ချင်းရွှေဟော် – အောက်တိုဘာ(၂၈)

ချင်းရွှေဟော်မြို့ အနီးဝန်းကျင်ကို စစ်ကောင်စီလေထီးနဲ့ လာချတဲ့ စစ်အသုံးအဆောင်ပစ္စည်း နဲ့ ရိက္ခာအားလုံးကို သိမ်းဆည်းရမိခဲ့တယ်လို့ Operation 1027 က သတင်းထုတ်ပြန်ထားပါတယ်။

ဒီနေ့ အောက်တိုဘာလ(၂၈) ရကျနေ့က စစ်ကောင်စီရဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ နဲ့ ရိက္ခာထုပ် (၁၀) ထုပ်လုံးကို မဟာမိတ်တပ်ဖွဲ့ တွေသိမ်းဆည်းရမိခဲ့တာပါ။

ချင်းရွှေဟော်အနီးက စစ်ကောင်စီတပ်စခန်းအားလုံးကို အောက်တိုဘာလ(၂၈) ရက်နေ့ နေ့လည် ၂ နာရီမှာ သိမ်းဆည်းနိုင်ခဲ့ပြီဖြစ်သလို စခန်းအားလုံးကို မဟာမိတ်တပ်တွေ ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။

မြောက်ပိုင်းမဟာမိတ်(၃) ဖွဲ့ဖြစ်တဲ့ MNDAA၊TNLAနဲ့ AA တပ်တွေဟာ အထူးဒေသ(၁) နဲ့ လောက်ကိုင်မြို့တို့ကို စစ်ကောင်စီအမြစ်ဖြတ်ချေမှုန်းရေး ၁၀၂၇ စစ်ဆင်ရေး ဆင်နွှဲနေကြတာ ဖြစ်ပါတယ်။

၁၀၂၇ စစ်ဆင်ရေးနဲ့ ဒုတိယနေ့မှာတော့ ချင်းရွှေဟော်က Ma Jia Di စခန်းအပါအဝင် စစ်ကောင်စီရဲ့ စခန်း (၄) ခုကို ထပ်မံသိမ်းပိုက်နိုင်ခဲ့တယ်လို့ မဟာမိတ်တပ်တွေက အသိပေးထားပါတယ်။

လက်တလောမှာတော့ တိုက်ပွဲတွေပြင်းထန်နေတဲ့ ချင်းရွှေဟော်မြို့က ပြည်သူ (၁၀၀၀) ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Operation 1027

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.