရဲ့ အကြီးဆုံး စစ်ရေးသံခင်းတမန်ခင်းပွဲ ဖြစ်တဲ့ ဘေဂျင်းကျင်ရှင်ဖိုရမ်မှာ သူကအခုလို ပြောဆိုခဲ့တာပါ။ တရုတ် ဗဟိုစစ်ရေးကော်မရှင် ဒုတိယဥက္ကဋ္ဌက ရုရှားနဲ့မဟာဗျူဟာကျ ပူးပေါင်းဆောင်ရွက်မှုကို အခြေခံပြီး အမေရိကန်ပြည်ထောင်စုနဲ့လည်း စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်သွား မယ်လို့…

အိန္ဒိယမှာ ရထားတိုက်မှုကြောင့် လူ ၁၃ ဦးသေဆုံး

နယူးဒေလီ၊အောက်တိုဘာ(၃၁) အိန္ဒိယနိုင်ငံ အရှေ့တောင်ပိုင်းမှာ ရထားနှစ်စင်းတိုက်မိခဲ့တဲ့အတွက် အနည်းဆုံးလူ ၁၃ ဦး သေဆုံးပြီး ၅၀ ဝန်းကျင် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အစိုးရတာဝန်ရှိသူတွေက အောက်တိုဘာ ၃၀ ရက်နေ့မှာ အတည်ပြုပါတယ်။ အောက်တိုဘာ ၂၉ ရက်နေ့မှာ အန်ဒရာ ဘရာဒတ်ပြည်နယ်က အလန်မန်ဒါနဲ့ ကန်တာကပ် ပလယ်မြို့နှစ်မြို့ကြားမှာ ခရီးသည်တင်ရထားတစ်စင်း အရှိန်လွန် တိုက်မိရာကနေ မတော်တဆမှုဖြစ်ပွားခဲ့တာပါ။ အဲဒီမတော်တဆမှုအပေါ် စုံစမ်းစစ်ဆေးမှုတွေအရ…

သတင်းထောက်တစ်ဦးနဲ့ ရုံးစောင့်ကို ဖမ်းဆီးသွားတဲ့ စစ်ကောင်စီကို DMG သတင်းဌာန ရှုတ်ချ

မော်လမြိုင် – အောက်တိုဘာ(၃၀) ရခိုင်ပြည်နယ်၊ စစ်တွေအခြေစိုက် Development Media Group (DMG)သတင်းဌာန ရုံးချုပ်ကို စစ်ကောင်စီတပ်တွေဝင်ရောက်စီးနင်းပြီး သတင်းထောက်(၁) ဦးနဲ့ ရုံးစောင့် (၁) ဦးကိုဖမ်းဆီး ခေါ်ဆောင်သွားတဲ့အတွက် ပြင်းပြင်းထန်ထန်ရှုတ်ချတယ်လို့ DMG က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာလ(၂၉) ရက်နေ့ နေ့လည်ပိုင်းက စစ်ကောင်စီလက်အောက်ခံ စသုံးလုံး၊SB အထူးသတင်းတပ်ဖွဲ့၊ရဲတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်သား (၂၀) ပါ…